Mobile, News

ဥရောပက USB ပါဝါ adapterတွေမှာ အပူလွန်ကဲမှုကို Apple က recall ပြန်လုပ်ခြင်း

ဥရောပက USB ပါဝါ adapterတွေမှာ အပူလွန်ကဲမှုကို Apple က recall ပြန်လုပ်ခြင်း

အောက်တိုဘာ ၂၀၀၉ နဲ့ စက်တင်ဘာ ၂၀၁၂ အတွင်း ရောင်းခဲ့တဲ့ ဥရောပက USB iPhone ဓါတ်အားသွင်း ကိရိယာဟာ တချို့စက်တွေမှာ အပူလွန်ကဲမှုတွေ ဖြစ်ပြီး ဘေးအန္တရာယ်ဖြစ်စေခဲ့တယ် လို့ Apple ထုတ်လုပ်သူတွေက ပြောပါတယ်။

ယူအက်စ်က Apple ကတော့ လိုအပ်သော အချက်အလက်တွေ တိုက်ပေးပြီး အလကားအနေနဲ့ လဲလှယ်ပေး နေပါတယ်။ အသိပေးချက်တစ်ခုမှာတော့ ကုမ္ပဏီက ဒီလိုမျိုး ချွတ်ယွင်းချက်တွေ ဖြစ်တာဟာ တော်တော်လေး အလားအလာနည်းပေမယ့်လည်း အဲဒီအားသွင်းတဲ့ adapter လက်ဝယ်ရှိနေသူတွေအနေနဲ့ ဆက်အသုံးမပြုကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အဲဒီ မော်ဒယ်က အာဖရိက၊ အာရှ နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃၇ နိုင်ငံမှာ ရောင်းခဲ့တာပါ။ ဒါပေမယ့် ယူကေ တော့မပါပါဘူး။

အဲဒီအချက်တွေပါတဲ့ ဟာတွေကတော့ iPhone 3GS၊ 4 နဲ့ 4S မော်ဒယ် တချို့မှာ ဒီအသုံးအဆောင်တွေ ရောင်းခဲ့ပါတယ်။ သူ့ရဲ့ မော်ဒယ် နံပါတ်က A1300 ဖြစ်ပြီး သူ့အပေါ်မှာ “CE” ဆိုတဲ့စာသားကို မှီခိုရောင် ထုနဲ့ထွင်းထားပါတယ်။

Apple released an image explaining how to identify the adapter

Apple released an image explaining how to identify the adapter

ဒါကို အောက်ပါနိုင်ငံတွေမှာလည်း ရောင်းခဲ့သေးတယ်။
• အယ်ဘေးနီးယား၊ သြစတေးလျ၊ ဘယ်ဂျီယမ်၊ ဘူဂေးရီးယား၊ ခရိုအေးရှ၊ ဆီဇက် သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ အီဂျစ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ ဟန်ဂေရီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ လစ်သူရေးနီးယား၊ မက်ဆီဒိုးနီးယား၊မော်ဒိုဗာ၊ မွန်တာနာဂို၊ နယ်သာလန်၊ နော်ဝေ၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ရှရှား၊ ဆလိုဗေးနီးယား၊ တောင်အာဖရိက၊ စပိန်၊ ဆွီဒင်၊ ဆွတ်ဇာလန်၊ တူရကီ၊ ဗီယက်နမ်။

Apple က ဒီလိုမျိုး USB adapter ကို recall ပြန်လုပ်တာ ပထမဆုံး အကြိမ်မဟုတ်ပါဘူး။ ၂၀၀၈ ခုနှစ်တုန်းကလည်း ကုမ္ပဏီက ယူအက်စ်၊ ဂျပန်၊ ကနေဒါ နဲ့ လက်တင်အမေရိက နိုင်ငံတော်တော်များမှာ iPhone 3G အားသွင်းကြိုး တွေရဲ့ လိုအပ်ချပ်တွေကို လဲလှယ်ခဲ့ပါသေးတယ်။

Apple က ထပ်ပြီးတော့ တရုတ်မှာ ရောင်းခဲ့တဲ့ ဝယ်သူတွေကို third-party iPhone အားသွင်းကြိုးတွေ သို့ ဆင်တူအောင်လုပ်ထားတဲ့ ဟာတွေနဲ့ ဘေးအန္တရာယ်ကင်းအောင် အစားထိုးပေးခဲ့ပါသေးတယ်။

author-avatar

About Kaung Sint Aung

ခင်ဗျားမှာ ခံယူချက်ဆိုတာ မရှိသေးသရွေ့တော့ ဘယ်အရာကမှ အရေးကြီးမှာ မဟုတ်ပါဘူး။ ခံယူချက်ဆိုတာရှိနေပြီဆိုရင်တော့ အဲဒိခံယူချက်လောက် ဘယ်ဟာကမှ အရေးမကြီးတော့ပါဘူး။ Nothing really matters unless you have a code! May be sharing the things what I know to the audiences to be pleased is my code! Sincerely I am not a writer or author, I am learning how to write and sharing or translating what's going on over the world! Sometimes I combined my opinions or thinking to that articles. I'm really welcome of your some advises or opinions as your perspective about my articles, just point me out! It can really drive home to be a better writer or author to me! Thanks!

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *