Featured, News

ကမ္ဘာ့အမြင့်ဆုံးနဲ့ အမြန်ဆုံးသစ်သား Roller Coaster

ကမ္ဘာ့အမြင့်ဆုံးနဲ့ အမြန်ဆုံးသစ်သား Roller Coaster

Goliathလို့ အမည်ပေးထားတဲ့ Roller Coasterဟာ ကမ္ဘာ့အမြင့်ဆုံး၊ အမတ်စောက်ဆုံးနဲ့ အမြန်ဆုံး သစ်သား Roller Coaster အဖြစ် ကမ္ဘာ့စံချိန်သုံးခုကို ချိုးဖျက်နိုင်ခဲ့ပါပြီ။ Roller Coasterရဲ့ အမြင့်ဟာ ၁၈၀ ပေအထိရှိပြီး အမြန်ဆုံးအရှိန်အနေနဲ့ တစ်နာရီကို ၇၂မိုင် မောင်းနှင်နိုင်ပါတယ်။

Goliathကို စီးနင်းရာမှာ ချောမွတ်စေဖို့အတွက် ဒီဇိုင်နာများဟာ သစ်သားနဲ့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ Roller Coasterကို တစ်ပတ်စီးနင်းရတဲ့အချိန်ဟာ တစ်မိနစ်နဲ့ ၁၅ စက္ကန့်သာကြာမြင့်ပါတယ်။

Roller Coasterကို ပထမဆုံးစီးနင်းခွင့်ရတဲ့ အသက် ၈၈ နှစ်အရွယ် John Murmanက” ရိုလာကိုစတာရဲ့ လိမ်လည်ကွေ့ပတ်မှုတွေက မယုံနိုင်စရာပါပဲ။ ပထမဆုံး အောက်ကိုထိုးဆင်းတဲ့နေရာဟာ စိတ်လှုပ်ရှားစရာကောင်းပေမယ့် အေးအေးဆေးဆေးပါပဲ။ ကွေ့ပတ်မှုတွေ၊ အချိုးအကွေ့တွေ၊ အရှိန်တွေဟာ ရိုလာကိုစတာကနေ ပြုတ်ကျသွားသလိုခံစားရပါတယ်။ စီးနင်းပြီးတဲ့အချိန်မှာ ရိုလာကိုစတာမှာ ကျွန်တော်ရှိနေသေးတာ ဘုရားမတာပါပဲ။”လို့ သူ့ရဲ့ အတွေ့အကြံုကိုပြောပြပါတယ်။

စီးနင်းသူတွေကို ခေါင်းဇောက်ထိုးကျစေတဲ့နေရာတွေမှာ သစ်သားကို အသုံးပြုထားတဲ့ ရိုလာကိုစတာတွေဟာ ရှားပါးပါတယ်။ ဒါပေမယ့် Goliathဟာ ဒီလိုလုပ်ဖို့ ဒီဇိုင်းလုပ်ထားတာပါ။

ရိုလာကိုစတာကို တည်ဆောက်တဲ့ Rocky Mountain Construction Companyကို ပိုင်ဆိုင်သူ Fred Grubbက သူတို့ဟာ အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိုးအကွေ့များဖြစ်အောင် စတီးအလွှာများနဲ့ သစ်သားများကို အသုံးပြုတယ်လို့ပြောပါတယ်။ Goliathကို ဒီထက်ပိုကြီးအောင်၊ ပိုမြန်အောင်၊ ပိုကောင်းအောင်နဲ့ ပိုစိတ်လှုပ်ရှားစရာကောင်းအောင် ဆက်လက်တည်ဆောက်မှာပါလို့ Grubbက Chicago Timesကိုပြောပါတယ်။

Goilathဟာ Illinois ပန်းခြံမှာရှိတဲ့ ရိုလာကိုစတာ ၁၄ ခုထဲမှ တစ်ခုဖြစ်ပြီး ပန်းခြံမှာ ကလေးများအတွက် ရေပန်းဥယျာဉ်၊ ဖျော်ဖြေရေးများပါရှိပါတယ်။

“ ကျွန်တော်တို့ဟာ ရိုလာကိုစတာလောကမှာ ထူးခြားဆန်းသစ်တဲ့ အတွေးအခေါ်များကို အမြဲရှာဖွေနေပါတယ်။ ရိုလာကိုစတာ တီထွင်မှုနယ်ပယ်မှာ ဦးဆောင်နိုင်မယ့် နည်းပညာများကိုလည်း အမြဲရှာဖွေနေပါတယ်။” လို့ ပြောရေးဆိုခွင့်ရှိသူ Katy Enriqueက ABC Newsကို ပြောပါတယ်။

1

2

3

4

5

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *