Featured, News, Review

Celebrityများရဲ့ iCloud Accountများ ဖောက်ထွင်းခံရမှုအပေါ် Appleရဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှု

Celebrityများရဲ့ iCloud Accountများ ဖောက်ထွင်းခံရမှုအပေါ် Appleရဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှု

Appleက မင်းသမီး Jennifer Lawrenceအပါအ၀င် နာမည်ကျော်များရဲ့ သီးခြားအကောင့်များကို တိုက်ခိုက်သူများက ဖောက်ထွင်းခဲ့တာ ဖြစ်ပြီး ကိုယ်လုံးတီးပုံများ အင်တာနက်တစ်လွှားပျံနှံ့မှုမှာ သူ့ရဲ့ iCloud Systemကို ဖောက်ထွင်းခံရတာ မဟုတ်ဘူးလို့ ပြောပါတယ်။

Appleက အင်္ဂါနေ့က ပြောရာမှာ နာမည်ကျော်များကိုသာ အဓိက တိုက်ခိုက်တာ ဖြစ်ပြီး နာမည်ကျော်အချို့ရဲ့ အကောင့်များသာ ဖောက်ထွင်းခံရတာလို့ ဖြစ်ပါတယ်။ နာရီ လေးဆယ်ကြာ စုံစမ်းခဲ့အပြီးမှာ iCloud Systemဟာ လုံခြုံတယ်လို့ ပြောပါတယ်။

Appleရဲ့ အစောပိုင်းစစ်ဆေးမှု ရလဒ်တွေအရ အချိန်အပိုင်းအခြား တစ်ခုအတွင်းမှာ စနစ်တစ်ခုလုံးကို ဖောက်ထွင်းခံရပုံပေါ်ပါတယ်။ Appleက နောက်တစ်ပတ်မှာ အီလက်ထရောနစ်ငွေပေးချေမှုစနစ်၊ iPhoneအသစ်များနဲ့ ချပ်၀တ်တန်ဆာကွန်ပြူတာများကို ဆန်ဖရန်စစ္စကိုမှာ မိတ်ဆက်မယ်လို့ မျှော်လင့်ရပါတယ်။

Appleရဲ့ ထုတ်ပြန်ချက်အရ တိုက်ခိုက်ခံရတဲ့ လူအချို့ဟာ သတင်းအချက်အလက်အချို့ကို တိုက်ခိုက်သူများထံ ရောက်ရှိစေခဲ့တဲ့ လိမ်လည်လှည့်ဖျားတဲ့ Phishing Attackအမျိုးအစားကို ကြုံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တိုက်ခိုက်သူများက ရရှိထားတဲ့ သတင်းအချက်အလက်ကို အသုံးပြုပြီး Brute Force နည်းလမ်းနဲ့ Passwordများကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနည်းလမ်းက Passwordတွေကို အကြိမ်များစွာ မှန်းဆထည့်သွင်းပြီး မှန်ကန်တဲ့ တစ်ခုကို ရရှိစေတာ ဖြစ်ပါတယ်။

Appleရဲ့ ထုတ်ပြန်ချက်က ဒီလိုပါ။

“ကျွန်တော်တို့ဟာ နာမည်ကျော်အချို့ရဲ့ ဓါတ်ပုံများ ခိုးယူခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နောက်ဆုံးရတဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပြောချင်ပါတယ်။ ခိုးယူခံရမှုကို သိတဲ့အချိန်မှာ အလွန်တုန်လှုပ်သွားပြီး ချက်ချင်းပဲ Appleအင်ဂျင်နီယာတွေကို စုံစမ်းစေခဲ့ပါတယ်။ ကျွန်တော်တို့ စားသုံးသူတွေရဲ့ လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာတွေဟာ ကျွန်တော်တို့အတွက် အရေးအကြီးဆုံး ဖြစ်ပါတယ်။ နာရီလေးဆယ်ကြာ စုံစမ်းစစ်ဆေးအပြီးမှာ နာမည်ကျော်အချို့ရဲ့ အကောင့်တွေကို ရွေးပြီး ဖောက်ထွင်းသွားတယ်ဆိုတာ သိခဲ့ရပါတယ်။ iCloud , Find my iPhone အပါအ၀င် Appleရဲ့ စနစ်တစ်ခုလုံးကို ဖောက်ထွင်းသွားတာ မဟုတ်ပါဘူး။ တိုက်ခိုက်သူတွေကို စုံစမ်းဖို့ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။”

အင်တာနက်မှာ ပျံ့နှံ့နေတဲ့ နာမည်ကျော်များရဲ့ ဓါတ်ပုံတွေထဲမှာတော့ မင်းသမီး Jennifer Lawrenceနဲ့ Kate Uptonတို့ရဲ့ ပုံတွေက အများဆုံးလို့ သိရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *