Cameras, Review

Superzoom အသုံးပြုနိုင်တဲ့ Sony HX200 ကင်မရာအသစ်

Sony ရဲ့ HX200 ကင်မရာက ဈေးကွက်ထဲမှာ Superzoom အသုံးပြုနိုင်တဲ့ Semi professional ကင်မရာအသစ်လေးပါပဲ။ ထွက်ရှိထားသည့် ဒီဂျစ်တယ်ကင်မရာများနဲ့

Features
Sony HX200 ရဲ့ အဓိက Feature ဖြစ်တဲ့ Superzoom အသုံးပြုနိုင်ခြင်းကတော့ သံသယမရှိရလေအောင် zoom ဆွဲယူအသုံးပြုနိုင်မည့် ပမာဏကတော့ မြင့်မားပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ 30x ရှိတဲ့ Optical Zoom နဲ့ 28-810mm ရှိတဲ့ Focal range တွေ အသုံးပြုနိုင်လို့ပဲ ဖြစ်ပါတယ်။ အဲဒီ Feature တွေက အရည် အသွေးမြင့်တဲ့ ပုံများကို ရိုက်ကူးနိုင်ဖို့အတွက် ကူညီပေးပါတယ်။ နောက်ပြီး ထူးခြားတာကတော့ Sony’s Clear Image Zoom technology ကိုအသုံးပြုပြီး 30x optical zoom ကနေ 60x magnification အထိ ပုံရိပ်များကို ဆွဲယူရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ 18.2MP နဲ့ BIONZ processor တွေက အလင်းရောင်အားနည်းတဲ့ နေရာမျိုးမှာ Noise များ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

အသုံးပြုထားသည့် Sensor
အသုံးပြုထားတဲ့ 1/2.3in Exmor R CMOS sensor က ေ၀းပုံရိပ်များဆွဲယူရိုက်ကူးတဲ့အခါ အရည်အသွေးမြင့်မားပြီး Resolution ကောင်းတဲ့ပုံများရရှိစေပါတယ်။ ထို့ကြောင့် အဆိုပါ ကင်မရာက Photographer တွေအတွက် စိတ်ကျေနပ်မှုနဲ့ ဖန်တီးနိုင်စွမ်းကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။

Display
921k dot resolution ရှိပြီး ၃ လက်မရှိတဲ့ TFT LCD screenနဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ၀.၂ လက်မရှိတဲ့ Electric viewfinder ပါ၀င်မှာဖြစ်ပါတယ်။

Design
သူရဲ့ဒီဇိုင်းကတော့ အခြား superzoom bridge cameras တွေနဲ့ ဒီဇိုင်းပိုင်းအနေနဲ့ကတော့ ကွာခြားမှုမရှိပါဘူး။ Body ကိုတော့ အရည်အသွေးမြင့်သည့် သတ္ထုဖြင့် ပြုလုပ်ထားတဲ့အတွက် ရာသီဥတုအပြောင်းအလဲဒဏ်ကို ခံနိုင်ပြီး အကြမ်းခံနိုင်တဲ့အပြင် ပေါ့ပါးတဲ့အတွက် အသုံးပြုသူတွေ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

Movie စွမ်းရည်
Sony ရဲ့ Optical Steady Shot Active Mode နဲ့ 1920×1080/60p ရှိတဲ့ Full HD movies များကိုလည်း ရိုက်ကူးပေးနိုင်ပြီး တစ်စက္ကန့်ကို 10 Frames နှင့်အထက် ဖမ်းယူနိုင်တဲ့ စွမ်းရည်ရှိပါတယ်။ 3D stills and Sweep Panorama mode, Superior Auto mode နဲ့ Intelligent Scene Recognition (iSCN) Mode တွေကိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Built-in GPS စနစ်လည်း ပါ၀င်တာ တွေ့ရပါတယ်။ အခြား Device တွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်ဖို့အတွက် USB 2.0, HDMI Output တွေကိုလည်း ပါ၀င်ပါတယ်။ Dual Record လည်း ပြုလုပ်နိုင်ပါသေးတယ်။ Lightning-fast AF speed ကတော့ daylight မှာ 0.13 second နဲ့ low-light မှာ 0.24 seconds at 3 EV ဖြစ်ပါတယ်။

အားသာချက်
ရုန်းကန်လှုပ်ရှားနေတဲ့ ပုံရိပ်တွေကိုလည်း လျှင်လျှင်မြန်မြန်နဲ့ Focus လုပ်ပြီး ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Manually Focus လည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ လှုပ်ရှားနေတဲ့ပုံရိပ်တွေကို ကြည်ကြည်လင်လင်နဲ့ ဖမ်းယူနိုင်ခြင်းကတော့ သူရဲ့အားသာချက်လို့ ဆိုနိုင်ပါတယ်။

အားနည်းချက်
Feature တွေထဲမှာ လက်တုန်ခါမှုကို ထိန်းပေးနိုင်သည့် Image stabilization မပါ၀င်တာကတော့ သူရဲ့ အားနည်းချက်ပဲ ဖြစ်ပါတယ်။

သုံးသပ်ချက်
Sony HX200 ဟာ Semi Professional ကင်မရာ ဖြစ်ပေမယ့် full HD ပေးတဲ့အတွက် ဗွီဒီယိုကောင်းများစွာကိ်ု ရိုက်ကူးနိုင်ပါတယ်။ ထပ်တိုးထားတဲ့ Feature အသစ်တွေကလည်း ဘတ်ထရီစားသက်သာတဲ့အတွက် ကြာရှည်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

၀ယ်ယူနိုင်မည့်နေရာ
ဈေးနှုန်းကတော့ ကျပ် ၄၅၉,၀၀၀ ၀န်းကျင်ခန့်ရှိပြီး အမြို့မြို့အနယ်နယ်ရှိ Sony Showroom များတွင် ၀ယ်ယူနိုင်သည့်အပြင် ဖုန်း ၀၁-၅၄၆-၀၀၆၊ ၀၁-၂၄၅-၃၁၁ သို့ ဆက်သွယ်၀ယ်ယူနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *