Business, Featured, News

ဂန်နန်မြို့ဟာ ကိုရီးယားရှိ တည်ထောင်ခါစ ကုမ္ပဏီငယ်လေးများအတွက် အချက်အချာဖြစ်လာ

ဂန်နန်မြို့ဟာ ကိုရီးယားရှိ တည်ထောင်ခါစ ကုမ္ပဏီငယ်လေးများအတွက် အချက်အချာဖြစ်လာ

Uber အငှားယာဉ်များကို လူကြိုက်များတဲ့ ဆိုးလ်မြို့ရဲ့ အိမ်နီးချင်းဖြစ်ပြီး နာမည်ကျော် Gangnam Style ပေါ့ပ်သီချင်း ပေါက်ခဲ့တဲ့ ဂန်နန်မြို့ဟာ ပလတ်စတစ်ဆာဂျရီ ဆေးခန်းများ၊ အိုင်ဗီလိဂ် ကျောင်းများနဲ့ ပတ်သက်ပြီးလည်း အထင်ကရ ရှိပါတယ်။ အခုတော့ ဂန်နန်မြို့ဟာ တည်ထောင်ခါစ ကုမ္ပဏီငယ်လေးများအတွက်လည်း အချက်အချာဖြစ်လာပါပြီ။

နိုင်ငံခြားမှာ ပညာသင်ခဲ့ကြတဲ့ လူအချို့အပါအ၀င် တောင်ကိုရီးယား လူငယ်အများအပြားဟာ မိုဘိုင်းနဲ့ အင်တာနက် စီးပွားရေး လုပ်ငန်းကို စတင်ဖို့ ဂန်နန်ကို သွားနေကြပါတယ်။ ဆီလီကွန်တောင်ကြားနဲ့ ဂျပန်ရှိ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေက အလားအလာကောင်းတဲ့ ကိုရီးယား ၀န်ဆောင်မှုများနဲ့ Appsများကို တီထွင်ဖို့ ဂန်နန်မှာ ရုံးတွေ ဖွင့်လှစ်နေကြပါတယ်။ ဂန်နန်မှာတော့ ကုမ္ပဏီငယ်လေးတွေရဲ့ ပွဲတွေနဲ့ အစည်းအဝေးတွေဟာ နေ့စဉ် ပြုလုပ်နေကြပါတယ်။

ကမ္ဘာ့ဆက်သွယ်မှု အကောင်းဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ဆိုးလ်ဟာ ကုမ္ပဏီငယ်လေးများအတွက် အချက်အချာ ဖြစ်ခဲ့တာပါ။ အစိုးရက ဆိုးလ်တောင်ဘက်မှာ ကိုရီးယားဆီလီကွန်တောင်ကြားမြို့တစ်ခုတောင် တည်ဆောက်ဖို့ ရည်ရွယ် နေပါတယ်။ ဟန်မြစ်ရဲ့ တောင်ဘက်ရှိ ကီလိုမီတာ လေးဆယ် ပတ်လည်ကျယ်၀န်းတဲ့ နေရာဖြစ်ပြီး အင်တာနက်နဲ့ မိုဘိုင်း ကုမ္ပဏီငယ်လေးများအတွက် အခွင့်အရေးများစွာ ရှိတဲ့ နေရာပါပဲ။

သူ့ရဲ့ နာမည်ဂုဏ်သတင်းဟာ ကုမ္ပဏီငယ်လေးတွေအတွက်တော့ အချက်အချာ ဖြစ်ပေမယ့် ဂန်နန်မှာ နိုင်ငံခြားမှာ ပညာသင်ခဲ့ကြတဲ့ မျိုးဆက်သစ်တွေရဲ့ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုတွေ ပေါင်းစည်းမှုများ တည်ရှိတဲ့ တောင်ကိုရီးယားမှ အထူးနေရာဒေသတစ်ခု ရှိနေပါတယ်။ အခုလက်ရှိမှာတော့ ဂန်နန်ဟာ နိုင်ငံခြား ယဉ်ကျေးမှုနဲ့ အတွေးအခေါ်တွေကို နိုင်ငံရဲ့ အခြား နေရာဒေသများသို့ ပို့ဆောင်ပေးနေတဲ့ နေရာအဖြစ် သိမြင်ထားကြပါတယ်။

ဂန်နန်မှာ နယူးယောက်မြို့နဲ့ ဆီလီကွန်တောင်ကြားမှ အကောင်းဆုံးတွေ ရှိနေပါတယ်လို့ FuturePlayမှ ဈေးကွက်မန်နေဂျာ Steven Baekက ပြောပါတယ်။

ဆီလီကွန်တောင်ကြားဟာ တကယ်တော်တဲ့ လူတွေရှိတဲ့ နည်းပညာကို အဓိက ဦးစားပေးတဲ့ နေရာပါ။ ဒါပေမယ့် သူ့မှာ အမျိုးအစား များပြားတဲ့ ထုတ်ကုန်တွေကို ဖန်တီးတဲ့နေရာမဟုတ်ပါဘူး။ ဂန်နန်ရဲ့ အားသာချက်ကတော့ အမျိုးအစားများပြားတဲ့ ထုတ်ကုန်တွေကို ဖန်တီးနိုင်တာပါ။ နယူးယောက်မှာ ဂန်နန်လိုပဲ ပျော်စရာကောင်းတဲ့ ကလပ်တွေနဲ့ ချမ်းသာတဲ့ စားသုံးသူ အခြေပြု ယဉ်ကျေးမှုတွေရှိပေမယ့် သူ့မှာ အင်ဂျင်နီယာများစွာမရှိပါဘူးလို့ သူက ပြောပါတယ်။

ကုမ္ပဏီငယ်လေးများအနေနဲ့ ဂန်နန်ကို သွားရတဲ့ ဘုံအကြောင်းအရင်းတစ်ခုက ကွန်ရက်များစွာကို လွယ်ကူစွာ ချိတ်ဆက် နိုင်လို့ပါပဲ။

လွန်ခဲ့တဲ့နှစ်မှာပဲ ဂန်နန်ရှိ ကုမ္ပဏီငယ်လေးများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်ကြီးများက ဂန်နန်မှာ ရုံးခန်းများ လာရောက်ဖွင့်လှစ် ထားပါတယ်။ လာမယ့်လများမှာလည်း နောက်ထပ် လာရောက်ဖို့ ရှိနေပါတယ်။ ကုမ္ပဏီငယ်လေးများနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးမယ့် အဓိက မီဒီယာ ကုမ္ပဏီ သုံးခုဟာလည်း အဲဒီမှာ ရှိနေပါပြီ။

၂၀၀၀ ခုနှစ်လောက်မှာ တောင်ကိုရီးယားရဲ့ အင်တာနက် ကုမ္ပဏီ ပထမအသုတ်ဟာ ဒီ လေးကီလိုမီတာရှည်တဲ့ လမ်းမှာ ကွက်တိကွက်ကျားလောက်သာ နေရာယူထားတာပါ။ .com ဒိုမိန်းတွေကို စတင်အသုံးပြု ခွင့်ပေးလိုက်ပြီးတဲ့နောက်မှာ အင်တာနက် ကုမ္ပဏီ လုပ်ငန်းကြီးများထဲမှ အများစုနဲ့ အွန်လိုင်းဂိမ်း အဖွဲ့အစည်းတွေဟာ ဆိုးလ်တောင်ဘက်ကို ပြောင်းရွှေ့ သွားကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူတွေကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဂန်နန် အနီးအနားနဲ့ ဂန်နန်မှာ နေတဲ့ အင်ဂျင်နီယာများ၊ Developersများနဲ့ .comခေတ်က စွန့်ဦးတီထွင်လုပ်ငန်းရှင်များဟာ FuturePlayရဲ့ CEO ဖြစ်တဲ့ Ryu Jung-heeလို ပြောင်မြောက်တဲ့ ရင်းနှီးမြှပ်နှံသူများနဲ့ ကုမ္ပဏီငယ်လေးများရဲ့ အတိုင်ပင်ခံဂုရုတွေ ဖြစ်လာပါတယ်။

မကြာမီက ဖွင့်လှစ်ခဲ့တဲ့ ကုမ္ပဏီငယ်လေးနှစ်ခုကလည်း ကုမ္ပဏီငယ်လေးများအတွက် အရှိန်မြှင့်ပေးနိုင်ခဲ့ပြီး အင်တာနက် စီးပွားရေးလုပ်ငန်းကို ပြန်လည်ဦးမော့စေခဲ့ပါတယ်။

၂၀၁၃ မှာ ဖွင့်လှစ်ခဲ့တဲ့ D Campနဲ့ ဒီနှစ်အစောပိုင်းမှာ ဖွင့်လှစ်ခဲ့တဲ့ Maru180တို့ဟာ ကုမ္ပဏီငယ်လေးများနဲ့ ရင်းနှီးမြှပ်နှံ သူများအတွက် နေရာများကို ဈေးသက်သာစွာ ငှားရမ်းခဲ့ပါတယ်။ ဆီလီကွန်တောင်ကြားလို ပြုလုပ်ထားတဲ့ အများသုံး အလုပ် နေရာများမှာ များသောအားဖြင့်တော့ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ကြပါတယ်။ Maruမှာဆိုရင် ရေချိုးခန်းနဲ့ နားနေဆောင် များကိုပါ ပြုလုပ်ပေးထားပါတယ်။ အဲဒီနေရာတွေဟာ အများသူငါအတွက် ရုတ်တရက် အစည်းအဝေးတွေ ပြုလုပ်ဖို့ ဖန်တီးပေးထားတာပါ။

နောက်နှစ်မှာတော့ Googleက အာရှမှာ သူ့ရဲ့ ပထမဆုံး ရုံး၀န်းကို ဂန်နန်မှာ ဖွင့်လှစ်မှာ ဖြစ်ပြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် နေရာများနဲ့ အကြံညဏ်များပေးမှာ ဖြစ်ပါတယ်။ တောင်ကိုရီးယား အင်တာနက် လုပ်ငန်းကြီး Naverကလည်း ၂၀၁၅ ခုနှစ် အစောပိုင်းမှာ ဂန်နန်မှာပဲ တည်ထောင်ခါစ ကုမ္ပဏီငယ်လေးများအတွက် အရှိန်အဟုန်မြင့်မားစေမယ့် စင်တာကို ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

တံငါမြို့လေးမှာ ကြီးပြင်းခဲ့တဲ့ ၃၅ နှစ်အရွယ် Johnny Ohအတွက်တော့ ဂန်နန်ဟာ အားကျစရာတွေ ပြည့်နေတဲ့ နိုင်ငံခြားတိုင်းပြည်တစ်ခုလိုပါပဲ။

ဂန်နန်မှ ချမ်းသာတဲ့ သူ့ရဲ့ အစ်ကို၀မ်းကွဲရဲ့ အားပေးမှုနဲ့ သူဟာ ဆယ်စုနှစ်အကြာက ဂန်နန်ကို ပြောင်းရွှေ့ခဲ့ပြီး ဂန်နန်နယ်ခံတွေနဲ့ စီးပွားရေးတွေလုပ်ခဲ့ပါတယ်။ သူဟာ ဂန်နန်ကလပ်တွေ တက်နိုင်ခဲ့ပြီး သူငယ်ချင်းတွေလည်း ရရှိနေပါပြီ။

သူဟာ YouTubeနဲ့ Vineတို့ကို စိန်ခေါ်ဖို့ Cloudအခြေပြု ဗီဒီယို တည်းဖြတ်တဲ့ Appကို စတင်ဖို့အတွက် ဒီနွေရာသီမှာ ဆက်သွယ်ရေး ကုမ္ပဏီကြီးကနေ နှုတ်ထွက်ခဲ့တဲ့ အချိန်မှာတော့ ဂန်နန်မှာ ရုံးခန်းတစ်ခုဖွင့်တာဟာ ရူးမိုက်သူတွေ အတွက် ဖြစ်နေပါတယ်။

သူတို့ဟာ လက်လှမ်းမမီတဲ့ စားသုံးသူတွေလို့ သူကပြောပါတယ်။

ဂန်နန်မှာ တီထွင်တဲ့ Mobile Appsနဲ့ ၀န်ဆောင်မှု များစွာဟာ တောင်ကိုရီးယားထဲကလို့ မမြင်ကြပါဘူး။

၃၂ နှစ်အရွယ် စွန့်ဦးတီထွင်လုပ်ငန်းရှင် Simon Leeက အကူအညီပေးသူများကို မိနစ်ပိုင်းအတွင်း ဘာသာပြန်ပေးနိုင်တဲ့ သူ့ ကုမ္ပဏီရဲ့ ဘာသာပြန် Flitto Appဟာ Google Translateကို ယှဉ်ပြိုင်နိုင်တယ်လို့ ပြောပါတယ်။ သူ့ရဲ့ နှစ်နှစ်သက်တမ်းရှိ ကုမ္ပဏီငယ်ဟာ နောက်နှစ်မှာ တရုတ်ပြည်ကို ဈေးကွက်ချဲ့မှာ ဖြစ်ပါတယ်။

