စောင့်စားခဲ့ရတဲ့ ကာလတွေ ကုန်လွန်ပြီး မျှော်လင့်နေတဲ့ အချိန်ကို ရောက်ရှိလာပါပြီ။ ဒါဟာဘာလဲ ဆိုတော့ ကမ္ဘာကျော် နည်းပညာကုမ္ပဏီ Appleအနေနဲ့ ၎င်းတို့ရဲ့ iPhoneအသစ် တွေကို ဒီကနေ့မှာ တရား၀င်ပွဲထုတ် တော့မှာပဲ ဖြစ်ပါတယ်။ သတင်းထွက်ခဲ့တဲ့ iPhoneအသစ်တွေ သာမက iOS 7ကို Freeသတ်မှတ် ပေးမယ့်အပြင် ပရိသတ်တွေကို Surpriseလုပ်မယ့် အစီအစဉ် အချို့လည်း ပါ၀င်မယ်လို့ ခန့်မှန်းရပါတယ်။
ကျင်းပပြီးစီးခဲ့တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ Developerကွန်ဖရင့်မှာ Appleအနေနဲ့ ၎င်းတို့ရဲ့ Mac Proကို ပွဲထုတ်ပြသပြီးတည်းက ထုတ်ကုန်အသစ် ပွဲမထုတ်ခဲ့တာ အခုထိပါပဲ။ ဒါကြောင့်မို့ ဒီပွဲဟာ ယခုနည်းပညာ ရက်သတ္တပတ်ကို ပြောင်းလဲသွားစေမယ့် ပွဲဖြစ်ပြီး iPhoneအသစ် နှစ်မျိုး၊ Wi-Fi Adaptorအသစ် တစ်ခုနဲ့ Mac Book Proအသစ် တစ်မျိုးစသည်ဖြင့် ပွဲထုတ်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ Appleနဲ့ ပတ်သက်ပြီး သတင်းတွေ၊ ခန့်မှန်းပြောကြားချက်တွေ ကတော့အများအပြားပဲ ထွက်ရှိနေခဲ့တာ ကြာပါပြီ။ သို့ပေမယ့် တကယ်တမ်း လက်တွေ့တိတိကျကျ ကိုတော့ Appleကိုယ်တိုင် ဒီကနေ့မှာ တရား၀င်ပွဲထုတ် ကြေညာတော့မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာအိုင်စီတီ ၀က်ဘ်ဆိုဒ်အနေနဲ့ Appleရဲ့ ရုံးချုပ်တည်ရာ အမေရိကန်၊ ကယ်လီဖိုးနီးယားရှိ Cupertinoမှာ ကျင်းပမယ့် ပွဲမှာCEOဖြစ်သူ Mr.Tim Cookရဲ့ မိတ်ဆက်ပြောကြားချက်တွေ၊ Appleရဲ့ထုတ်ကုန် အသစ်အကြောင်းတွေနဲ့ ပွဲကျင်းပပုံတွေကို ပရိသတ်တွေ သိရစေဖို့ အချိန်နဲ့ တစ်ပြေးညီ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီးရဲ့ အခမ်းနားဆုံး၊ လူစိတ်၀င်စားဆုံး မိတ်ဆက်ကြေညာပွဲကို ကမ္ဘာပေါ်က လူတွေနဲ့ အတူသိရဖို့ Myanmar ICT၀က်ဘ်ဆိုဒ်ကို လက်လွတ်မခံဘဲ စောင့်ကြည့်ဖို့ လိုပါတယ်။
Good .. Thanks.. What time start…?
Thanks ! waiting for this time.
So good.
Welcome to BEAT Programming training center!
https://www.facebook.com/photo.php?fbid=226499160839690&set=a.211840582305548.1073741828.206526932836913&type=1&relevant_count=1
http://www.facebook.com/beateducation
how??? tell me the live streaming link pls =D