Adobe ကုမ္ပဏီက ဆော့ဝဲများကိုသာ ထုတ်လုပ်နေရာကနေ ပထမဆုံး အနေနဲ့ Hardwareနှစ်ခုကို စတင်ထုတ်လုပ်လိုက်ပါတယ်။ အဲဒါတွေကတော့ Adobe Inkနဲ့ Adobe Lineတို့ဖြစ်ပါတယ်။
Adobeရဲ့ Hardwareများဟာ သူ့ရဲ့ iPad Appsများဖြစ်တဲ့ Sketch, Line, Photoshop Mixတို့နဲ့ တွဲဖက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Inkက Smart Penဖြစ်ပြီး Lineကတော့ Smart Rulerဖြစ်ပါတယ်။ iPadပေါ်မှာ တိကျစွာ ပုံဆွဲနိုင်မှာဖြစ်ပါတယ်။
Adobeရဲ့ စမတ်ကညစ်တံနဲ့ စမတ်ပေတံများဟာ Mightyနဲ့ Napolean စီမံကိန်းများကနေ တီထွင်ထားတာဖြစ်ပါတယ်။ Adobeက ပြီးခဲ့တဲ့နှစ်ဆောင်းတွင်းမှာကတည်းက အဲဒီ Deviceများရဲ့ နမူနာပုံစံကို ပြသခဲ့တာဖြစ်ပြီး အနာဂတ်မှာ ထုတ်လုပ်ရောင်းချမယ်လို့ ကြေညာခဲ့ပါတယ်။
စမတ်ကညစ်တံနဲ့ ပေတံများဟာ အလွန်လှပတာကြောင့် အရည်အသွေးမြင့် ထုတ်ကုန်များဖြစ်ပါတယ်။
စမတ်ကညစ်တံနဲ့ ပေတံများကို ငွေရောင် အလူမီနီယမ်သတ္တုနဲ့ပြုလုပ်ထားတာဖြစ်ပြီး နမူနာပုံစံကို ပြသစဉ်ကတည်းကအတိုင်းပါပဲ။ ကညစ်တံမှာ ဖိအားကိုသိရှိနိုင်တဲ့ စွမ်းဆောင်ချက်ပါရှိပြီး Bluetoothဆက်သွယ်မှုကနေ iPadနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ ကညစ်တံရဲ့ ထိပ်ဖျားမှာ LED Lightပါရှိပြီး iPadမျက်နှာပြင်မှာ ရွေးချယ်ထားတဲ့ အရောင်ကို LED Lightကပြသပေးမှာပါ။
Adobe Inkနဲ့ Adobe Lineကို အမေရိကန်မှာ ဒေါ်လာနှစ်ရာနဲ့ စတင်ရောင်းချပေးနေပါပြီ။ ဗြိတိန်မှာ ရောင်းချမယ့်နေ့ရက်နဲ့ ဈေးနှုန်းကို မသိရသေးပေမယ့် Adobeကို ဆက်သွယ်မေးမြန်းထားတယ်လို့ ဗြိတိန်နည်းပညာ၀က်ဆိုက် Pocket-Lintက ရေးသားထားပါတယ်။
စမတ်ကညစ်တံနဲ့ ပေတံတို့ရဲ့ ဗီဒီယိုကို မြန်မာအိုင်စီတီပရိသတ်များကြည့်ရှုနိုင်ဖို့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။