Appleရဲ့ Co-Founderတစ်ဦး ဖြစ်သူ Steve Wozniakက ကွယ်လွန်သူ Steve Jobsရဲ့ နည်းပညာအတတ်နဲ့ ပတ်သက်လို့ အနည်းငယ် ပြေကြားခဲ့ပါတယ်။ ဒါဟာ အီးမေးလ်တစ်စောင်ရဲ့ မေးမြန်းမှုကို Wozniakက သူ့ကိုယ်ပိုင် ၀က်ဘ်ဆိုဒ်မှာ ဖြေကြားခဲ့တာ ဖြစ်ပြီး စတိဗ်အနေနဲ့ ကွန်ပျူတာ Codingတွေကို ရေးသားခဲ့ခြင်း မရှိဘူးလို့ ၎င်းကဆိုပါတယ်။ “သူဟာ အင်ဂျင်နီယာ တစ်ယောက် မဟုတ်ပါဘူး။ ဒါ့အပြင် သူဟာ Appleထုတ်ကုန် တွေရဲ့ မူရင်းဒီဇိုင်းတွေကို ဖန်တီးခဲ့တာ မဟုတ်ပေမယ့် ဒီဇိုင်းတွေကို ပြင်ဆင်တာ၊ ပေါင်းစည်းတာတွေကိုတော့ ကောင်းကောင်းလုပ်ဆောင်ဖို့ နည်းပညာကြွယ်၀တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ”လို့ Mr.Steve Wozniakက ဆက်လက်ပြောကြား ခဲ့ပါတယ်။
Walter Isaacsonရေးသားတဲ့ စတိဗ်ရဲ့ ဘိုင်အိုဂရပ်ဖီမှာတော့ စတိဗ်ဟာ သူ့လူတွေနဲ့ အလုပ်ကို မနားမနေ လုပ်ပြီး သူ့ရဲ့စိတ်ကူးနဲ့ Appleပစ္စည်းတွေကို ပိုမိုတိုးတက်အောင် လုပ်ဖို့(ဆန်းသစ်ဖို့) ၀န်လေးနေမယ့်လူ မဟုတ်ဘူးလို့ သိရပါတယ်။ ယနေ့ခေတ်မှာ Facebookရဲ့ မက်ဇူကာဘက်နဲ့ Tumblrရဲ့ ဒေးဗစ်ကာ့ပ်တို့ လိုမျိုး နည်းပညာဂုရုကြီးတွေက ကိုယ်ပိုင်Codingတွေ ရေးနေတဲ့ အချိန်မှာ စတိဗ်အနေနဲ့ Codingတွေကို ကိုယ်တိုင်လက်တွေ့ မရေးခဲ့ဘူး ဆိုတာကတော့ ထူးခြားတဲ့ အချက်ပဲ ဖြစ်ပါတယ်။