Apps, Featured, News, Review

iPhone၏ location feature ကအသုံးပြုသူများအားခြေရာခံနေသည်ဟုတရုတ်၏ဝေဖန်စာကို Apple မှပြန်လည်တုံ့ပြန်

iPhone၏ location feature ကအသုံးပြုသူများအားခြေရာခံနေသည်ဟုတရုတ်၏ဝေဖန်စာကို Apple မှပြန်လည်တုံ့ပြန်

ပြီးခဲ့တဲ့သောကြာနေ့က iPhone တွင်ထည့်သွင်းထားသော location feature မှာအသုံးပြုသူ user များအား ခြေရာခံလိုက်နေသည်ဟု တရုတ်အခြေစိုက် website တစ်ခုဖြစ်တဲ့ aired a news program website တွင် ဝေဖန်ပြောကြားခဲ့ပါတယ်။ အဆိုပါ location feature ကို iPhone ရဲ့ iOS7 တွင်ထည့်သွင်းထားခြင်းဖြစ်ပါတယ်။

Apple က အဆိုပါ location feature ကို စတင်မိတ်ဆက်ကာစက “iOS7 အသုံးပြုသူများကို location feature မှတစ်ဆင့် ရရှိလာတဲ့ သတင်းအချက်အလက်တွေကို အသုံးပြုသူတွေရဲ့ ခွင့်ပြုချက်မရဘဲ ဘယ်သူ့ဆီကိုမှ မပို့ပါဘူး” ဟု ကြေငြာခဲ့သည်နဲ့ ပတ်သက်၍ တရုတ်အခြေစိုက် website ဖြစ်တဲ့ aired a news program website မှ ဝေဖန်ဖော်ပြခဲ့ပါတယ်။

“အခုလို မိမိရဲ့ product ကတစ်ဆင့် အသုံးပြုတဲ့ user တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခြေရာခံလိုက်တာဟာ လူတစ်ယောက်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို အခွင့်မရှိပဲ ဖော်ပြနေခြင်းပါပဲလို့” တရုတ်နိုင်ငံ၏ ရုပ်သံသတင်းဌာနတစ်ခုဖြစ်တဲ့ China Central Television ကလည်းဖော်ပြခဲ့ပါတယ်။

အဆိုပါသတင်းတွေကို Apple အနေနဲ့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ “ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ Product ကိုအသုံးပြုတဲ့ customer များအပေါ် သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်နဲ့ ပတ်သက်ပြီး မဟုတ်မမှန် ပြုလုပ်ခဲ့ခြင်းမရှိပါဘူး။ Customer တွေအနေနဲ့ Apple က ဘာတွေလုပ်နေတယ်ဆိုတာတွေ၊ customer တွေအပေါ် apple က ဘယ်လောက်ထိ ဝန်ဆောင်မှုပေးထားတယ်ဆိုတာတွေကို အသုံးပြုသူတွေအသိဆုံးပါ။”

နောက်ထပ်ရှင်းလင်းချက်အနေနဲ့ Apple မှ “အခုလို apple ရဲ့ product တွေအသုံးပြုသူတွေရဲ့ နေရာခြေရာခံစနစ်တွေ တပ်ဆင်ထားတယ်ဆိုတာ မဟုတ်ပါဘူး။အခုလဲမလုပ်သလို နောက်လည်းလုပ်ဖို့ အစီအစဉ်မရှိပါဘူး။” လို့ပြန်လည်ရှင်းပြခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ Apple အနေနဲ့အခုလို location feature ကို ထည့်သွင်းထားတယ်ဆိုတာကလည်း သူတို့အသုံးပြုနေတဲ့ iPhone ကို အသုံးပြုပြီး မိမိရောက်ရှိနေတဲ့နေရာတွေ၊မိမိရောက်နေတဲ့နေရာနဲ့ ရှိနိုင်တဲ့စားသောက်ဆိုင်တွေနဲ့ အလုပ်ကိုသွားဖို့ ခရီးကြာချိန်တွေကို ယုံကြည်စိတ်ချစွာနဲ့ တွက်ချက်နိုင်အောင် သတင်းအချက်လက်တွေ စုစည်းပေးထားတဲ့ “device level” တစ်ခုအနေနဲ့သာ ထည့်သွင်းပေးထားခြင်း ဖြစ်တယ်လို့လည်း Apple မှ ရှင်းလင်းထားပါတယ်။

Apple မှ ထပ်မံပြောကြားရာမှာ Frequent Location ဟာ အသုံးပြုသူရဲ့ iOS device ပေးမှာပဲ သူတို့ရဲ့ data တွေကိုသိမ်းပေးထားတာပါ။ပြီးတော့ ဒါတွေအားလုံးကိုလည်း encrypt လုပ်ထားပါတယ်။ဘယ်တော့မှလဲ iTunes နဲ့ iCloud ပေါ်ကနေ backup ပြန်လုပ်လို့မရပါဘူး။ တကယ်လို့ဒီ feature ကို အသုံးမပြုချင်ဘူးဆိုရင်လည်း setting ထဲက privacy setting ကနေတစ်ဆင့် ပိတ်ထားလို့ရပါတယ်။

အခုလိုတရုတ်နိုင်ငံမှာ Apple အပေါ် ဝေဖန်ချက်သတင်းများ ထွက်ပေါ်လာတာ အခုမှပထမဦးဆုံး ခံစားခဲ့ရတာမဟုတ်ပါဘူး။အရင်တုန်းကတည်းက ရှိနေခဲ့ပေမဲ့လည်း Apple company မှ အဆိုပါကိစ္စရပ်များကို ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တဲ့အတွက် Apple ရဲ့ဈေးကွက်က အရင်နှစ်များလိုပဲ မြှင့်တက်နေဆဲဖြစ်ပါတယ်။ Apple မှ 2013 ခုနှစ်မှ ရရှိငွေစုစုပေါင်းမှာ တရုတ်နိုင်ငံတစ်ခုတည်းတွင်ပင် ဒေါ်လာ 27 ဘီလီယံဝင်ငွေ ရှိခဲ့သည်။ဒါ့အပြင် တစ်နှစ်ထက်တစ်နှစ် 14 ရာခိုင်နှုန်းခန့် ပိုပြီးရရှိခဲ့တယ်လို့လည်း Apple မှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *