News

ရေငုပ်ဖုန်းအသွင် ထွက်ရှိလာတဲ့ LG OPtimus GJ

LG ကုမ္ပဏီမှနေပြီး ရေစိုခံဖုန်းတစ်လုံးကို ဈေးကွက်အတွင်း ယခုနှစ်အတွင်း ရောင်းချတော့ မည်ဖြစ်သည်။ LG Optimus GJသည် Optimus Gထက် အနည်းငယ်ရှည်လျားပြီး ထူသည့်အပြင် ရေအောက်မှာ ၃၀မိနစ်ကြာ နေနိုင်ကြောင်း၊ အဆိုပါ ဖုန်းသည် LG မှ ထုတ်လုပ်လိုက်သည့် G Series တွင် ပထမဦးဆုံးသော ရေငုပ်ဖုန်းဖြစ်သည်။

ယခင်က SONYကုမ္ပဏီ မှထုတ်လုပ်ထားသော ရေစိုခံဖုန်း အမျိုးအစားကလည်း ဈေးကွက်အတွင်းတွင် ရောင်းချလျက်ရှိသည်။ တစ်မီတာအနက်ရှိသည့် ရေထဲမှာ မိနစ်သုံးဆယ်ကြာ ရေငုပ်နိုင်သဖြင့် သုံးစွဲသူ များအတွက် ကောင်းမွန်သော ရေစိုခံစမတ်ဖုန်း တစ်လုံးကိုပေးစွမ်းနိုင်မှာ ဖြစ်ကြောင်း LG Electronics ကုမ္ပဏီမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

LG Optimus GJ မှာ 1.5GHz quad-core Krait CPU ကိုအသုံးပြုထားပြီး Qualcomm APQ8064 quad-core Processorကိုပါ အသုံးပြုထားကြောင်း၊ RAM အနေဖြင့် 2GB ပါရှိမည်ဖြစ်သည်။ 16 GB Internal memory ပါရှိပြီး Memory ထပ်ပြီး ဖြည့်သွင်းအသုံးပြုချင်လိုသူများအတွက် 64 GB အထိ Maximum micro SD ကို ထပ်မံအသုံးပြုလို့ရနိုင်မည် ဖြစ်သည်။ IPs panel ကိုအသုံးပြုထားသည့်အတွက် ကောင်းမွန်သော မျက်နှာပြင်ရှုထောင့် မှမြင်တွေ ့နိုင်မှာဖြစ်ပြီး In-cell-touch IPS-LCD panel ပါ၀င်ပြီး 720×1280Pixels Resolution ကိုရရှိမည် ဖြစ်သည်။

Key features of LG Optimus GJ E975W Smartphone
• Powered by Quad-core 1.5 GHz snapdragon s4 Pro MSM9615M + AP8064
• Comes installed 2GB RAM memory
• Comes with inbuilt memory of 16GB
• Runs on Android OS, v4.1.2 (Jelly Bean)operating system
• Equipped with 4.7 inches display
• Supports QWERTY keypad for easy typing
• Supports Micro SD up to 64GB

LG လျှပ်စစ်ပစ္စည်းများအကြောင်း

LG လျှပ်စစ်ပစ္စည်းများ၏ နည်းပညာတီထွင်မှုများသည် ကမ္ဘာပေါ်တွင် ဦးဆောင်လျက်ရှိသည်။ LG ကုမ္ပဏီ၏ အဓိကလုပ်ငန်း ငါးခုဖြစ်သည့် Home Entertainment, Mobile Communications, Home Appliance, Air Condition နှင့် Business Solution များမှ ၂၀၀၈ ခုနှစ်တွင် တစ်ကမ္ဘာလုံး ရောင်းချခြင်းမှ ဒေါ်လာ ၄၄ ဒဿမ ၇ သန်းဖိုး ရောင်းချနိုင်ခဲ့ပါသည်။ LG ၏ OLED TV, Flat TV, Audio နှင့် Video ထုတ်ကုန်များ၊ မိုဘိုင်းဟန်းဆက်များ၊ လေအေးပေးစက်များ၊ အ၀တ်လျှော်စက်များသည် ကမ္ဘာတစ်၀န်း ထုတ်လုပ်လိုက် သည့် အကောင်းဆုံး ပစ္စည်းများထဲတွင် ပါ၀င်သည်။ LG သည် Formula 1နှင့် နည်းပညာပိုင်းဆိုင်ရာတွင် လည်း နှစ်ရှည်စာချုပ်ချုပ်ဆိုထားသည်။ ဤကဲ့သို့ အမြင့်ဆုံး ပူးပေါင်းထားမှုများကြောင့် ကမ္ဘာ့အားကစား ပြိုင်ပွဲများတွင်လည်း LG လိုဂိုကို သုံးစွဲခွင့်ရရှိခဲ့ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *