Apple က နှလုံးရောဂါဖောက်မှုကို ကြိုတင်သိနိုင်တဲ့ Device တစ်ခုကို တီထွင်နေကြောင်း San Francisco Chronicle က ဖော်ပြထားပါတယ်။ သတင်းအရ Apple က နှလုံးရောဂါဖောက်မှုကို ကြိုတင်သိနိုင်တဲ့ Sensor နည်းပညာကို တီထွင်နေပါတယ်။ THX နဲ့ Surround Sound တို့ကို တီထွင်ခဲ့တဲ့ Audio ကျွမ်းကျင်သူက လူတစ်ယောက်ရဲ့ သွေးကြောများထဲမှာ လှည့်ပတ်နေတဲ့ သွေးရဲ့ အသံကို သုတေသန ပြုလုပ်နေတယ်လို့ သိရပါတယ်။
သွေးလှည့်ပတ်တဲ့ အသံကို စောင့်ကြည့်မှာဖြစ်တဲ့အတွက် Apple တီထွင်နေတဲ့ Device ဟာ ခန္ဓာကိုယ်မှာ ၀တ်ဆင်ရမှာဖြစ်ပုံပေါ် ပါတယ်။ အဲဒီ Device ဟာ Apple က ထုတ်လုပ်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ချပ်၀တ်တန်ဆာ ကွန်ပြူတာဖြစ်တဲ့ iWatch စမတ်နာရီ ဖြစ်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
Apple က မကြာမီက ဆေးဝါးကိရိယာ ကျွမ်းကျင်သူ Marcelo Malini Lamego ကို ငှားရမ်း ခဲ့တယ်လို့ လည်း သိရပါတယ်။ ဇန်နဝါရီလတုန်းကလည်း Apple က ကျန်းမာရေး နဲ့ ပတ်သက်တဲ့ iOS Apps များကို ပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ ပါသေးတယ်။
အဲဒီ သတင်းတွေအရ Apple က ချပ်၀တ်တန်ဆာ ကွန်ပြူတာဖြစ်တဲ့ iWatch စမတ်နာရီ ကို ထုတ်ဖော်တော့မလားဆိုတာ စိတ်၀င်စားစရာ ကောင်းပါတယ်။ ချပ်၀တ်တန်ဆာ ကွန်ပြူတာတွေဟာ အခုလက်ရှိအချိန်မှာတော့ လူအများစုရဲ့ စိတ်၀င်စားမှုကို မရရှိသေးပေမယ့် အနာဂတ်မှာတော့ ရေပန်းစားလာမှာဖြစ်ပါတယ် လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ ကျွမ်းကျင်သူတွေက ချပ်၀တ်တန်ဆာ ကွန်ပြူတာ တွေရဲ့ အနာဂတ်ကို ခန့်မှန်းထားကြတဲ့ ဆောင်းပါးကို အောက်ကလင့်မှာ ဖတ်ရှုနိုင်ပါတယ်။