ဂန်နန်မှာ တည်ရှိခြင်းဟာ လူသိနည်းတဲ့ ကုမ္ပဏီငယ်လေးများအတွက် ငှားရမ်းမှုများကို အကူအညီပေးနိုင်ပါတယ်။ ဆိုးလ်မှာလိုပဲ အများပြည်သူ သယ်ယူပို့ဆောင်ရေးဟာ ကောင်းမွန်ပြီး အလုပ်ပြီးချိန်များမှာ အနားယူစားသောက်ဖို့ စားသောက်ဆိုင်နဲ့ ကလပ်တွေရှိပါတယ်။

မိသားစုပိုင် စီးပွားရေးလုပ်ငန်းကြီးများသာ အုပ်စိုးနေတဲ့ တောင်ကိုရီးယားမှာ စွန့်စားရလေ့ရှိတဲ့ အတွေးအခေါ်ကို ဂန်နန်ရဲ့ ကုမ္ပဏီငယ်လေးများ အောင်မြင်မှုက ပြောင်းလဲပေးနိုင်ပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်အကြာက Startupဆိုတဲ့ စကားလုံးကို နည်းပညာနယ်ပယ်ရဲ့ အပြင်မှာ မသိကြပါဘူး။ တောင်ကိုရီးယား ကုမ္ပဏီငယ်လေးများ အောင်မြင်လာတာတွေ၊ ကုမ္ပဏီများကို ရောင်းချနိုင်တာတွေနဲ့ အမြတ်အစွန်းများစွာ ရရှိခဲ့တာတွေက ဒါကိုပြောင်းလဲနိုင်ခဲ့ပါပြီ။ ပြီးခဲ့တဲ့လကပဲ Goldman Sachsဦးဆောင်တဲ့ အဖွဲ့အစည်းဟာ ဂန်နန်မှ အစားအစာ သယ်ယူပို့ဆောင် ပေးတဲ့ Appကို တီထွင်တဲ့ Woowa Brothers Corpမှာ ဒေါ်လာ ၃၇ သန်း ရင်းနှီးမြှပ်နှံတယ်လို့ ကြေညာပါတယ်။

တောင်ကိုရီးယား အစိုးရက အခွန်အခများကို ဂန်နန် ကုမ္ပဏီငယ်လေးများမှာ သာမက ငယ်ရွယ်ပြီး စွန့်စားတဲ့ စီးပွားရေး လုပ်ငန်းရှင်များကို ထောက်ပံ့ပေးနေပါတယ်။ အစိုးရက ကုမ္ပဏီငယ်လေးများမှာ မြောက်များစွာ ရင်းနှီးမြှပ်နှံဖို့အတွက် နောက်နှစ်မှာ ဒေါ်လာ ၁၈၁ သန်း အသုံးပြုမယ်လို့ စီစဉ်နေပါတယ်။

တောင်ကိုရီးယားရဲ့ ကုမ္ပဏီငယ်လေးများ ကဏ္ဍမှာ မပါ၀င်သေးတာကတော့ သူတို့ရဲ့ နိုင်ငံတွင်း ကုမ္ပဏီငယ်လေးများကို ၀ယ်ယူလေ့ရှိတဲ့ Google, Facebook, Yahooတို့လို ကုမ္ပဏီကြီးတွေပါပဲ။

Samsung, LG, SKနဲ့ အခြားတောင်ကိုရီးယား လုပ်ငန်းစုကြီးများကတော့ နိုင်ငံတွင်း ကုမ္ပဏီငယ်လေးများကို နှိမ့်ချဆက်ဆံကြပြီး ကုမ္ပဏီငယ်လေးများကို ၀ယ်ယူဖို့ ငွေကြေးများစွာ ပေးခြင်းဟာ ရှုံးနိမ့်ခြင်းလို့ ယုံကြည်နေကြောင်း Flittoရဲ့ Leeက ပြောပါတယ်။

ကုမ္ပဏီကြီးတွေဟာ ကုမ္ပဏီငယ်လေးများ အပေါ်မှာ ယုတ်ညံ့တယ်လို့ ၀န်မခံချင်ကြဘူးလို့ သူကပြောပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။