Mobile, News, Review

Acer Liquid

Shwe Lamin Nagar

ကမ္ဘာ့စမတ်ဖုန်းလောကထဲကို နောက်ထပ်ခြေလှမ်းတစ်ခုအဖြစ် Acer မှ Liquid Jade Smart Phone ကို ထုတ်ဖော်ပြသခဲ့ ပါသည်။ Acer ရဲ့ အောင်မြင်မှုရရှိနေတဲ့ Liquid Series ထဲမှ Jade Series အသစ်ကို ဆန်းသစ်လှပမှုတွေနဲ့ မိတ်ဆက်ပေးလိုက် ပါတယ်။ ပြီးပြည့်စုံစေမဲ့ နေ့ရက်တိုင်းအတွက် Liquid Jade က သင့်အတွက် ရောက်ရှိလာခဲ့ပါပြီ။ မြန်နှုန်းမြင့် Media Tek 6582 Quad Core 1.3GHz Processorကို အသုံးပြုထားတဲ့အတွက် မြန်ဆန်တဲ့ အတွေ့အကြုံသစ်တွေကို ရရှိခံစားရစေပါတယ်။

ပြည့်စုံစေမယ့် System Memory 2GB ပါဝင်လာခြင်းက စွမ်းဆောင်ရည်ကို အမြင့်ဆုံးထိ ပေးစွမ်းနိုင်ပါတယ်။ သိုလှောင်   သိမ်းဆည်းမှု ပမာဏ 16GB ပါရှိသည့်အတွက် Internal တွင်များစွာ သိုလှောင်သိမ်းဆည်းပေးနိုင်သည့်အပြင် 32GB အထိတိုးမြင့်နိုင်ခြင်းက လက်တွေ့ ဆန်တဲ့ ပြည့်စုံမှု ဖြစ်စေပါတယ်။ နောက်ဆုံးပေါ် Android Version 4.4.2 Kitkatကို အသုံးပြုထားသည့်အပြင် မျက်နှာပြင်အရွယ်အစား 5 လက်မ ရှိပြီး စိုပြေတောက်ပသောမျက်နှာပြင်အတွက် Zero Air Gap Design အသုံးပြုထားခြင်း၊ အထူ7.5mm သာရှိပြီး ပါးလွှာသည့် Curved Shape Design အသုံးပြုထားပြီး နူးညံ့ချောမွတ်တဲ့ ထိတွေ့မှုအတွက် curve edges of touch glassကို အသုံးပြုထားခြင်းက စိတ်ကျေနပ်မှုရရှိစေမှာ အမှန်ပါ။

စွမ်းဆောင်ရည်မြင့် Real Camera 13Mp Auto Focus နှင့် Front Camera 2MP ပါရှိတဲ့ အပြင် Dual SIM GSM, WCDMA SIM Card 2ကဒ် အသုံးပြုနိုင်ပြီး MPT, Telenor, Ooredoo SIM Card များကိုလည်း ထည့်သွင်းအသုံးပြုနိုင် ပါတယ်။ Battery ကိုတော့ 2100 mAh ဖြင့် Stand by အနေနဲ့ 250 hours အထိ ရရှိနိုင်ပြီးTalk time ကိုတော့ 4နာရီ အထက် ရရှိနိုင်ပါတယ်။ အားသာချက်အနေဖြင့် ကမ္ဘာကျော် Google Play Store တွင် တရားဝင် Download လုပ်နိုင်တဲ့အပြင် HSDPA+ ပါဝင်သောကြောင့် Internet download အသုံးပြုမှု နှစ်ဆကောင်းမွန်ခြင်းသာမက လိုင်းဆွဲအားကောင်းမွန်ခြင်း ကြောင့် သုံးစွဲသူအကြိုက်တွေ့စေမှာ အမှန်ပါ။ ကြည်လင်ပြတ်သားသော အသံစနစ်အတွက် ကမ္ဘာကျော် DTS HD Sound System အသုံးပြုထားခြင်းအပြင် Acer နည်းပညာများဖြစ်သည့် Acer Float ပါဝင်ခြင်းက application များကို တစ်ပြိုင်တည်း ထပ်ဆင့်အသုံးပြုနိုင်သလို၊ ဖုန်းဝင်လာပါက မိမိအသုံးပြုနေသော Page ပျောက်ကွယ်သွားခြင်းမရှိပါ။

ဖုန်းအဝင်ဖြေကြားမှု အတွက် Acer ရဲ့ နာမည်ကျော် Float UI ပါဝင်လာမှာဖြစ်ပြီး Japan နိုင်ငံမှ ပေးအပ်သည့် Best Design Award ဆုတံဆိပ်ကိုရရှိထားပါတယ်။ Design ပိုင်းမှာလည်း သေသပ်လှပပြီး ဆန်းသစ်တဲ့ ဒီဇိုင်းတွေ နည်းပညာအတွေ့အကြုံ တွေ ပါဝင်ပြီး ဈေးနှုန်းသင့်တင့်တဲ့ စမတ်ဖုန်းတစ်လုံးကို ရှာဖွေနေသူတွေအတွက် Acer Liquid Jade ကိုရွေးချယ်ဖို့ညွှန်းပါရစေ။ စိတ်ပါဝင်စားပြီး မေးမြန်းဆက်သွယ်သူတွေအတွက် ရွှေလမင်းနဂါး ကုမ္ပဏီမှ တရားဝင်တင်သွင်းပြီး အာမခံ သက်တမ်း(၁)နှစ် ပေးထားကာ အမြို့မြို့အနယ်နယ်ရှိ ဖုန်းဆိုင်ကြီးများတွင် စုံစမ်းမေးမြန်းဝယ်ယူရရှိနိုင်ပါသည်။ ဖုန်းနံပါတ် 01-230-0087~88, 09-250-177-761~62 သို့ စုံစမ်းမေးမြန်းနိုင်ပါပြီ။ ဈေးနှုန်းမှာ- (286.000) ကျပ်ဝန်းကျင်

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *