Featured, News, Review

iPhone အသစ်များနဲ့ ချပ်၀တ်တန်ဆာကွန်ပြူတာတို့ကို မြင်တွေ့ရဖွယ်ရှိတဲ့ ပွဲတစ်ခုကို Appleက တရား၀င်ကြေညာ

iPhone အသစ်များနဲ့ ချပ်၀တ်တန်ဆာကွန်ပြူတာတို့ကို မြင်တွေ့ရဖွယ်ရှိတဲ့ ပွဲတစ်ခုကို Appleက တရား၀င်ကြေညာ

အရင် ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းတွေအတိုင်းပဲ Appleက နောက်ဆုံးထုတ် iPhoneများကို မိတ်ဆက်ဖို့ စက်တင်ဘာလ ကိုးရက်နေ့ကို ရွေးချယ်လိုက်ပါတယ်။ အဲဒီပွဲမှာ Appleရဲ့ ပထမဆုံး ချပ်၀တ်တန်ဆာ ကွန်ပြူတာကိုလည်း မြင်တွေ့ရဖို့ ရှိနေပါတယ်။

သတင်းအရင်းအမြစ်တွေက ၄.၇ လက်မနဲ့ ၅.၅ လက်မအရွယ် iPhone အသစ်တွေကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ အရွယ်မတူတဲ့ iPhoneအသစ်တွေကို Appleအနေနဲ့ ပထမဆုံး မိတ်ဆက်ထာ ဖြစ်ပါတယ်။

အဆိုပါပွဲကို Cupertinoရှိ Flint Centerမှာ ပြုလုပ်ဖို့ ရည်ရွယ်ထားပြီး သတင်းထောက်များကို ဖိတ်စာများ ဝေငှပြီးပါပြီ။ Flint Centerဟာ Appleက ၁၉၈၄ ခုနှစ်မှာ Macကွန်ပြူတာကို ပထမဆုံး မိတ်ဆက်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

Appleက စက်တင်ဘာလ ကိုးရက်မှာ ပြသမယ့် အရာတွေကိုတော့ လျှို့ဝှက်ထားဆဲပါပဲ။

“Wish we could say more”လို့သာ ဖိတ်စာမှာ ရေးသားထားပြီး အသေးစိတ်အချက်အလက်တွေကို ဖော်ပြထားခြင်း မရှိပါဘူး။

Appleမှ Steve Jobsက ပထမဆုံး Macကို မိတ်ဆက်ခဲ့တဲ့ ဗီဒီယိုကို အောက်မှာ လေ့လာနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *