News

Siri နာမည်ကို မကြိုက်နှစ်သက်ခဲ့သော Steve Jobs

Apple မှ၂၀၁၀ ခုနှစ် ဧပြီလအတွင်း ဒေါ်လာ သန်း ၂၀၀ ဖြင့် ဝယ်ယူခဲ့သော အသံဖြင့် စေခိုင်းနိုင်သည့် Siri application ၏ နာမည်အား ကွယ်လွန်ခဲ့ပြီ ဖြစ်သော Steve Jobs မှ ကြိုက်နှစ်သက်ခဲ့ခြင်း မရှိကြောင်း သိရပါတယ်။ Siri ၏ Founder တစ်ဦးဖြစ်ခဲ့သူ Dag Kittlaus ၏ ပြောကြားချက်အရ Siri ဆိုသော နာမည်မှာ နော်ဝေဘာသာစကားအရ “အောင်မြင်ခြင်းကို လမ်းညွှန်နိုင်သော အမျိုးသမီး” ဟု အဓိပါ္ပယ် ဖွင့်ဆိုနိုင်ကြောင်း၊ ၄င်း နော်ဝေနိုင်ငံတွင် ရှိနေစဉ် Siri ဟူသော မိန်းမနှင့် တွဲဖက်အလုပ် လုပ်ကိုင်ခဲ့ကြောင်း၊ အဆိုပါ နာမည်အား အလွန်ကြိုက်နှစ်သက်သည့်အတွက် ၄င်း၏ သမီးကိုပင် နာမည်ပေးထားကြောင်းနှင့် domain နေရာမှာလည်း လွတ်နေသောကြောင့် Siri ဟုသာ အမည်ရယူခဲ့ကြောင်း ဟောပြောပွဲ တစ်ခုဖြစ်သော Technori Pitch တွင် ပြောဆိုသွားပါတယ်။

ထို့ပြင် ၄င်းမှ Siri တွင် CEO ဖြစ်နေစဉ် Steve Jobs ၏ ဖိတ်ခေါ်မှုကြောင့် ၄င်း၏ နေအိမ်တွင် ၃ နာရီခန့် ဆွေးနွေးစကားပြောဘူးကြောင်း၊ အဆိုပါ ဆွေးနွေးမှုတွင် Steve Jobs မှ Siri နာမည် အား ပြောင်းလဲပေးရန် ပြောကြားခဲ့ပြီး မိမိမှာလည်း Siri နာမည်ကိုသာ အသုံးပြုရန် တိုက်တွန်းခဲ့ရကြောင်း ပြောကြားထားပါတယ်။ ယခုကဲ့သို့ ဇာတ်လမ်းမျိုးမှာ ယခင်အချိန်များကလည်း ထွက်ပေါ်ခဲ့ပြီး ၄င်းတို့မှာ iMac နှင့် iPad တို့မှာ Steve Jobs မကြိုက်နှစ်သက်သော နာမည်များဖြစ်ကြောင်း သိရပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *