How-to

ကောင်းမွန်တဲ့ Passwords တွေပြုလုပ်အသုံးပြုနည်းများ

ကွန်ပြူတာ အသုံးပြုသူတွေအနေနဲ့  Windows User Password , Online Accounts တွေက Passwords တွေနဲ့မလွတ်ကင်းနိုင်ပါဘူး။ Passwords တွေကို ပြုလုပ်ဖို့အတွက် အခြေခံ နည်းစနစ် တွေကိုသိရှိအသုံးပြုသင့်ပါတယ်။ဒါမှသာ သင့် Passwords တွေကို တစ်ခြားသူတွေ မဖောက်ထွင်းနိုင်မှာပါ။

Passwords တွေပြုလုပ်တဲ့အခါလိုက်နာသင့်သောနည်းများ။

1.ဖောက်ထွင်းရခက်တဲ့ Passwords တွေအသုံးပြုပါ။

ဖောက်ထွင်းရ ခက်တဲ့ Passwords တွေပြုလုပ်ဖို့အတွက်တိတိကျကျ စည်းကမ်းသတ်မှတ်ထားတာတော့ မရှိပါဘူး။  ရှည်လျားပြီး ရှုပ်ထွေးတဲ့ စကားလုံးတွေကိုအသုံးပြုမယ်ဆိုရင် ဖောက်ထွင်းရခက်တဲ့ Passwords လို့သတ်မှတ်နိုင်ပါတယ်။

Passwords တွေကို အနည်းဆုံး စကားလုံး (၁၆) လုံး အသုံးပြုသင့်ပါတယ်။ နောက်ပြီး Special Characters , Letters, Numbers ,Uppercase /Lowercase Letters စတာတွေကိုထည့်သွင်းအသုံးပြုသင့်ပါတယ်။ Passwords အရှည်ကြီးပေးလို့ မှတ်ရတာခက်နေရင် Password Manager တွေကို အသုံးပြုပါ။ Password Manager တွေအသုံးပြုရင် Master Password တစ်ခုသာမှတ်ထားရမှာဖြစ်ပြီး တစ်ခြား Password တွေကို မေ့ထားလို့ရပါပြီ။ Password Manager က မှတ်ထားပေးပါလိမ့်မယ်။

2.မတူညီတဲ့ Passwords တွေအသုံးပြုပါ။

အင်တာနက်မှာ ၀က်ဆိုက် တွေက Passwords တွေဖောက်ထွင်းခံရတဲ့ သတင်းတွေ က ခနခန ကြားနေရပါတယ်။ အဲဒီအတွက် ၀က်ဆိုက်တစ်ခုက သင့် Passwords ကို တစ်ခြားသူကသိသွားရင် တစ်ခြား ၀က်ဆိုက်တွေကို ပါဖောက်ထွင်းခံရနိုင်ပါတယ်။

3.Dictionary ထဲမှာမပါတဲ့ စကားလုံးတွေအသုံးပြုပါ။

Passwords တွေကို ဖောက်ထွင်းတဲ့သူတွေက Dictionary နဲ့လိုက်တိုက်စစ်တဲ့နည်းကိုအသုံးပြုလေ့ရှိပါတယ်။ အဲဒီအတွက် Dictionary ထဲက စကားလုံးတွေကို အသုံးပြုရင် သင့် Password  က ဖောက်ထွင်းခံရနိုင်ပါတယ်။

4.Password Manager တွေအသုံးပြုပါ။

ရှည်လျားပြီးခက်ခဲတဲ့ Passwrods တွေကို ပြုလုပ်ဖို့နဲ့ မှတ်သားထားဖို့ ဆိုတာ မလွယ်ကူပါဘူး။ အဲဒီအတွက် Password Manager တွေကိုအသုံးပြုပါ။

LastPass Password Manager က ဖောက်ထွင်းရခက်တဲ့ Password တွေပြုလုပ်ပေးနိုင်ပြီး မှတ်သားပေးနိုင်ပါတယ်။ Browser တွေမှာလည်း Password Manager တွေ Built-in ပါရှိပြီး အသုံးပြုနိုင်ပါတယ်။ Browser တွေရဲ့  Password Manager တွေရဲ့  အားနည်းချက် ၊အားသာချက် တွေကို နှိုင်းယှဉ်ရေးသားပေးထားပြီး ဒီဆောင်းပါး မှာလေ့လာပါ။

5.Two-Step Verification ကိုအသုံးပြုပါ

Google အပါအ၀င် ၀က်ဆိုက်တစ်ချို့က Two-Step Verification ကို အသုံးပြုခွင့်ပေးထားပါတယ်။ Two-Step Verification ဆိုတာကတော့ သင့် အကောင့်ကို Password နှစ်ထပ် နဲ့ကာကွယ်ပေးထားတာဖြစ်ပါတယ်။ Two-Step Verification အသုံးပြုခွင့်ပေးထားတဲ့ ၀က်ဆိုက်တိုင်းမှာ အဲဒီ Security Feature ကိုအသုံးပြုသင့်ပါတယ်။

Passwords တွေကို ဖောက်ထွင်းရခက်အောင်ပြုလုပ်တဲ့နည်းတွေအပြင် တစ်ခြား သိထားသင့်တဲ့ အချက်တွေလည်းရှိပါသေးတယ်။

1.အများသုံးကွန်ပြူတာတွေအသုံးပြုရင် သတိပြုပါ။ အဲဒီ ကွန်ပြူတာတွေမှာ Malware တွေရှိနိုင်ပြီး သင့် Passwords တွေကို ခိုးယူနိုင်ပါတယ်။ အဲဒီ လိုကွန်ပြူတာတွေမှာ သင့် Passwords တွေကို အသုံးမပြုသင့်ပါ။ မဖြစ်မနေအသုံးပြုရတော့မယ်ဆိုရင်လည်း အသုံးပြုပြီးရင် အကောင့်တွေကို Log out လုပ်ပါ။ Browser ရဲ့  Settings ထဲကနေ Cache, Cookies, History တွေကို ရှင်းပါ။

2.သင့် Passwords တွေကို သူငယ်ချင်း၊မိတ်ဆွေ၊ မိသားစု၀င်တွေကို အသိမပေးပါနဲ့ ။ ၀က်ဆိုက်တွေက အီးမေးပို့ပြီး တောင်းရင်လည်း မထည့်သင့်ပါ။ ဒီနည်းကို Passwords ခိုးသူတွေက အဓိကအသုံးပြုတဲ့အတွက် Google အပါအ၀င် ၀က်ဆိုက်တော်တော်များများက အီးမေး ပို့ပြီး Password တောင်းဆိုခြင်းမပြုပါဘူးလို့ပြောကြားထားပါတယ်။

3.အင်တာနက်မှာ ၀က်ဆိုက်တစ်ခု ဖောက်ထွင်းခံရရင် သတင်းတွေတက်လာတတ်ပါတယ်။ အဲဒီ လိုသတင်းတွေတက်လာရင် သင့် Password တွေကို အမြန် ပြောင်းပေးပါ။

4.Firefox ရဲ့  Password Manager ကို Master Password နဲ့ကာကွယ်ထားလို့ရပါတယ်။ Chrome မှာတော့ ဒီလိုကာကွယ်ထားလို့မရတဲ့အတွက်သင့်ကွန်ပြူတာကို တစ်ခြားသူတွေအသုံးပြုရင် သင့် Passwords တွေကို အလွယ်တကူသိနိုင်ပါတယ်။ Chrome ရဲ့ Password Manager ကိုအသုံးမပြုဘဲ LastPass လို Password Manager ကိုအသုံးပြုသင့်ပါတယ်။

5.ဖောက်ထွင်းရလွယ်ကူတဲ့ Passwords တွေကို ဖောက်ထွင်းရခက်တဲ့ Passwords တွေနဲ့ပြောင်းလဲအသုံးပြုပါ။

6.သင့် အီးမေး အကောင့်ကို လုံခြုံအောင် ကာကွယ်ထားပါ။ သင့် အီးမေးအကောင့်ကို တစ်ခြားသူရရှိသွားရင် တစ်ခြား အကောင့်တွေကို ဖောက်ထွင်းလို့ရတဲ့အတွက်ဖြစ်ပါတယ်။

တစ်ခြား အခြေခံကျတဲ့ လိုက်နာသင့်တဲ့ အချက်တွေလည်းရှိပြီး သင့်ရဲ့   Security အတွက် ကွန်ပြူတာ အသုံးပြူသူတိုင်း လိုက်နာသင့်တဲ့အချက်များ ဆောင်းပါးမှာလေ့လာပါ။

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *