News

အန်းဒရွိုက်ဗားရှင်းအသစ် 4.4ကို “KitKat”ဟု အမည်ပေး

Googleမှ ၎င်းတို့၏ အန်းဒရွိုက်ဗားရှင်းအသစ် 4.4ကို “KitKat”ဟု အမည်ပေးလိုက်ပြီ ုဖြစ်သည်။ “KitKat”ဆိုသည်မှာ နာမည်ကြီး ချောကလက်တံဆိပ် တစ်ခုဖြစ်ပြီး Google၏ အမှုဆောင် အရာရှိချုပ်တစ်ဦး ဖြစ်သူ Sundar Pichaiက ကုမ္ပဏီ၏ တရား၀င် Google+စာမျက်နှာတွင် အဆိုပါ အမည်ကို အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းကာလများက အန်းဒရွိုက်ဗားရှင်း 4.4ကို “Key Lime Pie”ဟု ခေါ်ဆိုမည် ဖြစ်ကြောင်း သတင်းများ ထွက်ရှိခဲ့ပြီးနောက် ယခုအခါ “KitKat”ဟု အတည်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

စမတ်ဖုန်းများတွင် အများဆုံးသုံးနေသော OSတစ်ခု ဖြစ်သည့် အန်းဒရွိုက်OSကို ထုတ်လုပ်သည့် Googleအနေဖြင့် ၎င်းတို့၏ ဗားရှင်းများကို စားစရာနာမည် လှလှလေးများ ပေးခဲ့ရာ Cupcake, Donut, Éclair, Froyo, Gingerbread, Honeycomb, Ice Cream Sandwich(ICS)နှင့် Jelly Beanစသည်တို့ ဖြစ်သည်။ “ကျွန်တော် အာရှက ပြန်လာတဲ့အခါ Android KitKatရုပ်တုကြီးနဲ့ ကျွန်တော့်ကို စောင့်ကြိုနေတဲ့ ပုံစံကို တကယ်ပဲ နှစ်ခြိုက်ခဲ့တာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ Candyလို ချိုမြိန်တဲ့ အန်းဒရွိုက်Platformအသစ်ကို ကျွန်တော်တို့ အဖွဲ့လည်း နှစ်သက်တဲ့ KitKatလို့ နာမည်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ၎င်းက ရေးသားခဲ့ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

5 thoughts on “အန်းဒရွိုက်ဗားရှင်းအသစ် 4.4ကို “KitKat”ဟု အမည်ပေး

  1. Kan Gyi says:

    Nice!

  2. Taw Win Tun says:

    ဘာမွလဲဖတ္လို့မရဘူး

    1. Myanmar ICT says:

      Mozilla browser latest version နဲ့အသုံးပြုပေးပါခင်ဗျား

    2. Taw Win Tun says:

      ဟုတ်ကဲ့ အခုလိုပြန်လည်ဖြေကြားပေးသည့်အတွက်ကျေးဇူးအထူးတင်ရှိပါသည်

  3. next version so ….what

Leave a Reply

Your email address will not be published. Required fields are marked *