Architecture, Design, Gadgets, News, Review

အမေရိကန်စစ်တပ်ရဲ့ ထရပ်ကားလိုရော ဟယ်လီကော်ပတာလိုပါ အသုံးပြုနိုင်တဲ့ယာဉ်

အမေရိကန်စစ်တပ်ရဲ့ Advanced Tactics ဌာနက စစ်ဆင်ရေးများမှာ အသုံးပြုဖို့ ရည်ရွယ်ထားပြီး ထရပ်ကားလိုရော ဟယ်လီကော် ပတာလိုပါ အသုံးပြုနိုင်တဲ့ Black Knight Transformer ကို ပထမဆုံးအကြိမ် ဝေဟင်မှာ ပျံသန်းမောင်းနှင်ပြသခဲ့ပါတယ်။ မြေပြင်မှာ မောင်းနှင်မှုကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ ပြုလုပ်ခဲ့ပါတယ်။

Black Knight Transformer ရဲ့ ထူးခြားမှုမှာ လူကိုယ်တိုင် မောင်းနှင်နိုင်သလို အဝေးမှ ထိန်းချုပ်မောင်းနှင်နိုင်တာ ဖြစ်ပါတယ်။ ပထမဆုံး ဝေဟင်ပျံသန်းမှုမှာ ရည်မှန်းထားတဲ့ မြေပြင်မှ အထက်ဆယ်ပေအမြင့်ကို ပျံသန်းနိုင်ခဲ့ပြီး အဝေးမှ ထိန်းချုပ်မောင်းနှင် ခဲ့တာဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ Black Knight Transformer ကို စစ်ဆင်ရေးများမှာ အသုံးပြုလို့ မရသေးဘဲ တီထွင်နေဆဲဖြစ်ပေမယ့် စီမံကိန်းအောင်မြင်ဖို့ အလားအလာများစွာ ရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ Black Knight Transformer မှာ ပန်ကာရှစ်ခု တပ်ဆင်ထားပါတယ်။ ဘယ်ဘက်နဲ့ ညာဘက်မှာ လေးခုစီ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ မြေပြင်မှာ မောင်းနှင်မယ့်အချိန်မှာ ပန်ကာတွေကို ခေါက်ချိုးသိမ်းထားနိုင်ပြီး ဝေဟင်မှာပျံသန်းမယ့်အချိန်မှာ ပန်ကာတွေကို ဖြန့်ထုတ်နိုင် ပါတယ်။ ဝေဟင်မှာ အမြန်နှုန်းမြှင့်တင်ဖို့ ပန်ကာတွေကို ဒေါင်လိုက် အသုံးပြုနိုင်ပါတယ်။

အနာဂတ်မှာ ပန်တဂွန်က Black Knight Transformer နဲ့ သူ့ထက်အရွယ်သေးငယ်တဲ့ Panther Transformer တို့ကို သွားလာရခက်တဲ့ စစ်မြေပြင် မှာ စစ်သားတွေကို သယ်ယူပို့ဆောင်ပေးဖို့ အသုံးပြုမှာ ဖြစ်ပါတယ်။ မြေပြင် မှာ သွားလာနေရင်းက ကျဉ်းမြောင်းတဲ့ တောင်ကြားလမ်းတွေနဲ့ မြေမြှုပ်မိုင်းတွေ ထောင်ထားတဲ့ မြေပြင်တွေမှာ ပျံသန်း သွားလာနိုင်မှာ ဖြစ်ပါတယ်။ စစ်မြေပြင် မှာ အခက်အခဲတွေကို ကျော်ဖြတ်ပြီး စစ်တိုက်ဖို့ အားသာတဲ့နေရာတွေ ဆီသို့ စစ်သားတွေကို ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလို စွမ်းဆောင်ပေးနိုင်တဲ့ အခြား နည်းလမ်းတွေလည်း အမေရိကန် စစ်တပ် မှာ ရှိနေပါတယ်။ ထရပ်ကားတွေကို သယ်ဆောင်ပေးနိုင်တဲ့ V-22 Ospreys ယာဉ်ပျံတွေ ရှိပေမယ့် Transformer တွေဟာ ဟယ်လီကော်ပတာ လိုရော ထရပ်ကား လိုပါ အသုံးပြုနိုင်ပြီး အဝေးမှ ထိန်းချုပ်မောင်းနှင် နိုင်တဲ့ အားသာချက်တွေ ရှိပါတယ်။

HoverTruck2

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *