Appleက မိုဘိုင်းငွေပေးချေမှု ၀န်ဆောင်မှုကို ဦးဆောင်ဖို့ ထိပ်တန်း အရာရှိ နှစ်ဦးကို အသည်းအသန် ရှာဖွေငှားရမ်းဖို့ ကြိုးစားနေတယ်လို့ Re/codeက ပြောပါတယ်။ တစ်ဦးကို ထုတ်ကုန်ဌာန အရာရှိအဖြစ် ခန့်အပ်မှာ ဖြစ်ပြီး တစ်ဦးကို စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဌာနမှာ ခန့်အပ်မှာ ဖြစ်ပါတယ်။ Apple CEO ဖြစ်သူ Tim Cookက Appleရဲ့ မိုဘိုင်းငွေပေးချေမှု ၀န်ဆောင်မှု ကို စိတ်၀င်စားတဲ့ အရိပ်အယောင်တွေ ပြသခဲ့တဲ့အတွက် အခု ထွက်ပေါ်နေတဲ့ သတင်းတွေဟာ မှန်ကန်နိုင်ပါတယ်။
လူတွေက iPhoneရဲ့ Touch IDကို အသုံးပြုပြီး သီချင်း၊ ရုပ်ရှင် ၊ စာအုပ်နဲ့ အခြား အရာတွေကို ၀ယ်ယူတာကို မြင်တွေ့ချင်ပါတယ်လို့ Tim Cookက ၂၀၁၄ ခုနှစ်ရဲ့ ပထမသုံးလ ၀င်ငွေ ကို ကြေညာတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။ မိုဘိုင်းငွေပေးချေမှု ၀န်ဆောင်မှုဟာ ကျွန်တော်တို့ စိတ်၀င်စားတဲ့ အရာတွေထဲက တစ်ခုဖြစ်ပြီး Touch ID နည်းပညာ နဲ့ တွဲဖက် တီထွင်မှာ ဖြစ်ပါတယ်လို့ Tim Cookက ပြောပါတယ်။
Appleက မိုဘိုင်း ငွေပေးချေမှုအတွက် PayPal နဲ့ ဆွေးနွေးမှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် Company နှစ်ခု စလုံးက တုန့်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။ ထွက်ပေါ်နေတဲ့ သတင်းများအရ Appleဟာ အသုံးပြုသူ သန်းခြောက်ရာနဲ့ သူတို့ရဲ့ Credit Card များကို အသုံးပြုပြီး မိုဘိုင်းငွေပေးချေတဲ့ ၀န်ဆောင်မှုကို ပြုလုပ်မှာ ဖြစ်ပါတယ်။ Google Walletလို မိုဘိုင်းငွေပေးချေမှု စနစ်ဟာ Credit Card တွေ ကိုင်ဆောင်စရာ မလိုဘဲ မိုဘိုင်းဖုန်းကနေ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ အဲဒီအတွက် Credit Card များစွာ ကိုင်ဆောင်ရတဲ့ ဒုက္ခ ကင်းဝေးစေပါတယ်။ Apple က အဲဒီလို စနစ်မျိုးပြုလုပ်ချင်တာ ဖြစ်ပါတယ်။
Googleက Google Walletကို ၀န်ဆောင်မှု ပေးစဉ် မှာ ပြိုင်ဖက် အမေရိကန် Carrier များရဲ့ အတားအဆီးများကို ကျော်ဖြတ်ခဲ့ရပြီး အခုဆိုရင် Google Walletဟာ အောင်မြင်မှု ရရှိနေပါတယ်။ အချို့ Carrier တွေက Google Wallet ကို သူတို့ရဲ့ ဖုန်းများမှာ ထည့်သွင်းပေးခြင်း မရှိပါဘူး။ အမေရိကန် Carrier တွေ ဖြစ်တဲ့ Verizon, AT&T, T-Mobile တို့ဟာ သူတို့ရဲ့ Isis မိုဘိုင်း ငွေပေးချေတဲ့ ၀န်ဆောင်မှု ကို ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ Appleက သူ့ရဲ့ မိုဘိုင်း ငွေပေးချေတဲ့ ၀န်ဆောင်မှုကို ပြုလုပ်ရင် ဘယ်လို အတားအဆီးတွေ ရှိမလဲဆိုတာ စောင့်ကြည့်ရပါမယ်။