News

တရုတ်သူလျှိုအဖြစ် စွပ်စွဲခြင်း Huaweiက ငြင်းဆို

တရုတ်နိုင်ငံ၏ ကြေးနန်းဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် ဟွာဝေးသည် ပေကျင်းအတွက် သူလျှိုလုပ်ပေးနေကြောင်း၊ အမေရိကန်မှ စီအိုင်အေ ညွှန်ကြားရေးမှုးဟောင်း၏ စွပ်စွဲချက်များသည် အခြေအမြစ် မရှိပဲ ကုမ္ပဏီအား သိက္ခာကျစေကြောင်းဖြင့် ဟွာဝေး၏ ဒုတိယ ဥက္ကဋ္ဌနှင့် အလှည့်ကျ CEOဖြစ်သူ Exic Xuမှ ပြန်လည်ချေပလိုက်သည်ဟု AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၎င်း Huawei ကုမ္ပဏီသည် အထိန်းအချုပ်မရှိပဲ အနောက်နိုင်ငံများအပေါ် သူလျှိုလုပ်နေပြီး တရုတ်နိုင်ငံ၏ ဌာနများနှင့် သတင်းများကို မျှဝေနေကြောင်း၊ CIA ညွှန်ကြားရေးမှုး ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး မိုက်ကယ်ဟေဒင်မှ လွန်ခဲ့သော နှစ်ပတ်က ပြောကြားခဲ့သည်ဟု ဆိုသည်။ အမေရိကန်နှင့် သြစတြေးလျနိုင်ငံတို့၏ နိုင်ငံတော် လုံခြုံရေးအပေါ် ဟွာဝေးသည် ရှင်းရှင်းကြီး ခြိမ်းခြောက်နေပါသလားဆိုသည့် သြစတြေးလျ၏ Financial Review သတင်းစာ၏ မေးခွန်းအား ၎င်းက ဟုတ်မှန်ကြောင်း၊ ယုံကြည်ကြောင်း ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

ဟွာဝေးသည် ပေကျင်းအတွက် သူလျှိုလုပ်ပေးနေသည်ဆိုသည့် ခိုင်မာသည့် အထောက်အထား ၎င်းထံတွင် ရှိကြောင်း၊ ဟွာဝေးသည် အမေရိကန်တွင် ၎င်းကုမ္ပဏီ၏ ဘုတ်အဖွဲ့တွင် ပါဝင်ရေးအတွက် သူ့အား ချဉ်းကပ်ခဲ့ဖူးကြောင်း၊ ၎င်း၏ လုပ်ငန်းအတွေ့အကြုံအရ ပြောခြင်းဖြစ်ကြောင်း Haydenက ပြောသွားခဲ့သည်။ အမေရိကန်သည် အစိုးရ၏ ကန်ထရိုက်များတွင် Huaweiအား ဖယ်ထုတ်ထားရန် ယမန်နှစ်က ကွန်ဂရက်မှ အဆိုပြုခဲ့သည်ဟု သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *