iPhone မှာ အသုံးပြုနိုင်တဲ့ Messenger များစွာ ရှိပေမယ့် အကောင်းဆုံး ကို ရွေးပါဆိုရင် IM+ ကို ရွေးချယ်ချင်ပါတယ်။ အသုံးပြုရလွယ်ကူတဲ့ User Interface ရှိပြီး Chat ၀န်ဆောင်မှုများစွာ ကို Support ပေးပါတယ်။ Encrypted Chat ပါရှိပါတယ်။ နောက်ပြီး အခမဲ့အသုံးပြုနိုင်ပါတယ်။
Features
• AIM/ICQ, Facebook, Google Talk, MSN/Windows Live, Neighbors, and Beep တို့အပါအ၀င် Chat ဝန်ဆောင်မှုများစွာ ကို အသုံးပြုနိုင်ပါတယ်။
• နောက်ကွယ်မှာ Run နေတဲ့အချိန်မှာ Message ဝင်လာရင် အချက်ပြပေးနိုင်တဲ့ Push Notification စွမ်းဆောင်ချက်ပါရှိပါတယ်။
• Video, Voice , Photo Message တွေပေးပို့ရယူနိုင်ပါတယ်။
• Chat History ကို ကြည့်ရှုနိုင်ပါတယ်။
• iCloud ကနေတစ်ဆင့် Settings တွေကို Sync လုပ်နိုင်ပါတယ်။
• IM+ ကို Platform များစွာမှာ အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Android မှာလည်း အသုံးပြုနိုင်ပါတယ်။
• OTR ကို Support ပေးပါတယ်။
• လှပတဲ့ Chat Bubbles များနဲ့ ရိုးရှင်းစွာ အလှဆင်ထားပါတယ်။
• Status ကို အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။
•
Download IM+
အားသာချက်များ
IM+ က အသုံးပြုရတာလွယ်ကူပြီး အပေါ်မှာ ဖော်ပြထားသလို Features များစုံလင်ပါတယ်။ အကောင့်တစ်ခု လွယ်ကူစွာပြုလုပ်နိုင်ပြီး Chat နိုင်ပါတယ်။ သူငယ်ချင်းတွေကို Import လုပ်နိုင်ပါတယ်။ Device များစွာမှာ အကောင့် Settings ကို iCloud ကတစ်ဆင့် Sync လုပ်နိုင်ပါတယ်။ IM+ ကို Web မှာလည်း အသုံးပြုနိုင်ပါတယ်။ Chat History တွေ ကြည့်နိုင်ပါတယ်။ Text, Audio, Video, Photo အားလုံး ပေးပို့ရယူနိုင်ပါတယ်။
အားနည်းချက်များ
IM+ အသုံးပြုသူအချို့ က ဆက်သွယ်မှု နဲ့ ပတ်သက်ပြီး ဝေဖန်ကြပါတယ်။ ဒီလို အတွေ့အကြုံကိုတော့ ကျွန်တော် မကြုံတွေ့ဖူးပါဘူး။ မကောင်းတဲ့အချက်က IM+ ကို အခမဲ့ အသုံးပြုရင် ကြော်ညာတွေကို တွေ့မြင်ရတာဖြစ်ပါတယ်။ Pro Version ကို အသုံးပြုမှသာ ကြော်ညာတွေဖျောက်ပေးမှာဖြစ်ပါတယ်။
ပြိုင်ဖက်များ
BeejiveIM က ငါးဒေါ်လာ တန်ကြေးရှိပါတယ်။ IM+ နဲ့ စွမ်းဆောင်ချက် တူညီပါတယ်။ ကောင်းမွန်တဲ့ App ဖြစ်ပေမယ့် ၀ယ်ယူအသုံးပြုရမှာဖြစ်ပြီး အခမဲ့ App ကို လိုချင်ရင် IM+ ကို သာ အသုံးပြုပါ။
Verb က ရိုးရှင်းမှု ကို အထူးအလေးပေးပြုလုပ်ထားပါတယ်။ ဒါပေမယ့် အသုံးပြုသူများ က Verb ရဲ့ Push Notifications က ကောင်းမွန်စွာ အလုပ်မလုပ်ဘူးလို့ ပြောကြပါတယ်။ စမ်းသပ်အသုံးပြုကြည့်သင့်ပေမယ့် ခေတ်နောက်ကျနေပြီဖြစ်ပြီး အသုံးပြုသူအများစု မနှစ်သက်ကြပါဘူး။
Instant Messaging App တွေကို အသုံးပြုသူတစ်နေ့တစ်ခြား များပြားလာပါတယ်။ IMO က သူ့ရဲ့ ဝန်ဆောင်မှု ကလွဲပြီး အခြား ၀န်ဆောင်မှု အားလုံး ကို Support ပေးခြင်း ကို ရပ်နားတော့မယ်လို့ မကြာမီ က ကြေညာခဲ့ပါတယ်။ အဲဒီအတွက် Chat ဝန်ဆောင်မှုအားလုံးကို App တစ်ခုထဲကနေ အသုံးပြုချင်ရင် IM+ ကို ရွေးချယ်ရမှာဖြစ်ပါတယ်။