Apps, Featured, News, Review

Yahoo Search Engineကို Default အားဖြင့်ထည့်သွင်းပေးလိုက်တဲ့ Mozilla Firefox 34

Yahoo Search Engineကို Default အားဖြင့် ထည့်သွင်းပေးလိုက်တဲ့ Mozilla Firefox 34

Mozillaက Windows, Mac, Linux, Androidအတွက် စွမ်းဆောင်ချက်အသစ်များပါတဲ့ Firefox Version 34ကို ဖြန့်ချီပေးလိုက်ပါတယ်။ Mozillaနဲ့ Yahooတို့ရဲ့ ပူးပေါင်းမှုအရ Yahoo Search Engineကို Defaultအားဖြင့် firefox 34မှာ ထည့်သွင်းပေးလိုက်ပါတယ်။

ဒါ့အပြင် Firefox 34မှာ အောက်တိုဘာလကတည်းက Beta Versionမှာ စမ်းသပ်နေတဲ့ ဘရောက်စာကနေ Video Chat ပြုလုပ်နိုင်တဲ့ Firefox Hello စွမ်းဆောင်ချက်လည်း ပါရှိလာပါတယ်။ တစ်နည်းအားဖြင့် WebRTCလို့ ခေါ်တဲ့ Web Real-Time Communicationပါရှိလာပြီး အကောင့်မလိုအပ်ဘဲ Firefox သုံးသူအချင်းချင်း ဆက်သွယ်မှုများ ပြုလုပ်နိုင်မှာပါ။

နောက်ပြီး ဗားရှင်းအသစ်မှာ Search Barဟာ ပိုကောင်းလာပြီး Themeပြောင်းလဲမှုကိုလည်း လွယ်ကူစွာ ပြုလုပ်နိုင်ပါပြီ။ ဗားရှင်းအသစ်ကို အဆင့်မြှင့်ရင် Firefoxက Yahooကို Defaultအားဖြင့်သုံးမလားလို့ မေးပါလိမ့်မယ်။ Yahooကို မသုံးချင်ရင် Laterကို နှိပ်ပြီး Googleကို ဆက်သုံးနိုင်ပါတယ်။

Search Barမှာ Wikipedia, Amazon, Twitterတို့လို Third-Party ၀က်ဆိုက်များမှ အရာများကို တိုက်ရိုက်ရှာဖွေနိုင်ပါတယ်။ အဲဒီအတွက် ၀က်ဆိုက်ကို အရင်သွားပြီးမှ အဲဒီ၀က်ဆိုက်ရဲ့ Search Barကို အသုံးပြုရတဲ့ အဆင့်တွေကို ကျော်လွှားနိုင်မှာပါ။

Android အတွက် Firefoxကိုလည်း ဗားရှင်း ၃၄ ကို အဆင့်မြှင့်ဖြန်ချီပေးလိုက်ပြီး Themeအသစ်တစ်ခုနဲ့ ဘရောက်စာက Tabတွေကို Chromecast ကိရိယာထံသို့ ပေးပို့နိုင်တဲ့ စွမ်းရည်ပါရှိလာပါတယ်။ Chromecast ကိရိယာကို တီဗီရဲ့ HDMIအပေါက်မှာ တပ်ဆင်ရမှာ ဖြစ်ပြီး Android Phone , Tabletနဲ့ အခုတော့ Firefox မှ မီဒီယာများကို တီဗီမှာ ကြိုးမဲ့ဆက်သွယ်မှုနဲ့ ကြည့်နိုင်ပါပြီ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *