မြန်မာပြည်မှာ လူတော်တော်များများက Huawei Handsetတွေ အသုံးပြုကြပါတယ်။ ဈေးနှုန်းလည်း သင့်ပြီး သုံးစွဲရ အဆင်ပြေတဲ့အပြင် ဒီဇိုင်းပုံစံ သေသပ်လှပမှုတွေကြောင့် Huaweiဟာ မြန်မာပြည် ဈေးကွက်မှာ နေရာယူနေဆဲပါပဲ။ အခုလည်း မြန်မာပြည်ဈေးကွက်ထဲကို ရောက်နေတဲ့ Huawei Ascend P6 အကြောင်း အိုင်စီတီ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
အဆိုပါဖုန်းဟာ ပြီးခဲ့တဲ့ဇွန်လက ကြေညာဖြန့်ချိခဲ့ပေမယ့် မြန်မာပြည်ဈေးကွက်ထဲ ရောက်လာတာတော့ မကြာသေးပါဘူး။ Micro-SIM Cardကို အသုံးပြုရမှာ ဖြစ်ပြီး GSM 850/900/1800/1900 နဲ့ HSPDA 850/900/1700/1900/2100 စတဲ့ Networkတွေမှာ ချိတ်ဆက်နိုင်မှာပါ။ အလေးချိန် ၁၂၀ ဂရမ်ရှိပြီး LCD Capacitive Touch Screen တပ်ဆင်ထားပါတယ်။ အသံပိုင်းဆိုင်ရာမှာလည်း 3.5 mm jack နဲ့ Dolby Digital Plus Sound Enhancement ပါ၀င်ပါတယ်။
Internal Memory 8 GB ပါ၀င်ပြီး အဲဒီထဲကမှ 4.7 GBကို အသုံးပြုသူအတွက် ပေးထားပါတယ်။ microSD Card ထပ်ထည့်ချင်ရင်တော့ 32 GB အထိ ထပ်ထည့်နိုင်မှာဖြစ်ပြီး RAM 2GB တပ်ဆင်ထားပါတယ်။ Data ကူးပြောင်းဖို့ microUSB 2.0, Bluetooth 3.0, Wi-Fi 802.11 b/g/n, GPRS, EDGE စတာတွေ ပါ၀င်ပါတယ်။ ကင်မရာက 8 Megapixel, Autofocus, LED Flash, Geo-Tagging, HDR, Face and Smile Detection ဖြစ်ပါတယ်။ Video တွေကိုလည်း 1080p@30fps အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပြီးတော့ ရှေ့ကင်မရာကို 5 Megapixel တပ်ဆင်ထားပါတယ်။
အဆိုပါ ဖုန်းမှာ Android OS 4.2.2 (Jelly Bean) ဗားရှင်းကို အသုံးပြုမောင်းနှင်ထားပြီး Huawei K3V2 Chipsetကို တပ်ဆင်ထားပါတယ်။ CPU ကတော့ Quad-Core 1.5 GHz နဲ့ Accelerometer, Gyro, Proximity, Compass နဲ့ Temperature စတဲ့ Sensor တွေလည်း အပြည့်အစုံ ပါ၀င်လာတာကို တွေ့ရပါတယ်။ Message Service တွေ အနေနဲ့ SMS, MMS, Email, Push Mail, IM စတာတွေကို သုံးနိုင်ပါတယ်။ အင်တာနက် Surfing လုပ်ဖို့ Browser ဟာလည်း HTML5 Browser ဖြစ်ပြီးတော့ ဖုန်းရဲ့ Battery ကိ်ု Li-Po 2000 mAh Battery သုံးထားပါသေးတယ်။
အဖြူ၊ အနက်၊ ပန်းရောင် ဆိုပြီး သုံးမျိုး ရရှိနိုင်မှာပါ။ Battery ရဲ့ စွမ်းအားဟာလည်း အံ့မခန်းပါပဲ။ 3G Network မှာတောင် Talking Time ၁၄ နာရီခွဲ သုံးလို့ရပါသတဲ့။ Stand-By ဆိုရင် ၃၁၅ နာရီ Battery သက်တမ်းခံပါတယ်။ Amazon မှာတော့ အဆိုပါဖုန်းကို ၆၂၉ ဒေါ်လာ (သဘောၤတင်ပို့ခအပြီး) သတ်မှတ်ထားပါတယ်။ မြန်မာပြည်ဈေးကွက်မှာတော့ ၄၅၀၀၀၀ ကျပ်ကနေ ၅၀၀၀၀၀ နီးပါးရှိပါတယ်။