Apps, Review

Android နဲ့ Window ဖုန်းတွေမှာ ထည့်မည့် kill-switch ဖီးချား

Google နဲ့ Microsoft က သူတို့ရဲ့ Android ဖုန်းနဲ့ Window ဖုန်း အိုအက်စ်တွေမှာ “kill-switch” ဖီးချားကို ထပ်ထည့်သွားဖို့ရှိပါတယ်။ ဒီဖီးချားက သင့်ရဲ့ဖုန်းဟာ တစ်ခုခုကြောင့် အခိုးခံရရင် ဖုန်းတစ်ခုလုံးကို လုံးဝ သုံးလို့မရတော့အောင် စွမ်းဆောင်ပေးနိုင်သော ဖန်ရှင်ဖြစ်ပါတယ်။ တာဝန်ရှိသူတွေကတော့ နည်းပညာအဖွဲ့ကို ဒီဖီးချားဟာ ဖုန်းပျောက်ဆုံးမှုကို တကယ်ပဲ ကူညီပေးနိုင်တာလားဆိုတာကို မေးမြန်းနေကြပါတယ်။ တကယ်လို့ တကယ် အသုံးဝင်မယ်ဆိုရင်လည်း မြန်မြန်လုပ်ဆောင်ဖို့ တိုက်တွန်းနေကြပါတယ်။ တချို့လူတွေကတော့ ဒီ “kill-switch” ဖီးချားဟာ တကယ်ကော ပြဿနာကို ဖြေရှင်းနိုင်ပါ့မလားဆိုတာကို ငြင်းခုံနေကြပါတယ်။ Apple နဲ့ Samsung ကတော့ အကြီးဆုံး ဖုန်းထုတ်လုပ်သူတွေပီပီ ဒီဖီးချားနဲ့ ခပ်ဆင်ဆင် ဖန်ရှင်တွေကို သူတို့ရဲ့ စွမ်းဆောင်ရည်မြင့် ဖုန်းအချို့မှာ ထည့်သွင်းပေးထားပါတယ်။ သို့ပေမယ့် တကယ်တည်း အကျိုးသက်ရောက်မှု နည်းပါတယ်။ Google နဲ့ Microsoft ကတော့ ဒီ “kill-switch” ဟာ ကမ္ဘာမှာ တတိယမြောက် ပေါ်ပျူလာ အဖြစ်ဆုံး အိုအက်စ်ရဲ့ အစိတ်အပိုင်းတစ်ခုလို့ ပြောနေကြပါတယ်။

ကြီးမားလာသော ပြဿနာ
ဖုန်းခိုးခံရမှုဟာ ကမ္ဘာမှာ တစ်စစဖြစ်ရာကနေ ကြီးမားတဲ့ ပြဿနာတစ်ခုအသွင်ကို ကူးပြောင်းလာပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ ယနေ့ခေတ် ဆော့ဝဲလ်တွေရဲ့ တိုးတက်မှုကြောင့် ဖုန်းကိုင်ဆောင်သူရဲ့ ကိုယ်ရေးအချက် အလက် တော်တော်များဟာ ဖုန်းထဲမှာ ရှိနေတာကြောင့် ဖုန်းအခိုးခံရတာဟာ လူတစ်ယောက်ရဲ့ ကိုယ်ရေးအချက် အလက်တွေ ခိုးခံရသလိုမျိုး ဖြစ်ပါတယ်။ ယူအက်စ်က တာဝန်ရှိသူတွေ မှတ်တမ်းတင်ထားမှု အရတော့

  • ၂၀၁၃ ခုနှစ်က ယူအက်စ်မှာ မိုဘိုင်းပစ္စည်းပေါင်း ၃.၁ မီလီယံ အခိုးခံရတယ်၊ ၂၀၁၂ တုန်းကဆိုရင် အဲဒီထက် ၂ ဆနီးပါးလောက် အခိုးခံရတယ်။
  • ဥရောပနိုင်ငံတွေမှာဆိုရင် ၂၀၁၃ ခုနှစ်တုန်းက ယူအက်စ်ရဲ့ သုံးပုံတစ်ပုံလောက် အခိုးခံရတယ်။
  • တောင်ကိုးရီးယားမှာ ဖုန်းခိုးခံရမှုဟာ ၂၀၀၉ ကနေ ၂၀၁၂ အတွင်းမှာ ၅ ဆလောက် မြင့်တက်လာတယ်။
  • ကိုလံဘီယာမှာ ၂၀၁၃ ခုနှစ်က ပစ္စည်းပေါင်း ၁ မီလီလောက် ခိုးမှုတွေ ဖြစ်ပွားခဲ့တယ်။

ဒီပြဿာနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် မူဝါဒချမှတ်သူတွေဟာ စမတ်ဖုန်းများ လုံခြုံစိတ်ရအောင်ဆိုပြီး တွေ့ဆုံပွဲ တစ်ခုကို စတင်ခဲ့ကြတယ်။ အဲဒီရလဒ်အနေနဲ့ သူတို့က မိုဘိုင်းပစ္စည်းတွေကို ခိုးခံရမှု နည်းစေရန်အတွက် နည်းပညာအဖွဲ့တွေကို သူတို့ထုတ်တဲ့ မိုးဘိုင်းပစ္စည်းတွေကို ဆွဲဆောင်မှုနည်းအောင် လုပ်ဖို့ တိုက်တွန်းခဲ့ကြတယ်။ အခုထွက်လာတဲ့ “kill-switch” ဖီးချားဟာ သုံးရလွယ်ကူပြီး မြင့်မားတဲ့ မာတီမီဒီယာ စွမ်းဆောင်ရည် ပစ္စည်းတွေနဲ့လည်း တွဲဖက် အသုံးပြုနိုင်ပါတယ် လို့ နယူးယောက်က Attorney ဂျန်နရယ်က မှတ်တမ်းမှာ ပြောခဲ့ပါတယ်။ တာဝန်ရှိသူတွေကတော့ အရင်နှစ် စက်တင်ဘာမှာ ထုတ်ခဲ့တဲ့ iOS 7 အိုအက်စ်ကို run ထားတဲ့ iPhone တွေမှာမိတ်ဆက်ထားတဲ့ Apple ရဲ့ ဖီးချားတစ်ခုကတော့ အခိုးခံရမှု အများအပြားကို ကူညီနိုင်ခဲ့တယ်လို့ ပြောပါတယ်။

နယူးယောက်က Attorney နယ်မြေ ဂျန်နရယ်ရဲ့ မှတ်တမ်းအရတော့
၂၀၁၄ ခုနှစ် ပထမ ၅ လမှာတော့ နယူးယောက်မှာ Apple ပစ္စည်းပေါင်း ၁၇ ရာခိုင်နှုန်းလောက် လျော့ကျခဲ့တယ်လို့ ပြောပါတယ်။ အရင် ၆ လလောက်ကနဲ့ နှိုင်းရမယ်ဆိုရင် Apple က ဖီးချားအသစ်ကို မိတ်ဆက်ပြီးနောက်ပိုင်း ၆ လအတွင်းမှာ လန်ဒန်မှာ ၂၄ ရာခိုင်နှုန်းနဲ့ ဆန်ဖရန်စ္စကိုမှာ ၃၈ ရာခိုင်နှုန်းလောက် iPhone အခိုးခံရမှု လျော့ကျခဲ့တယ်လို့ ပြောပါတယ်။ အဲဒီအချိန်အတောအတွင်းမှာပဲ တခြားမိုဘိုင်း ပစ္စည်းတွေမှာ အခိုးခံရမှုဟာ တိုးပွားလာခဲ့တယ်လို့ ပြောပါတယ်။

Frost & Sullivan အတိုင်အပင်ခံ စည်းပွားရေးလုပ်ငန်းကြီးရဲ့ မန်နေဂျင်း ဒါရိုက်တာ မာနို မီနန်ကတော့ ဒီအပြောင်းအလဲဟာ မှန်ကန်တဲ့ လမ်းကြောင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ “ ဒါဟာ အရမ်းကို အလွန်ကောင်းသော အပြောင်းအလဲပါပဲ၊ တာဝန်ရှိသူတွေကို မိုဘိုင်းပစ္စည်းအခိုးခံရတဲ့ အမှုတွေမှာ ပိုပြီးတော့ အထောက်အပံ့ ပေးတဲ့ ဒီနည်းပညာလေးက တကယ်ကို တန်ဖိုးရှိတဲ့ တီထွင်မှုလေးပါ” လို့ ပြောခဲ့ပါတယ်။ ဒါဟာ အရမ်းရိုးရှင်းတဲ့ စနစ်တစ်ခုတော့ မဟုတ်ပါဘူး၊ ဒါကြောင့် ဖုန်းသူခိုးတွေအနေနဲ့ ဖုန်းရဲ့အစိတ်အပိုင်းတွေကို ဘယ်လိုမျိုး legal access ရဖို့ လုပ်မလဲဆိုတာတော့ တော်တော်ခက်ခဲတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ပြီးတော့ ဒီ “kill-switch” ဖီးချားအသစ်ဟာ ဒီမိုဘိုင်းပစ္စည်းတွေကို ခိုးခံရမှုကိုတော့ အများအပြား လျော့ချနိုင်မယ်လို့ မျှော်လင့်မိပါတယ် လို့ သူကပြောကြားသွားခဲ့ပါတယ်။

author-avatar

About Kaung Sint Aung

ခင်ဗျားမှာ ခံယူချက်ဆိုတာ မရှိသေးသရွေ့တော့ ဘယ်အရာကမှ အရေးကြီးမှာ မဟုတ်ပါဘူး။ ခံယူချက်ဆိုတာရှိနေပြီဆိုရင်တော့ အဲဒိခံယူချက်လောက် ဘယ်ဟာကမှ အရေးမကြီးတော့ပါဘူး။ Nothing really matters unless you have a code! May be sharing the things what I know to the audiences to be pleased is my code! Sincerely I am not a writer or author, I am learning how to write and sharing or translating what's going on over the world! Sometimes I combined my opinions or thinking to that articles. I'm really welcome of your some advises or opinions as your perspective about my articles, just point me out! It can really drive home to be a better writer or author to me! Thanks!

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *