News

SPရဲ့ Shockproofနည်းပညာ ပါ၀င်တဲ့ HDDအသစ်

Silicon Powerမှ အသစ်ထွက်ရှိလာတဲ့ Shockproof နည်းပညာပါဝင်တဲ့ Taiwan Brand တစ်ခုလည်းဖြစ်တဲ့ Armor A30 HDDလေးနဲ့ မိတ်ဆက်ပေးပါ့မယ်။ HDDရဲ့ မျက်နှာပြင်ပေါ်မှာ hexagonal pattern ပုံစံနဲ့ cover ပြုလုပ်ထားပြီး ထူးခြားတဲ့ design ပုံစံမျိုးဖြစ်အောင် HDDရဲ့ဘေးအပြင်ပတ်လည်တွင် ကြိုးသွားရာလမ်းကြောင်း ပုံစံထွင်းထားတဲ့ ပုံသဏ္႑ာန် ပြုလုပ်ထားပါတယ်။ USB 3.0ပါဝင်တဲ့အတွက် USB 2.0 ထက် data တွေ transfer လုပ်ရာမှာ 10ဆ ပိုမိုမြန်ဆန်စေပါတယ်။ သူရဲ့ထူးခြားချက်က အမြင့်122cm မှပြုတ်ကျခဲ့ရင် ခံနိုင်ရည်ရှိစေမယ့် နည်းပညာလည်း ထည့်ပေးထားပါတယ်။

Cable carry designဖြစ်တဲ့အတွက် ကြိုးသပ်သပ်ကိုင်စရာမလိုတော့ပဲ HDDနဲ့ တွဲသယ်လို့အဆင်ပြေပါတယ်။ Black & White colorနှစ်မျိုးကိုလည်း မိမိကြိုက်ရာ ရွေးချယ်နိုင်ပြီး Warrantyအားဖြင့် 2yearsလည်း ပေးထားပါတယ်။ အကြမ်းခံတဲ့ Design၊ ထူးခြားဆန်းသစ်တဲ့ ပုံသဏ္႑ာန်၊ လှပသေသပ်မူတွေနဲ့ ပေါင်းစပ်ထားတဲ့ အတွက် သုံးစွဲသူတွေကို စိတ်ကျေနပ်မှု ရရှိစေမှာပါ။ Armor A30ကို 500 GB= $60 , 1TB = $81 မိမိကြိုက်နှစ်သက်ရာ ရွေးချယ်၍ Golden Power Technology ,Ph: (226664,210943)နှင့် ကွန်ပျူတာဆိုင်များ အများစုတွင် ဝယ်ယူရရှိနိုင်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *