News

Samsung က Galaxy S4 ရဲ့ La Fleur Edition ကို ထုတ်ဖော်ပြသ

Samsung က သူ့ရဲ့ နာမည်ကျော် ဖုန်းတွေကို ပန်းပွင့်ပုံ အရုပ်အလှအပလေးတွေနဲ့ ချယ်သပြီး La Fleur Edition အဖြစ် ထုတ်လုပ်ရောင်းချပေးနေပါတယ်။ အခုလည်း နာမည်ကျော် Samsung Galaxy S4 ကို La Fleur Edition အဖြစ်ထုတ်လုပ် ရောင်းချပေးတော့မှာဖြစ်ပါတယ်။ Samsung ရဲ့ Twitter အကောင့်ကနေ အဆိုပါ ဖုန်း ရဲ့ ဓာတ်ပုံတွေကို ထုတ်ဖော်ပြသ လိုက်ပါတယ်။ လွန်ခဲ့တဲ့တစ်လကလည်း Samsung Galaxy S4 Mini ကို La Fleur Edition အဖြစ် ဂျာမနီမှာ ရောင်းချပေးခဲ့ ပါတယ်။

ရောင်းချမယ့်ရက်နဲ့ ဈေးနှုန်းကို Samsung က ပြောကြားခြင်းမရှိပါဘူး။ နောက်လမှာ ဘာစီလိုနာမြို့တော်တွင် ကျင်းပမယ့် Mobile World Congress မတိုင်မီ ရောင်းချမယ်လို့ ခန့်မှန်းကြပါတယ်။ အမျိုးသမီးများ ကိုင်ဆောင်အသုံးပြုဖို့ ရည်ရွယ် ထုတ်လုပ်ထားတာဖြစ်တဲ့အတွှက် ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ ကျရောက်မယ့် Valentine Day မတိုင်မီ ရောင်းချပေးမယ်ဆိုရင် ရောင်းအားကောင်းမယ်လို့ ထင်ပါတယ်။ Samsung က La Fleur Edition ဖုန်းတွေကို ဥရောပ နဲ့ အာရှ မှာ ရောင်းချပေးလေ့ ရှိပါတယ်။ အခု Galaxy S4 La Fleur Edition ကိုလည်း ဥရောပ နဲ့ အာရှ နိုင်ငံများမှာပဲရောင်းချပေးမယ်လို့ ထင်ရပါတယ်။

ဖုန်းရဲ့ Hardware Specification တွေ ပြောင်းလဲခြင်းမရှိဘဲ ဒီဇိုင်းသာပြောင်းလဲသွားတာဖြစ်ပါတယ်။ ငါးလက်မ Super AMOLED 1080p Display မောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ 13 Megapixel Camera ကို အနောက်ဘက်မှာ တပ်ဆင်ထားပြီး LED Flash တပ်ဆင်ထားပါတယ်။ Exynos 5 Octa Processor , 2GB RAM, 2600mAh Battery တပ်ဆင်ထားပါတယ်။

Galaxy Trend, Galaxy Core, Galaxy S III Mini, and Galaxy Fame Lite စတဲ့ ဖုန်းတွေကိုလည်း La Fleur Edition နောက်လများမှာ ထုတ်လုပ်ရောင်းချပေးမယ်လို့ သိရပါတယ်။

မကြာမီက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ Samsung က Mobile World Congress မှာ Galaxy S5 ကို ထုတ်ဖော်ပြသမှာ မဟုတ်ဘဲ မတ်လကျမှ ပြသမယ်လို့ Samsung ရဲ့ အရာရှိက ပြောခဲ့ဖူးပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *