အမေဇုန်က Fire Phoneကို စတင်ရောင်းချအပြီး တစ်လခွဲအကြာမှာ ၉၉ဆင့်နဲ့ ဈေးလျှော့ရောင်းချပေးလိုက်ပါတယ်။ တစ်ဒေါ်လာ မရှိရင်တောင် စွမ်းဆောင်ရည်မြင့်ဖုန်းကို ကိုင်နိုင်မှာဖြစ်ပြီး စာချုပ်နဲ့ လအလိုက် ခွဲပြီး ငွေချေနိုင်ပါတယ်။ အခုလျှော့ဈေးက အလွန်များပြားပြီး ဇွန်လမှာ ဖုန်းကို ကြော်ညာစဉ်မှာ ဒေါ်လာ ၁၉၉နဲ့ ရောင်းချပေးခဲ့တာဖြစ်ပြီး အခုတစ်ခါမှာ ၉၉.၅ ရာခိုင်နှုန်းလျှော့ချလိုက်တာပါ။
Appleက တန်ဖိုးကြီး iPhone အသစ်များကို မိတ်ဆက်နေစဉ်မှာ အမေဇုန်ရဲ့ ဖုန်းကို ကော်ဖီတစ်ခွက်ဖိုးလောက်တောင် မရှိတဲ့နှုန်းနဲ့ ရယူနိုင်ပါပြီ။
၉၉ ဆင့်ပေးရင် 32GB အမျိုးအစားနဲ့ စွမ်းဆောင်ချက်များစွာကို ရရှိမှာပါ။ Fire Phoneဟာ သူ့ရှေ့မှာ ရှိတဲ့အရာတွေကို သုံးဖက်မြင်ပုံရိပ်များ အဖြစ်ပြသပေးနိုင်တဲ့ Visual Effectဖြစ်တဲ့ Dynamic Perspectiveပါရှိပါတယ်။ Maydayလို့ ခေါ်တဲ့ Live Customer Support ၀န်ဆောင်မှုပါရှိပါတယ်။ Fireflyက အရာ၀တ္ထု၊ စကားလုံး၊ ရုပ်ရှင်၊ စာအုပ်နဲ့ တကယ့် ကမ္ဘာက အရာ၀တ္ထုတွေကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ ကင်မရာ စွမ်းဆောင်ချက်ပါ။ ကင်မရာကနေ အရာ၀တ္ထုတွေကို ရိုက်လိုက်တာနဲ့ အမေဇုန်မှာ ဈေး၀ယ်နိုင်ပါပြီ။
ဒါ့အပြင် Cloudမှာ အကန့်အသတ်မရှိ ဓါတ်ပုံများ သိမ်းနိုင်တာနဲ့ Amazon Primeကို တစ်နှစ်အခမဲ့ သုံးနိုင်တာတွေကိုလည်း ခံစားရမှာပါ။ မကောင်းတဲ့အချက်တစ်ခုက အမေဇုန်ဖုန်းဟာ Android ဖြစ်ပေမယ့် မူကွဲဗားရှင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Google Playရဲ့ Android Appsများကို သုံးလို့မရပါဘူး။
Fire Phoneကို အမေရိကန်မှ AT&Tမှာသာ ၀ယ်ယူနိုင်တာမဟုတ်ပါဘူး။ ဗြိတိန်မှာ O2နဲ့ ဂျာမနီမှာ Deutsche Telekomကနေ ရောင်းချပေးမှာပါ။ စက်တင်ဘာလ ၃၀မှာ ကြိုတင်မှာယူနိုင်ပါပြီ။