News

Xbox Oneမှာ HDMI Portပါ၀င်ပေမယ့် PS 4ဂိမ်းစက်နဲ့ မချိတ်ဆက်သင့်

လာမယ့် နို၀င်ဘာလထဲမှာ Microsoftမှ ဖြန့်ချိမယ့် Xbox Oneဂိမ်းစက်မှာ ၎င်းတို့ရဲ့ ပြိုင်ဘက် SONYရဲ့ PS 4ဂိမ်းစက် အပါအ၀င် ဘယ်Deviceနဲ့ မဆို တွဲဖက်အသုံးပြု ချိတ်ဆက်နိုင်မယ့် HDMI Portပါ၀င်မှာ ဖြစ်ပေမယ့် အသုံးပြုသူတွေ အနေနဲ့ အဲဒီလိုချိတ်ဆက် မသုံးသင့်ဘူးလို့ Microsoftမှ ပြောကြားလိုက်ပါတယ်။ HDMIဆိုတာကတော့ High-Definition Multimedia Interfaceဖြစ်ပါတယ်။ အစောပိုင်းက ထွက်ရှိထားတဲ့ သတင်းတွေအရ အဆိုပါ Xbox Oneဟာ နို၀င်ဘာ ၂၂ရက်နေ့မှာ ပွဲထုတ် ဖြန့်ချိမှာ ဖြစ်ပြီး ဒေါ်လာ ၅၀၀ခန့် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ထူးခြားချက်ကတော့ အဆိုပါ Xbox Oneဂိမ်းစက်ဟာ Gaming Consoleတစ်ခု အနေနဲ့သာမက TVကြည့်ဖို့၊ ဖျော်ဖြေရေးအစီအစဉ်တွေကို ကြည့်ဖို့ All-In-Oneစနစ် တစ်ခုအဖြစ် ဖန်တီးပေးထား တာပါပဲ။

အဆိုပါ ဂိမ်းစက်မှာ ပါ၀င်မယ့် Kinect Sensorကို Microsoftအနေနဲ့ အဆင့်မြှင့်တင် ပေးထားပြီး Screenကို ထိန်းချုပ်နိုင်ဖို့ Gesture Controlလည်း ပါ၀င်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရုပ်ရှင်ကြည့်ရင်းနဲ့ Skypeသုံးနိုင် သလို TVအစီအစဉ်တွေ အတွက် “TV Guide”ဆိုတဲ့ Featureစတဲ့ အသစ်တွေလည်း များစွာ ထည့်သွင်း ပေးထားမှာ ဖြစ်ပါတယ်။ အဆိုပါ Xbox Oneရဲ့ အဓိကပြိုင်ဘက် ဖြစ်တဲ့ PS 4ကတော့ Xbox Oneထက် တစ်ပတ်စောထုတ်မှာ ဖြစ်ကာ ဈေးနှုန်း ဒေါ်လာ ၄၀၀သတ်မှတ် မယ်လို့ သိရပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

One thought on “Xbox Oneမှာ HDMI Portပါ၀င်ပေမယ့် PS 4ဂိမ်းစက်နဲ့ မချိတ်ဆက်သင့်

Leave a Reply

Your email address will not be published. Required fields are marked *