Apps, Featured, How-to, News, Review

Siriကို ပိုမိုအသုံး၀င်စေမယ့် နည်းလမ်းဆယ်ခု

Siriကို ပိုမိုအသုံး၀င်စေမယ့် နည်းလမ်းဆယ်ခု

iOSအတွက် Appleက ထုတ်လုပ်ပေးထားတဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Siriကို ကြိုက်တာရှိသလို မကြိုက်တာတွေလည်း ရှိပါတယ်။ Reminderတွေ ပြုလုပ်တဲ့အခါ၊ စာရေးသားတဲ့အခါမှာ အသုံး၀င်ပေမယ့် ခိုင်းလိုက်တဲ့အလုပ်ကို ပြီးမြောက်မှန်ကန်အောင်မလုပ်နိုင်တဲ့အခါတွေမှာတော့ စိတ်ညစ်စရာကောင်းပါတယ်။ အဲဒါကြောင့်လည်း လူတွေဟာ Siriကို အသုံးမပြုတာလို့ သဘောပေါက်လာပါတယ်။

ဒါပေမယ့် အလျှင်စလိုတော့ သူမကို မပစ်ပယ်ပါနဲ့အုံး။ Google Now, Microsoft’s Cortana, Siriတို့လို အသံနဲ့ ခိုင်းစေနိုင်တဲ့ ကိုယ်ရေးလက်ထောက်တွေဟာ သတင်းအချက်အလက်တွေ ရှာဖွေတာနဲ့ အလုပ်များ လုပ်ဆောင်ရာမှာ အသုံး၀င်ပြီး အချိန်ကုန်သက်သာစေပါတယ်။ အချိန်အနည်းငယ်ပေးပြီး သူမ လုပ်နိုင်တာနဲ့ မလုပ်နိုင်တာကို နားလည်သဘောပေါက်အောင် လုပ်ပါ။ သူမကို စမတ်ကျတဲ့ လက်ထောက်တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးပါ။

ဒီလိုလုပ်ဖို့အတွက် နည်းလမ်းတွေကို စုဆောင်းထားပါတယ်။ အခုမှ စသုံးတဲ့သူများအတွက် အခြေခံ နည်းလမ်းများနဲ့ သုံးနေပြီးသူများအတွက်လည်း မသိသေးတဲ့ အဆင့်မြင့် စွမ်းဆောင်ချက်တွေကို ဖော်ပြမှာပါ။ Appleကတော့ သူမရဲ့ စွမ်းဆောင်ချက်တွေကို ပိုမိုကောင်းအောင် ထည့်သွင်းပေးနေမှာပါ။ ဆောင်းဦးမှာ iOS 8ထွက်ရှိလာရင်လည်း သူမမှာ စွမ်းဆောင်ရည်ပိုမိုများပြားလာမှာပါ။ ဥပမာအနေနဲ့ သူမကို ပုံရိပ်အနေနဲ့ မြင်တွေ့နိုင်မှာ ဖြစ်လို့ သူမဟာ သင့်အမိန့်တွေကို အချိန်နဲ့ တစ်ပြေးညီ ဘယ်လို ဘာသာပြန်လဲဆိုတာ သိနိုင်မှာပါ။ ဖုန်းကို အားသွင်းနေစဉ်မှာလည်း အသံနဲ့ သူမကို နိုးကြားစေမှာပါ။ ဒါကတော့ iOS 8မှာ ပါလာမှာပါ။ အခုလောလောဆယ်မှာတော့ သူမဘာလုပ်ပေးနိုင်လဲဆိုတာ အောက်မှာ လေ့လာပါ။

၁။ သူမ ဘာလုပ်နိုင်လဲဆိုတာ လေ့လာပါ။

သင့် iPhoneမှာ သူမကို မခိုင်းစေဖူးဘူးဆိုရင် Home Buttonကို ဖိထားပြီး “What can you do?” လို့ ပြောပါ။ ဒါဆိုရင် သူမက သူလုပ်နိုင်တဲ့ အရာတွေကို ပြသပေးမှာပါ။ အဲဒီမှာ သူမကို မေးနိုင်တဲ့ မေးခွန်းတွေနဲ့ အမိန့်တွေကို ပြသထားပါတယ်။ ဥပမာ အနေနဲ့ အားကစားပွဲရလဒ်များကို မေးနိုင်ပါတယ်။ Appတစ်ခုကို ဖွင့်ခိုင်းနိုင်ပါတယ်။

နောက်တစ်နည်းက သူမကို နိုးကြားစေပြီးရင် ဘယ်ဘက်အောက်ထောင့်မှ Question Mark Iconကို နှိပ်ရင် သူမလုပ်နိုင်တာတွေကို ပြသပေးမှာပါ။

၂။ သူမ မှားယွင်းရင် ပြောပြပါ။

ပထမဆုံးအကြိမ်တွေမှာ သူမဟာ သင့်အမိန့်တွေကို နားလည်မှုလွဲတတ်ပါတယ်။ ဒါပေမယ့် အနည်းငယ်သည်းခံပြီး သူမကို အမှားတွေကနေ သင်ယူခွင့်ပေးလိုက်ပါ။ သင်ခိုင်းတာကို မှားယွင်းလုပ်ဆောင်ရင် သင့်အမိန့်ကို ကြည့်နိုင်ဖို့ စကရင်ရဲ့ အောက်ခြေကို ပွတ်ဆွဲပါ။ ပြီးရင် Tap to editကို နှိပ်ပြီး မေးခွန်း သို့မဟုတ် အမိန့်ကို ပြင်ဆင်ပေးပါ။ ဒါဆိုရင် သူမဟာ သင့်အမိန့်ကို ခိုင်းတဲ့အတိုင်း ပြုလုပ်ပေးပါလိမ့်မယ်။ သူမက သူ့ရဲ့ အမှားကို မှတ်သားထားနိုင်ပြီး အနာဂတ်မှာ ပြင်ဆင်ပါလိမ့်မယ်။

၃။ နာမည်များကို ဘယ်လို အသံထွက်ရမလဲဆိုတာ သင်ပေးပြီး သင်နဲ့ ပတ်သက်သူများကို ပြောပြပါ။

သူမက သင့် Contactများရဲ့ နာမည်ကို မှားယွင်းအသံထွက်နေရင် သင်က “That’s not how you pronounce his/her name.”လို့ ပြောပါ။ ဒါဆိုရင် သူမက ဘယ်လို အသံထွက်ရမလဲဆိုတာ သင့်ကိုမေးမှာဖြစ်ပြီး ရွေးချယ်စရာ သုံးခုပေးမှာပါ။ ရွေးချယ်ပြီးရင်တော့ သူမက အဲဒီ အသံထွက်ကို နောက်ပိုင်းမှာ ထွက်ဆိုပေးမှာပါ။

သင့် Contactတွေဟာ သင်နဲ့ ဘယ်လို ပတ်သက်လဲဆိုတာကို သူမကို ပြေပြထားနိုင်ပါတယ်။ အဲဒီအတွက် သင့် ဇနီးမယားကို ဖုန်းခေါ်ချင်ရင် “Call My Wife”လို့ အသံနဲ့ ခိုင်းစေလိုက်ရုံပါပဲ။ “Call My Wife”လို့ ပြောလိုက်ရင် သူမက သင့်ဇနီးက ဘယ်သူလဲဆိုတာ မေးပါလိမ့်မယ်။ သင်က သင့်ဇနီးနာမည်ကို ပြောပြလိုက်ပါ။ သူမက သင်ရဲ့ ပတ်သက်မှုတွေကို မှတ်သားထားပါလိမ့်မယ်။

၄။ ဖုန်းကို နားနားကပ်ပြီး သူမကို နိုးကြားစေပါ။

သူမကို နိုးကြားစေဖို့ တစ်နည်းအားဖြင့် Activateလုပ်ဖို့ အများဆုံး အသုံးပြုတဲ့နည်းက Home Buttonကို စက္ကန့်အနည်းငယ် ဖိထားရတာပါ။ ဒါပေမယ့် နောက်တစ်နည်းက ဖုန်းကို နားနားကပ်လိုက်တာပါပဲ။ အဲဒါကိုတော့ ဖုန်းပြောနေစဉ် လုပ်လို့မရပါဘူး။ ဒီနည်းကို သုံးချင်ရင် Settings>Siri ထဲသွားပြီး Raise to Speakကို Enableလုပ်ပါ။

၅။ တည်နေရာ အခြေပြု Reminderများ ပြုလုပ်ပါ။

Reminderများပြုလုပ်ဖို့ သူမကိုခိုင်းရတာ အလွန်အဆင်ပြေပါတယ်။ Reminder Appကို ဖွင့်ပြီး သတင်းအချက်အလက်များ ကိုယ်တိုင် ရေးထည့်ရတာထက် အသံနဲ့ သူမကို ခိုင်းစေနိုင်ပါတယ်။ ဒါ့အပြင် သူမက တည်နေရာ အလိုက်သင့်ကို အသိပေးနိုင်ပါသေးတယ်။

ဥပမာ အားဖြင့် သင်က “ Remind me to pick up the dry cleaning when I leave work”လို့ ပြောလိုက်ပါ။ ဒီလိုခိုင်းစေနိုင်ဖို့ သင့်ဖုန်းရဲ့ Address Bookမှာ သင့်အိမ်၊ အလုပ် လိပ်စာများ ထည့်သွင်းပေးထားရမှာပါ။ ဒါ့အပြင် Location Servicesကို ဖွင့်ပေးထားလားဆိုတာနဲ့ Reminder အတွက်လည်း ဖွင့်ပေးထားလားဆိုတာကို စစ်ဆေးရမှာပါ။ ဒီလို စစ်ဆေးဖို့ Settings>Privacy> Location Servicesထဲသွားပါ။

၆။ Settings များကို ဖွင့်ခိုင်းပါ။

သီးခြား Settingsများကို ဖွင့်ဖို့ သူမကိုခိုင်းပါ။ စွမ်းဆောင်ချက်များကို အဖွင့်၊ အပိတ်လုပ်ဖို့ Settingsနဲ့ Menuများကို ရှာဖွေရတာ အလုပ်ရှုပ်ပါတယ်။ သူမကို ဒီလိုခိုင်းနိုင်ပါတယ်။ “Open Mail Settings” လို့ ခိုင်းရင် အီးမေး Settingsကို ဖွင့်ပေးမှာပါ။ Appတွေကို ဖွင့်ဖို့လည်း ဒီလိုခိုင်းနိုင်ပါတယ်။

၇။ မှတ်စုများနဲ့ အီးမေးများကို ရှာခိုင်းပါ။

နောက်ထပ် အချိန်ကုန်သက်သာစေတဲ့ သူမရဲ့ စွမ်းဆောင်ချက်က အီးမေးနဲ့ မှတ်စုများကို ရှာခိုင်းတာပါ။ အလုပ်နဲ့ ပတ်သက်တဲ့ အီမေးကိုရှာချင်ရင် “Find email about Q3 Projections” စသဖြင့် ခိုင်းစေနိုင်ပါတယ်။

၈။ Messagesများ ဖတ်ပြခိုင်းပြီး Voicemailများ ဖွင့်ခိုင်းပါ။

ကားမောင်းနေရင်း ဖုန်းကစားတာဟာ အန္တရာယ်များပါတယ်။ Messagesတွေ ဖတ်ချင်ရင် ဒါမှမဟုတ် Voicemailတွေ နားထောင်ချင်ရင် သူမကို အသံထွက်ဖတ်ခိုင်းပါ။ “Read my latest email.” , “ Play my voicemail” စတဲ့ အမိန့်များသုံးပါ။ ဒါဆိုရင်သူမက သင့်ကို အသံထွက်ဖတ်ပြပါလိမ့်မယ်။ ပြီးရင် သင်က အသံနဲ့ စာပြန်ဖို့ ပြုလုပ်နိုင်ပါတယ်။

၉။ စားသောက်ဆိုင် ရှာခိုင်းပြီး ဘွတ်ကင်လုပ်ခိုင်းပါ။

သင့်ရဲ့ မင်္ဂလာနှစ်ပတ်လည်ကို မေ့နေပြီး ညစာစားဖို့ အလျှင်အမြန် ဘွတ်ကင်လုပ်ချင်ရင် သူမက ကူညီနိုင်ပါတယ်။ သူမက Yelpနဲ့ OpenTableကနေ အကောင်းဆုံး စားသောက်ဆိုင်တွေနဲ့ ဘွတ်ကင်သတင်းအချက်အလက်တွေကို ရှာပေးနိုင်ပါတယ်။ စားချင်တဲ့ အစားအသောက်အမျိုးအစားကိုလည်း ပြောဆိုပြီး ရှာခိုင်းနိုင်ပါတယ်။ “Find the best French restaurant around”လို့ ပြောလိုက်တာနဲ့ သူမက သင့်တည်နေရာနဲ့ Yelpအဆင့်သတ်မှတ်ချက်တွေပေါ်မူတည်ပြီး ပြသပေးမှာပါ။ “Make reservations for Spruce tonight at 7 pm” လို့ ပြောရင် သူမက OpenTableကနေ ရရှိနိုင်တာကို ပြောပါလိမ့်မယ်။

၁၀။ ပျော်ရွှင်ပါ။

သူမ လုပ်နိုင်တဲ့အရာတွေက အများကြီးပါ။ အဲဒီအတွက် သူမကို ခိုင်းစေရင်း ပျော်ရွှင်စေမှာပါ။ ဘယ်လေယာဉ်က ငါ့ခေါင်းပေါ်ဖြတ်ပျံနေပြီလို့ မေးရင်လည်း သူမက ပြန်ဖြေနိုင်ပါတယ်။ သူငယ်ချင်းနဲ့ အငြင်းအခုန်လုပ်ရင်လည်း သူမက ဒိုင်လုပ်ပေးနိုင်ပါတယ်။ LeBron Jamesနဲ့ Tim Duncan ဘယ်သူပိုကောင်းလဲလို့မေးရင် သူမက အားကစားသမားနှစ်ယောက်ရဲ့ အခြေအနေများကို ပြသပေးမှာပါ။ သူမက သင်္ချာလည်း တွက်တတ်ပါသေးတယ်။

Siriဟာ ပြီးပြည့်စုံတဲ့ ကိုယ်ရေးလက်ထောက်တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်ဘက်က အနည်းငယ် အားထုတ်လိုက်တာနဲ့ သူမက သင့်ရဲ့ အချိန်တွေ ကုန်တာ သက်သာစေဖို့နဲ့ အလုပ်ကိစ္စများ လျှင်မြန်စွာ ပြီးမြောက်စေဖို့ ကူညီပေးနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *