News

ရေစိုခံ LG G3 လာမည်

Samsung Galaxy S5 လိုပဲ LG ရဲ့ G3 စမတ်ဖုန်း ဟာ လည်း ရေစိုခံနိုင်မှာဖြစ်ပါတယ် လို့ ET News က ရေးသားထားပါတယ်။ ဒါ့အပြင် ဖုန်မှုန့်ဒဏ်လည်း ခံနိုင်မှာဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းထဲမှာ G3 ရဲ့ ရေစိုခံနိုင်တဲ့ စုံနှုန်း သတ်မှတ်ချက်ကို ဖော်ပြထားခြင်းမရှိပါဘူး။

Samsung Galaxy S5 ရဲ့ စံနှုန်းသတ်မှတ်ချက်က IP67 ဖြစ်ပြီး ရေအနက် တစ်မီတာ အထိ ယူဆောင် အသုံးပြုနိုင်ပါတယ်။ ဖုန်မှုန့်ဒဏ်လည်း အတော်ခံနိုင်ပါတယ်။ Sony Xperia Z2 ရဲ့ စံနှုန်းသတ်မှတ်ချက်က IP55, IP58 ဖြစ်ပြီး ရေအနက် သုံးမီတာ အထိယူဆောင် အသုံးပြုနိုင်ပါတယ်။

LG G3 မှာ ၅.၅ လက်မအရွယ် Display တပ်ဆင်ထားမယ်လို့ LG က အရိပ်အမြွက်ပြောကြားထားပါတယ်။ အခြား သတင်းများအရ Display ရဲ့ Resolution ဟာ 1440×2560 Pixels ဖြစ်ပါတယ်။ အနောက်ဘက်မှာ 16 Megapixel Camera တပ်ဆင်ထားမှာဖြစ်ပြီး Optical Image Stabilization နည်းပညာပါရှိပါတယ်။ Fingerprint Scanner လည်းပါရှိမှာဖြစ်ပြီး LG ရဲ့ Odin Mobile Chipset ကို အသုံးပြုထားမယ်လို့ သိရပါတယ်။

LG G3 ကို မေလ (၁၇) ရက်မှာ ရောင်းချမယ်လို့ ကိုရီးယား ၀က်ဆိုက် Asiae က သတင်းပေးထားပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *