Architecture, Design, News

ဆော်ဒီအာရေးဗီးယားက ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးကို တည်ဆောက်မည်

ဂင်းနစ်စံချိန်တင် ကမ္ဘာ့အရှည်ဆုံး၊ အကြီးဆုံး၊ ဈေးအကြီးဆုံး အဆောက်အဦးများကို တည်ဆောက်ထားနိုင်တဲ့ ဒူဘိုင်းနိုင်ငံဟာ မကြာမီမှာတော့ အိမ်နီးချင်း ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ ပြိုင်ဆိုင်မှုကို ကြုံတွေ့ရဖွယ် ရှိနေပါတယ်။ ဆော်ဒီအာရေးဗီးယားကသာ Jeddah မှာ သူ့စီမံကိန်းကို အကောင်အထည်ဖော်နိုင်မယ်ဆိုရင် လက်ရှိမှာ ကမ္ဘာ့အရှည်ဆုံး အဆောက်အဦးဖြစ်တဲ့ ဒူဘိုင်း ရဲ့ Burj Khalifa ဟာ ဂင်းနစ်စံချိန်ကို ဆော်ဒီအာရေးဗီးယားကို လွှဲပေးရဖို့ ရှိနေပါတယ်။ ဧပြီလ စတုတ္ထပတ်မှာ ဆော်ဒီအာရေးဗီးယားက အဆောက်အဦးကို စတင်တည်ဆောက်တော့မယ်လို့ Construction Weekly က ပြောပါတယ်။

အကြံပေးအဖွဲ့ဖြစ်တဲ့ Advanced Construction Technology Services (ACTS) က ၃၂၈၀ ပေ အရှည်ရှိတဲ့ အဆောက်အဦးကို တည်ဆောက်တော့မယ်လို့ မကြာမီက ကြေညာခဲ့ပါတယ်။ ဒူဘိုင်းက လက်ရှိအမြင့်ဆုံး အဆောက်အဦးရဲ့ အရှည်က ၂၇၁၆ ပေ ဖြစ်ပါတယ်။

ဆော်ဒီအာရေးဗီးယားက တည်ဆောက်မယ့် အဆောက်အဦးကို Kingdom Tower လို့ အမည်ပေးထားပြီး ဒေါ်လာ ၁.၂၃ ဘီလီယမ် ကုန်ကျမှာ ဖြစ်ပါတယ်။ အထပ်ပေါင်း ၂၀၀ ပါရှိပါမယ်။ ၅.၇ သန်း ပေပတ်လည် ကွန်ကရစ်နဲ့ စတီးတန်ချိန် ရှစ်သောင်း အသုံးပြုရမှာ ဖြစ်ပါတယ်။

အခုလို မြင့်မားတဲ့ အဆောက်အဦးကို ကမ်းရိုးတန်းမှာ တည်ဆောက်မှာ ဖြစ်တဲ့အတွက် ဆားငံရေများရဲ့ တိုက်စားမှုဒဏ်ကို ခံနိုင်ရည် ရှိအောင် တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ဖောင်ဒေးရှင်းကို ပေနှစ်ရာနက်တဲ့အထိ တည်ဆောက်မှာ ဖြစ်ပါတယ်။

လေတိုက်နှုန်းကလည်း နောက်ထပ်ပြဿနာ တစ်ရပ်ဖြစ်ပါတယ်။ လေတိုက်နှုန်းကို ခံနိုင်ရည် ရှိစေဖို့ တာဝါ ရဲ့ ပုံသဏ္ဍာန်ကို လေတိုက်တဲ့ အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲမှာ ဖြစ်ပါတယ်။ အထပ်တိုင်းမှာ လေတိုက်တဲ့ဒဏ်ကို အသက်သာဆုံးဖြစ်အောင် ပုံသဏ္ဍာန်ကို ပြောင်းလဲမှာ ဖြစ်ပါတယ်။

ကွန်ကရစ်တွေကို အထပ်အမြင့်ကို ပို့ဆောင်ပေးဖို့ဟာလည်း စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ နည်းလမ်းကို Burj Khalifa ကို တည်ဆောက်ခဲ့စဉ်က နည်းလမ်းကို အသုံးပြုမယ်လို့ မျှော်လင့်ရပါတယ်။ Burj Khalifa ကို တည်ဆောက်စဉ်က ခြောက်သန်း ကုဗပေရှိတဲ့ ကွန်ကရစ်ကို တစ်ချက်ထဲနဲ့ တွန်းတင်တဲ့ နည်းပညာကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ ညဘက်အပူချိန်နည်းတဲ့ အချိန်တွေမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Kingdom Tower ကို တည်ဆောက်ရတာ အလွန်ခက်ခဲမှာ ဖြစ်ပေမယ့် အောင်မြင်စွာ တည်ဆောက်နိုင်မယ်လို့ အထပ်မြင့် အဆောက်အဦးတည်ဆောက်ရေး ကော်မရှင်မှ ဒေါက်တာ Sang Dae Kim က ပြောပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *