News

Steve Jobs အကြောင်း ရုပ်ရှင်တွင် Matthew Modine မှ John Sculley နေရာတွင် သရုပ်ဆောင်မည်

Steve Jobs အကြောင်းရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကားတွင် မင်းသားနေရာ၌ Ashton Kutcher မှ သရုပ်ဆောင်ထားကြောင်း အများမှ သိရှိခဲ့ကြရသော်လည်း Steve ၏ ရန်ဘက် Apple ၏ CEO ဖြစ်ခဲ့သူ John Sculley ၏ နေရာတွင် သရုပ်ဆောင်မည့်သူကိုတော့ ထုတ်ဖော်ပြောကြား ခြင်းမရှိခဲ့ပါဘူး။ သို့သော်လည်း ယခုအချိန်တွင်တော့ Apple ၏ CEO ဖြစ်ခဲ့သူဖြစ်ပြီး Steve Jobs ကိုလည်း အလုပ်မှ ရပ်နားစေခဲ့သူ John Sculley ၏ နေရာတွင် မင်းသား Matthew Modine မှ သရုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၄င်း၏ အေးဂျင့်မှ သတင်းဌာနများသို့ပြောကြားခဲ့ပါတယ်။ John Sculley မှာ ၁၉၈၅ ခုနှစ်အတွင်း Steve Jobs ၏ ကျော်ကြားသောစကားဖြစ်သော Pepsi Cola တွင် အလုပ်လုပ်မည့်အစား ကမ်ဘာကြီးကို ပြောင်းလဲရန် မပြုလုပ်ချင်ဘူးလား ဆိုသည့် စကားကြောင့် Apple တွင် CEO တာဝန်ယူခဲ့ပြီး များမကြာမီမှာပင် Steve Jobs အား အလုပ်မှထုတ်ပယ်ခဲ့ပါတယ်။

၄င်းကိုယ်တိုင်လည်း ၁၉၉၃ ခုနှစ်တွင် Apple မှ အလုပ်နှုတ်ထွက်ခဲ့ပါတယ်။ jOBS အမည်ရ ယခုရုပ်ရှင်မှာ Steve Jobs ၏ ၁၉၇၁ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ ဖြတ်သန်းပုံ ပုံရိပ်များအားလုံးကို ဖော်ပြပေးသွားမည်ဖြစ်ပြီး မကြာသေးခင်ကာလများအတွင်း Sony မှ ကြော်ငြာခဲ့သည့် Steve Jobs ရုပ်ရှင်နှင့် ကိုက်ညီမှုမရှိကြောင်း သိရပါတယ်။ ယခုရုပ်ရှင်တွင် သရုပ်ဆောင်ဖြစ်သူ Josh Gad မှ Apple ၏ co-founder Steve Wozniak နေရာတွင်လည်းကောင်း၊ The Help ရုပ်ရှင်ကားဖြင့်နာမည်ကျော်လာသူ Ahna O’Reilly မှ Jobs ၏ ချစ်သူဖြစ်သူ Chris-Ann Brennan နေရာတွင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *