News

Microsoft က Windows Computer အတွက် Kinect 2 Sensor ကို ပြသ

Microsoft က Windows PC များနဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ Kinect Sensor ဒုတိယမျိုးဆက် ကို ပြသလိုက်ပါတယ်။ လှုပ်ရှားကစားရတဲ့ ဂိမ်းတွေ အပြင် အခြားအလုပ်တွေမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ Redmond အခြေစိုက် Microsoft က Kinect for Windows Version 2 ကို ကြာသာပတေးနေ့ က ပြသလိုက်ပြီး သတင်းအချက်အလက်အသေးစိတ် ကို ဘလော့ဆောင်းပါးတစ်ပုဒ်မှာ ရေးသားပေးထားပါတယ်။

၀င်းဒိုးအတွက် Kinect Sensor ဟာ Xbox One ရဲ့ Kinect Sensor နဲ့ဆင်တူပါတယ်။ ကွန်ပြူတာရဲ့ USB 3.0 Port မှာ Sensor ကို တပ်ဆင်အသုံးပြုရမှာဖြစ်ပါတယ်။ Sensor ကို အားသွင်းဖို့ Power Supply လည်းပါရှိပါတယ်။

ပထမမျိုးဆက် Kinect Sensor နဲ့ နှိုင်းယှဉ်ရင် Kinect Sensor အသစ်မှာ 1080p Full-Color 16:9 Camera နဲ့ အဆင့်မြှင့်တင်ထားပါတယ်။ 3D Sensor ဖြစ်ပြီး ပတ်၀န်းကျင်က အရာ၀တ္ထုအားလုံး ကို သိရှိပုံဖော်နိုင်ပါတယ်။ အမှောင်ထဲမှာတောင် အရာ၀တ္ထုတွေကို မြင်နိုင်တဲ့ Infrared Camera ဖြစ်ပါတယ်။ မိုက်ခရိုဖုန်း လေးလုံး လည်းပါရှိပါတယ်။ နှလုံးခုန်နှုန်း ကိုတောင် တိုင်းတာပေးနိုင်တယ်လို့ သိရပါတယ်။

၀င်းဒိုးအတွက် Kinect ကို ဂိမ်းကစားဖို့အတွက်သာ အသုံးပြုနိုင်တာ မဟုတ်ဘဲ အလုပ်ကိစ္စများမှာပါ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Microsoft က ၀င်းဒိုး အတွက် Kinect ကို ဒီနှစ် နွေရာသီမှာ ရောင်းချပေးမယ်လို့ အရင်က ကြေညာထားပါတယ်။

2

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *