Mobile

Huawei Ascend G300C (CDMA)

huawei

CDMA ဖုန်းတွေအတွက် ဟန်းဆက်တွေ အများအပြား လိုအပ်လာချိန်မှာ Huawei ဟန်းဆက်တွေ အကြောင်းကိုလည်း မိတ်ဆက်ပေးချင်ပါတယ်။ ဈေးကွက်မှာတော့ ဒီမော်ဒယ်ကို G300C အဖြစ်နဲ့ရော C8810 အဖြစ်နဲ့ပါ လူသိများပါတယ်။

Body and Display
အလျား ၂.၅ လက်မ၊ အမြင့် ၄.၇ လက်မနဲ့ အထူက ၀.၅ လက်မ ရှိမှာဖြစ်ပြီး Battery အပါအ၀င် အလေးချိန် စုစုပေါင်းက ၁၃၅ ဂရမ် ရှိမှာ ဖြစ်ပါတယ်။ Screen ဒေါင်လိုက် အကျယ်အ၀န်းက ၄ လက်မ အပြည့် ပြသပေးမှာ ဖြစ်ပြီး အလျား ၃.၄၄ လက်မနဲ့ အမြင့် ၂.၀၇ လက်မ ဖြစ်ပါလိမ့်မယ်။ Resolution စုစုပေါင်း ၃၈၄၀၀၀ ပဲ ရှိပြီး Pixel Densityက ၂၃၂ Pixelပဲ ရှိလို့ Display အပိုင်းမှာ အားနည်းချက် ရှိနေပါတယ်။

Software
Operating Systemကို Google Android 2.3.5ကို အသုံးပြုထားတာကြောင့် စွမ်းဆောင်ရည်နဲ့ အမြန်နှုန်း အပိုင်းကိုတော့ ပြောစရာ မလိုလောက်တော့ပါဘူး။ Processor အမျိုးအစားက Qualcomm MSM7627T ဖြစ်ပြီး မြန်နှုန်းက 800 MHz ရှိပါလိမ့်မယ်။ RAM အပိုင်းမှာ 512 MiB ပါရှိမှာ ဖြစ်ပါတယ်။

Audio and Network
Audio Output အတွက် ၃.၅ မီလီမီတာ Jack ပါ၀င်မှာ ဖြစ်ပြီး Microphoneနဲ့ Loudspeakerတွေအတွက် Mono Soundတွေကိုပဲ ထုတ်ပေးနိုင်ပါလိမ့်မယ်။ သုံးစွဲနိုင်မယ့် Networkတွေက CDMA 800နဲ့ CDMA 1900 စနစ်တွေမှာ အကောင်းဆုံး ချိတ်ဆက်သုံးစွဲနိုင်ပါလိမ့်မယ်။ Antenna ပုံစံက Internal Antenna ဖြစ်တာကြောင့် GSM ဟန်းဆက်တွေနဲ့ ခွဲလို့မရအောင် ဆင်တူတာ တွေ့ရပါတယ်။

Control and Connectivity
Multi-touch စနစ်ဖြစ်ပြီး Primary Keyboardနဲ့ Scroll Wheelတွေ မပါ၀င်ပါဘူး။ Micro SD, microSDHC စတဲ့ SD အမျိုးအစားတွေကို 32 GB ထိအောင် မြှင့်တင် သုံးစွဲနိုင်မှာပါ။ USB 2.0 Port တစ်ခုနဲ့ micro-USB Port တစ်ခုတို့ ပါ၀င်မှာ ဖြစ်တဲ့အပြင် Bluetooth 2.1 ပါ၀င်ဦးမှာ ဖြစ်တဲ့အပြင် Wireless LANနဲ့ Wi-Fi စနစ်တွေကိုပါ သုံးစွဲနိုင်ပါလိမ့်မယ်။

GPS and Camera
Built in အဖြစ်နဲ့ GPS စနစ် ထည့်သွင်းပါ၀င်နေပြီး GPS Protocolက NMEA 0183 ဖြစ်တာကြောင့် GPSစနစ်မှာ လိုအပ်ချက် အနည်းငယ် ရှိနေနိုင်ပါတယ်။ Resolutionနှုန်း 4.92 Mega Pixelရှိမယ့် ကင်မရာ ပါ၀င်မှာ ဖြစ်ပါတယ်။ Auto Focus လုပ်ဆောင် သုံးစွဲနိုင်မှာ ဖြစ်သလို Optical Zoom လုပ်ဆောင်နိုင်မယ့်နှုန်းက 1× ဖြစ်ပါတယ်။ Optical Zoom လုပ်နိုင်မှု နည်းပါးတာကြောင့် ပုံရိပ်ဖမ်းယူမှုတွေမှာ အခက်အခဲ ရှိနိုင်ပါတယ်။ Flash Light ပါ၀င်မှာ ဖြစ်တဲ့အတွက် Night Scence ပုံရိပ်တွေကို အလင်းရောင် အကူအညီနဲ့ ရယူ ရိုက်ကူးနိုင်ပါလိမ့်မယ်။ Imageတွေကို JPG Format အဖြစ်နဲ့ ထုတ်ပေးမှာ ဖြစ်တဲ့အတွက် Printing အပိုင်းနဲ့ Sharing အပိုင်းတွေမှာ လွယ်ကူစေနိုင်ပါလိမ့်မယ်။

Battery and Price
Lithium-ion Batteryကို အသုံးပြုထားပြီး Removable လုပ်နိုင်မှာဖြစ်လို့ အပို Batteryလည်း သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ Battery Capacityက 1400 mAh ဖြစ်လို့ အချိန်အတော်ကြာအောင် သုံးစွဲနိုင်ပါလိမ့်မယ်။ ဈေးနှုန်းက ၉၉,၀၀၀ကျပ်နဲ့ ဈေးကွက်၀င်နေတာ တွေ့ရပါတယ်။
Ref: www.bestproductfeedback.com

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *