News

Google Glass မှ တစ်ဆင့် ဗီဒီယိုများ ကို တိုက်ရိုက်ထုတ်လွှင့်နိုင်ပြီ

Google Glass မှ တစ်ဆင့် ဗီဒီယိုများ ကို တိုက်ရိုက်ထုတ်လွှင့်နိုင်ပြီဖြစ်ပါတယ်။ Livestream.com က Google Glass အတွက် ပထမဆုံး App ကို ပြုလုပ်ပေးလိုက် ပါတယ်။

App ဟာ iOS , Android App များထက် ပိုမိုရိုးရှင်းပါတယ်။ မိုဘိုင်း App ကို အသုံးပြုသူများ ဟာ ပွဲတွေရဲ့ ဓာတ်ပုံ ၊ စာသား တွေကို Upload ပြုလုပ်နိုင်ပြီး Video တွေကို Filter ပြုလုပ်နိုင်ပါတယ်။ Google Glass ရဲ့ App က ဗီဒီယို တွေကို တိုက်ရိုက် ထုတ်လွှင့်နိုင်မှာ ဖြစ်ပါတယ်။ Google Glass ၀တ်ဆင်သူက ပွဲတွေကို ကြည့်ရှုနေစဉ်မှာပဲ တိုက်ရိုက် ထုတ်လွှင့်နိုင်မှာ ဖြစ်ပါတယ်။ ထုတ်လွှင့်မှု ကို ကြည့်ရှုနေသူတွေရဲ့ ကွန်းမန့် တွေကို Google Glass ၀တ်ဆင်သူက မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

ဗီဒီယိုတွေကို ရိုက်ကူးထုတ်လွှင့်ဖို့ အတွက် ၀တ်ဆင်သူက “OK Glass, Livestream” လို့ ရွတ်ဆို ခိုင်းစေရမှာ ဖြစ်ပါတယ်။ ထုတ်လွှင့်မှု ကို ၀က်ဆိုက် ဒါမှမဟုတ် စမတ်ဖုန်း App နဲ့ Roku App တို့ ကနေ ကြည့်နိုင်ပါတယ်။

Google က Hangouts App ကို အသုံးပြုပြီး Google Glass ကနေ တိုက်ရိုက် ဗီဒီယို ရိုက်ကူး ထုတ်လွှင့်မှု ကို ပြုလုပ်ပေးပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် Livestream ရဲ့ App က အဲဒီလို စွမ်းဆောင်ပေးနိုင်တဲ့ ပထမဆုံး Third-Party App တစ်ခု ဖြစ်လာပါတယ်။

Livestream က သူ့ရဲ့ ၀န်ဆောင်မှု ကို ၂၀၀၇ ခုနှစ် မှာ Mogulus အမည် နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် မှာ Livestream လို့ အမည်ပြောင်းလိုက်တာဖြစ်ပါတယ်။ ပထမဆုံး iOS , Android App များ ကို ၂၀၁၂ ခုနှစ် မှာ ဖြန့်ချီပေးခဲ့တာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *