Elite & Huaweiဆားဗစ် စင်တာများကို ရန်ကုန်မြို့တွင် ၆နေရာ ခန့် စတင် ထားရှိသွားမည်ဟု Elite မှ ဒုတိယအထွေထွေ မန်နေဂျာ ကိုမင်းသက်ပိုင်က ပြောကြားခဲ့ကြောင်း သိရပါသည်။ “ဘယ်မြို့နယ်တွေမှာ ထားရှိသွား မလဲ ဆိုတာကိုတော့ အသေးစိတ်တွက် ချက်နေပါတယ်။ အခု ဒီဆိုင်တွေ အတွက် ဝန်ထမ်းတွေကို သင်တန်းပေး နေပါတယ်”ဟု ၎င်းကပြောသည်။ ဆိုင်များ ဖွင့်လှစ်ရာတွင် Elite နှင့် ဟွာဝေးအမည်နှစ်မျိုးဖြင့် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ဟန်းဆက်များ ရောင်းချမည်မဟုတ်ဘဲ ဆားဗစ်သီးသန့် ထားရှိသွား မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“လာမယ့် နှစ်လအတွင်းတော့ ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေပါတယ်။ ဆိုင်ကို တော့ Elite ဝန်ထမ်းတွေပဲ လုပ်ကိုင် မှာပါ။ ဟွာဝေးဝန်ထမ်းတွေ မပါဘူး။ ဒါကို ဟွာဝေးကခွင့်ပြု ချက် ရယူပြီး သားပါ”ဟု ၄င်းကဆက်ပြောသည်။ လက်ရှိတွင် ဟွာဝေးနှင့် Elite ကုမ္ပဏီ ပူးပေါင်း၍ မိုဘိုင်းဆားဗစ် စင် တာများကို မြို့ငါးမြို့တွင် ၂ဝ နီးပါး တည်ဆောက်သွားရန် စီစဉ်နေပြီး ရန် ကုန်နှင့် မန္တလေး မြို့တွင် ဆိုင်အများဆုံး ထားရှိသွားမည်ဟု သိရသည်။
တည်ဆောက်သွားမည့် မြို့များမှာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မကွေးနှင့် တောင်ကြီးမြို့များတွင် ဖြစ်ကြောင်း၊ ဟွာဝေးဆိုင်များနှင့် Elite ဖုန်းဆိုင်များမှ အာမခံဖြင့် ရောင်းချထား သည့် ဖုန်းများကို ဝန်ဆောင်မှု ပေးမည် ဖြစ်ပြီး အခြားဟန်းဆက်များကို ဝန်ဆောင်မှုပေးမည် မဟုတ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။ ယင်းအပြင် အာမခံမရှိသည့် ဟွာဝေး ဟန်းဆက်များကိုစင်တာတွင်လာရောက် ပြုပြင်ခွင့်ပေးမည် ဖြစ်သော်လည်း ဝန်ဆောင်ခ ကောက်ခံမည်ဖြစ်ကြောင်း ဆားဗစ်လုပ် ငန်းနှင့်အတူ သင်တန်းများကိုလည်း ဖွင့်လှစ်ရန်ရှိကြောင်း သိရသည်။