News

iOS အတွင်း Baidu ပါ၀င်မှုကို လာမည့်အပတ်တွင် ရရှိတော့မည်

လပေါင်းများစွာ ကောလဟာလအဖြစ်ထွက်ပေါ်နေခဲ့သော တရုတ် Internet Search Engine တစ်ခုဖြစ်သည့် Baidu မှ iOS အတွင်း ပါဝင်သွားမည်ဆိုခြင်းဟာ လာမည့်အပတ်အတွင် အမှန်တကယ် ဖြစ်ပေါ်လာနိုင်ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ စီးပွါးရေးသတင်းဌာနတစ်ခုဖြစ်သော Bloomgberg ၏ အဆိုအရ Apple ဟာ iOS အတွင်း Baidu Searchကို ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ၄င်းတို့၏ ဖော်ပြချက်များအရ Apple မှ မည်သည့်အချိန်တွင် Baiduကို ထည့်သွင်းသွားမည်ကိုတော့ မသိရှိသေးကြောင်း၊ လာမည့်အပတ် ၁၁ ရက်နေ့တွင် ကျင်းပမည့် WWDC တွင် ထုတ်ပြန်ကြော်ငြာသွားနိုင်ကြောင်း ဆိုထားကြပါတယ်။

Baidu ဟာ လက်ရှိအချိန်မှာ တရုတ်နိုင်ငံရှိ iOS အသုံးပြုသူများအတွက် မရရှိသေးသော်လည်း US တွင်တော့ iOS အတွင်း Google Search ဟာ default အနေဖြင့် ပါဝင်နေခြင်းကြောင့် အဆင်ပြေတယ်လို့ ဆိုနိုင်ပါတယ်။ အကယ်၍သာ iOS အတွင်း Baidu သာပါဝင်လာပါက Apple မှာ တရုတ်ရှိ အသုံးပြုသူများကို ပိုမို စွဲဆောင် သွားနိုင်မှာဖြစ်ပါတယ်။ သို့ပေမယ့်လည်း တရုတ်ဖုန်းများအတွင်း Baidu search ၏ လူသုံးများမှုဟာ Google အားကျော် လွှားနိုင်ခြင်းရှိမရှိ ကိုတော့ မေးခွန်းထုတ် စရာဖြစ်လာပါတယ်။ ယခုနှစ်ဝက်အတွင်းတွင်တော့ တရုတ်နိုင်ငံ Search Engine ဈေးကွက်၏ ၇၅ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး Google မှတော့ ၁၆ ရာခိုင်နှုန်းသာ ရရှိခဲ့ကြောင်း သိရပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *