Mobile, Review

LG G3နဲ့ Samsung Galaxy S5 ကို နှိုင်းယှဉ်သုံးသပ်ခြင်း

LG G3နဲ့ Samsung Galaxy S5 ကို နှိုင်းယှဉ်သုံးသပ်ခြင်း

တောင်ကိုရီးယား အခြေစိုက် LGရဲ့ စမတ်ဖုန်းအကောင်းစား G3 ကတော့ မြန်မာပြည်မှာ မကြာခင် ၀ယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ အဆိုပါစမတ်ဖုန်းအား မိတ်ဆက်ပြသ ပွဲထုတ်သည့်အခမ်းအနား (Launching Event) ကိုလည်း ဇူလိုင်လ ၅ ရက်နေ့၊ Park Royal Hotel တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် တောင်ကိုရီးယား အခြေစိုက်ပဲ ဖြစ်တဲ့ Samsung Galaxy Series တွေထဲက နာမည်ကြီး Galaxy S5 ဖုန်းနဲ့ နှိုင်းယှဉ် သုံးသပ်ချက်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီလို သုံးသပ်ဆွေးနွေးရခြင်း ကတော့ ၀ယ်ယူမယ့်သူ (Customer) တွေ အနေနဲ့ ဘယ်ဖုန်းကို ဘယ်လိုအချက်အလက် တွေကြောင့် ၀ယ်ယူသုံးစွဲသင့်တယ်ဆိုတာ သေသေချာချာ သိရှိနိုင်စေဖို့ပဲ ဖြစ်ပါတယ်။

Display

စမတ်ဖုန်း တစ်လုံးမှာ အရင်ဦးဆုံး ကြည့်ကြတာက မျက်နှာပြင်လို့ ခေါ်တဲ့ Display ပါ။ LG G3 ဖုန်းမှာက မျက်နှာပြင်အကျယ် 5.5 လက်မ 1440 x 2560 pixels ရှိကာ မည်သည့်ဖုန်းမှာမှ မရှိသေးသောထူးခြားသည့် Quad HD (HD ထက် ၄ ဆ သာလွန်ကောင်းမွန်သော) Display တပ်ဆင်ပေးထားပါတယ်။ Galaxy S5 မှာက Full HD ဖြစ်ကာ မျက်နှာပြင်အကျယ်က 5.1 လက်မ (1080 x 1920 pixels) မို့လို့ Screen အရည်အသွေးကောင်းကောင်း နှစ်သက်သူတွေ အနေနဲ့ စဉ်းစားရမယ့် အချက်တစ်ခု ဖြစ်ပါတယ်။

Hardware & OS

Android OS ကိုကြည့်ရင်လည်း ဖုန်းနှစ်မျိုးလုံးက Android 4.4.2(KitKat) သုံးထားကြတာ မို့လို့အတူတူပါပဲ။ Chipset အနေနဲ့ ကလည်း LG G3 မှာရော Galaxy S5 မှာပါ နာမည်ကြီး Qualcomm မှ နောက်ဆုံးထုတ်လုပ် ထားတဲ့ Snapdragon 801 ချစ်ပ် ကိုတပ်ဆင် ထည့်သွင်းထားတာ ဖြစ်ပါတယ်။

CPU, GPU

CPU မှာတော့ ဖုန်းနှစ်မျိုးလုံးဟာ တကယ်ကို တူညီနေပါတယ်။ Quad-core 2.5 GHz Krait 400 CPU ကို တပ်ဆင်ထားပြီး ဖုန်းရဲ့ ရုပ်ထွက် ဂရပ်ဖစ်နဲ့ အန်နီမေးရှင်းတွေ အတွက်လည်း GPU ကို LG G3 နှင့် S5 က နာမည်ကြီး Adreno 330 တပ်ဆင်ပေးထားပါသည်။ သို ့ပေမယ့် မတူညီတဲ့ Quad HD Display ကြောင့် သာမန်ထက် ရုပ်ထွက်အားတော့ LG G3 က ပိုသာလွန်နေပါလိမ့်မယ်။

Security

လုံခြုံရေး စနစ်မှာလည်း LG G3၌ မည်သည့် Smart Phone မှာမှ မရှိသေးသော Knock Code System ပါဝင်ပါသည်။ Knock Code System သည် သာမန် လုံခြုံပါသည်ဆိုသော Finger print ထက်ပို၍ လုံခြုံမူရှိသည်။ Smasung S5 တွင်တော့ Knock Code System မပါရှိသေးပေ။ Security မြင့်မားမူကို သဘောကျသော သူများအတွက် LG G3 ကတော့ ပို၍အဆင်ပြေသည်။

Memory

စမတ်ဖုန်းတစ်လုံးမှာ Memoryကလည်း အရေးပါတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ LG G3 တွင် Memory 16GB, 2GB RAM/32GB, 3GB RAM နှစ်မျိုးပါရှိပြီး Samsung Galaxy S5 မှာတော့ 16/32 GB storage, 2 GB RAM ထည့်သွင်းပေးထားပါသည်။ Memory ကွာခြားမှုကြောင့် မိမိရဲ့ Data များထည့်သွင်း သိမ်းဆည်းမှု၊ အင်တာနက် လျင်မြန်မှုတွေမှာ သိသာထင်ရှားစေမှာပါ။

Camera

ကင်မရာပိုင်းမှာလည်း G3 မှာ 13MP အရည်အသွေး ဖြင့် 4160 x 3120 pixels နှင့် phase detection/laser autofocus, optical image stabilization, ကာ LED Flash မှာတော့ S5 ထက် သာလွန်သော Flash dual tone ပါဝင်ပါသည်။

Galaxy S5 ကတော့ 16 MP, 5312 x 2988 pixels, phase detection autofocus, Dual Shot ပါဝင်ပြီး 16MP ရှိပေမယ့် premium level သာရှိကြောင်း သိရပါတယ်။ LG G3 ၏ ထူးခြားသော Laser Auto Focus မှာ အမှောင်ထဲမှာလည်း ကောင်းမွန်ပြတ်သားသောပုံကို ရယူနိုင်ယုံမျှမက ပစ်စည်း ၁၀ မျိုးကို တစ်ပြိုင်တည်း Focus ထား၍ Professional Camera များကဲ့သို့သော အနီးအဝေးဖြင့် ချိန်ဆ ရိုက်ယူနိုင်သည်။

Connectivity

ကွန်ရက်ချိတ်ဆက် သုံးစွဲနိုင်မှုနဲ့ ပတ်သက်ပြီး ဖုန်းနှစ်မျိုးလုံးဟာ 2G, 3G, 4G ကွန်ရက်တွေ အသီးသီးမှာ ချိတ်ဆက် နိုင်ပါတယ်။ “Micro-SIM” ထည့်သွင်း သုံးစွဲရမှာ ဖြစ်ပါတယ်။

Design, Body & Battery

Battery ပိုင်းမှာတော့ အနည်းငယ် ကွာခြားပါတယ်။ LG G3 က Li-Ion 3000 mAh battery သုံးစွဲထားပြီး 565 hr (2G), 553 hr (3G) နာရီ အသုံးခံ၍ ဖုန်းပြောရန်အချိန်မှာ 19 hr (2G), 21 hr (3G) နာရီအသုံးခံပါသည်။ Samsung Galaxy S5 ကတော့ Li-Ion 2800 mAh battery ကိုအသုံးပြုထား ပြီး 390 hr နာရီအသုံးခံပါသည်။ ဖုန်းပြောချိန်မှာ တော့ 21 hr သာသုံးနိုင်ပြီး music ကိုတော့ 67 hr သုံးစွဲချိန်ပေးထားပါသည်။ ထူးခြားချက်မှာတော့ LG G3 က 2G နှင့် 3G အတွက်ခွဲပေးထားပြီး Battery Life မှာ Samsung S5 ထက်ပိုနေကြောင်းတွေ့ရှိရသည်။

ဒါ့အပြင် LG G3 ၏ ကောင်းမွန်သော အချက်များမှာ Quad HD Display, Knock code System နှင့် Laser Auto Focus ပါဝင်မူတို့ပဲ ဖြစ်သည်။ အသံ စနစ်မှာလည်း ထင်ရှားပြတ်သား၍ Sound Box များနှင့် နားထောင်နေရသည့် အလား အနုပညာရသကို အပြည့်အဝပေးစွမ်းနိုင်သည်။ ဘေးဘောင်များတွင် မည့်သည့်ခလုတ်မျှ မပါဝင်သော Smart Phone တစ်လုံးဖြစ်သောကြောင့် ဒီဇိုင်းနှင့်ပတ်သက်လို့ ငြင်းစရာမရှိတာ အမှန်ပါ။ ထို့အပြင် ထူးခြားလှပတဲ့ ပေါ့ပါးသော သတ္တုဘောင်ရဲ့အလှကြောင့် ကိုင်ဆောင်သူ အကြိုက်တွေ့စေမှာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *