Apps

သင့် Android Phone မှာအလုပ်တွေအလိုလိုလုပ်ပေးမယ့် Agent

Agent  က Automation Tool နဲ့  Personal Assistant တို့ကိုပေါင်းစပ်ထားတဲ့ App တစ်ခုဖြစ်ပါတယ်။ Agent  က အစည်းအဝေးခန်းထဲရောက်နေရင် အလိုလို Silence လုပ်ပေးပါမယ်။ ကားရပ်ထားတဲ့နေရာကိုအလိုလိုမှတ်ထားပေးနိုင်ပါတယ်။သင်ကားမောင်းနေတဲ့အချိန်မှာ Texts,Phone Calls တွေကိုအလိုလို Respond လုပ်ပေးနိုင်ပါတယ်။ဒါ့အပြင်တစ်ခြားအလုပ်တွေကိုလည်းလုပ်ပေးနိုင်ပါသေးတယ်။

Agent မှာ Agents ငါးခုရှိပြီး  Battery  Agent က  Bluetooth ကိုပိတ်ပေးနိုင်ပါတယ်။  Screen ကို Sleep လုပ်ပေးနိုင်ပါတယ်။Sleep Agent က အားလုံးကို Silent လုပ်ပေးမှာပါ။အရေးကြီးတဲ့ Messages တွေကိုတော့လက်ခံရရှိနိုင်ပါတယ်။Parking Agent ကတော့ ကားရပ်ထားတဲ့နေရာကို မှတ်ထားပေးမှာပါ။ Calendar Agent က Calendar မှာ Appointment ကိုတွေ့ရင် ဖုန်းကို Mute လုပ်ပေမှာပါ။Drive Agent က သင်ကားမောင်းနေတဲ့အချိန်မှာ Incoming Texts တွေကိုအသံထွက်ဖတ်ပေးနိုင်ပါတယ်။ Auto Reply လည်းလုပ်ပေးမှာပါ။

Ashampoo_Snap_02

Ashampoo_Snap_03

Agent တွေကို သင်နှစ်သက်သလို ပြုပြင်ပြောင်းလဲနိုင်ပါတယ်။ဥပမာအားဖြင့် Battery Percentage ကိုသတ်မှတ်ပြီး အဲဒီ ရာခိုင်နှုန်းရောက်ရင် Battery Agent ကိုအလိုလိုအလုပ်လုပ်ဖို့ခိုင်းစေထားနိုင်ပါတယ်။Drive Agent က Auto Response Message ကိုသင်နှစ်သက်ရာပြင်နိုင်ပါတယ်။ Agent ကအသုံးပြုရတာလွယ်ကူပြီး သင့်ဖုန်းကို Control ကောင်းကောင်းလုပ်နိုင်မှာပါ။

နာမည်ကြီးတဲ့ Automation Tool တွေဖြစ်တဲ့ Tasker,Llama,Automagic တို့ကိုသုံးဖူးရင်တော့ Agent ကိုသင်နှစ်သက်မှာမဟုတ်ပါဘူး။ဒါပေမယ့် အဲဒီ Tools တွေကအသုံးပြုရတာရှုပ်ထွေးခက်ခဲလှပြီး Advanced User တွေသုံးကြတာပါ။ သာမာန် User တွေအတွက်တော့ Agent ကသင့်တော်တဲ့ Automation Tool ဖြစ်ပါတယ်။Agent ကို Google Play Store မှာ နှစ်ဒေါ်လာနဲ့၀ယ်ယူနိုင်ပါတယ်။မ၀ယ်ချင်ရင်တော့ Cracked Version တွေကို အင်တာနက်ကရှာပါ။

Checkout Agent

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *