Appleက iMac Desktop Computerအသစ်ကို ဒေါ်လာ ၁၀၉၉ဖြင့် ရောင်းချပေးလိုက်ပါတယ်။ မော်ဒယ်အသစ်ဟာ အရင်မော်ဒယ်အဟောင်းထက် ဒေါ်လာနှစ်ရာ ဈေးသက်သာပါတယ်။ Appleက MacBook Airကိုလည်း ဒီနှစ်အစောပိုင်းမှာ ဈေးလျှော့ရောင်းချပေးခဲ့ပါတယ်။ အခု ၂၁.၅ လက်မအရွယ် iMac Desktop Computerမှာ အရင်မော်ဒယ်ဟောင်းထက် အနည်းငယ်နှေးတဲ့ 1.4GHz Intel Core i5 Processorတပ်ဆင်ထားပေမယ့် ဈေးနှုန်းသက်သာလာတဲ့အတွက် ပြိုင်ဖက်များနဲ့ ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ Appleက အရင် iMac အမျိုးအစားများမှာ 2.7GHz Intel Core i5 Processorတပ်ဆင်ပေးထားပြီး အခုလက်ရှိရောင်းချပေးနေတဲ့ ဈေးနှုန်းက ဒေါ်လာ ၁၂၉၉ ဖြစ်ပါတယ်။
အမျိုးအစားအသစ်မှာ 500GB Hard Driveပါရှိပြီး 1TB Hard Driveအထိ အဆင့်မြှင့်နိုင်ပါတယ်။ ၂၁.၅ လက်မမျက်နှာပြင်ရဲ့ Resolutionမှာ 1920×1080ဖြစ်ပါတယ်။ Appleက Retina Displayများကို Desktop Computerများမှာ ဘယ်တော့ တပ်ဆင်မလဲဆိုတာကို ကြေညာခြင်းမရှိပါဘူး။
ဆက်သွယ်မှုအပိုင်းမှာ 802.11 ac WiFi, Two Thunderbolt Ports, Four USB 3.0 Portsတို့ ပါရှိပါတယ်။
iMacမှာ Appleရဲ့ ကြိုးမဲ့ ကီးဘုတ်နဲ့ Magic Mouseလည်းပါရှိပါတယ်။ နောက်ဆုံးထုတ် Mac OS Xကို ထည့်သွင်းပေးထားတဲ့အတွက် အခုလောလောဆယ်မှာ Mavericksကို အသုံးပြုနိုင်ပြီး Yosemiteထွက်ရှိတဲ့အချိန်မှာ အဆင့်မြှင့်နိုင်မှာဖြစ်ပါတယ်။
အခုအမျိုးအစားအသစ်ဟာ အဟောင်းနဲ့ နှိုင်းယှဉ်ရင် ပြောင်းလဲမှု ကြီးကြီးမားမားမရှိဘဲ ဒီဇိုင်းတူညီပြီး Specificationများလည်း တူညီပါတယ်။ ဒါပေမယ့် အမျိုးအစားအသစ်မှာပါတဲ့ 8GB RAMကို ပြောင်းလဲဖို့၊ အဆင့်မြှင့်ဖို့ ပြုလုပ်နိုင်ပုံမရပါဘူး။ Appleက iMacအမျိုးအစားအသစ်ကို ဘာလို့ ထုတ်လုပ်ရောင်းချလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် Lenovo, HPနဲ့ အခြား All-In-One၀င်းဒိုးကွန်ပြူတာများနဲ့ ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။