News

Apple က ၄.၈ လက်မ Display ကို iPhone 6 တွင်တပ်ဆင်မည်

Wall Street Journal ရဲ့ Analyst ရဲ့ ပြောကြားချက်အရ Apple က နောက်ထုတ်မယ့် iPhone ရဲ့ မျက်နှာပြင် အရွယ်အစားကို ဆုံးဖြတ်ပြီးကြောင်းသိရပါတယ်။ ၄.၈ လက်မအရွယ် မျက်နှာပြင်ကို iPhone 6 တွင် တပ်ဆင်မှာဖြစ်ပါတယ်။

အဆိုပါသတင်းအချက်အလက်ဟာ Apple ရဲ့ ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေကနေ ပေါက်ကြားတာဖြစ်ပါတယ်။ နောက်ထုတ် မယ့် iPhone မှာ မျက်နှာပြင်အကြီးကို တပ်ဆင်ထားမှာဖြစ်တဲ့အပြင် WiFi 802.11ac Standard ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထွက်မယ့် ထူးခြားဆန်းသစ်တဲ့ iOS ဗားရှင်းအသစ်ကိုလည်း ထည့်သွင်းထားမှာဖြစ်ပါတယ်။

Apple ရဲ့ iPhone မှာ ကြီးမားတဲ့ မျက်နှာပြင်တပ်ဆင်မယ်ဆိုတာ အံ့သြစရာမဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီသတင်း တွေဟာ အရင်ကလည်း ပေါ်ထွက်ခဲ့ဖူးလို့ဖြစ်ပါတယ်။ ကောလဟာလ ထွက်ပေါ်နေတဲ့ ၅.၇ လက်မအရွယ် iPhone နဲ့ ပတ်သက်ပြီး Analyst က ပြောကြားခြင်းမရှိပါဘူး။

Apple ရဲ့ iPhone တွေထုတ်လုပ်ရောင်းချတဲ့ မူအရဆိုရင် ဒီနှစ်စက်တင်ဘာလလောက်မှာ iPhone အသစ်ထွက်ပေါ်လာဖို့ ရှိပါတယ်။ အချို့ သတင်းတွေကလည်း iPhone အသစ်ဟာ ဇွန်လမှာ ထွက်ပေါ်လာမယ်လို့ ပြောဆိုနေပါတယ်။

စမတ်ဖုန်းဈေးကွက်မှာ အရွယ်အစားကြီးတဲ့ Phablet တွေ အောင်မြင်နေတယ်ဆိုတာ Samsung Galaxy Note 3 ရဲ့ရောင်းအား ကောင်းမွန်မှုက သက်သေပြနေပါတယ်။ HTC ကလည်း HTC One Max ကို ထုတ်လုပ်ပြီး Phablet ဈေးကွက်မှာ ပြိုင်ဆိုင် နေသလို Sony ကလည်း Sony Xperia Z Ultra ကို ထုတ်လုပ်ရောင်းချပြီး ယှဉ်ပြိုင်နေပါတယ်။ Apple က အရွယ်အစားကြီးတဲ့ iPhone ကို ထုတ်လုပ်ရောင်းချခြင်းမရှိဘူးဆိုရင် စမတ်ဖုန်းလောကမှာ နောက်ကောက်ကျ သွားနိုင်ပါတယ်။ အဲဒီအတွက် အရွယ်အစားကြီးတဲ့ iPhone ထွက်ပေါ်လာမယ်ဆိုတာ သေချာသလောက်ရှိနေပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *