Featured, Gadgets, News, Review

Appleက Apple Watch စမတ်နာရီကို ကြေညာ

Appleက Apple Watch စမတ်နာရီကို ကြေညာ

ကာလရှည်ကြာ စောင့်မျှော်နေကြတဲ့ Appleရဲ့ စမတ်နာရီကတော့ အမှန်တကယ်ပဲ မျှော်လင့်ထားတဲ့ စွမ်းဆောင်ချက်တွေနဲ့ ကြေညာလိုက်ပါပြီ။ ဒါပေမယ့် အများမျှော်လင့်သလို iWatchလို့ နာမည်မပေးထားပါဘူး။ ဒေါ်လာ ၃၄၉ သတ်မှတ်ထားပြီး ၂၀၁၅ မတိုင်ခင် ရောင်းချမှာ မဟုတ်ပါဘူး။ စမတ်နာရီကို အသုံးပြုဖို့ iPhoneလိုအပ်ပါတယ်။

“ကျွန်တော်တို့ တီထွင်ခဲ့တဲ့ Deviceတွေထဲမှာ Apple Watchက ကိုယ်ရေးကိုယ်တာအတွက် အကောင်းဆုံးပါပဲ။ နိုင်ငံတကာ အချိန်များနဲ့ Syncပြုလုပ်နိုင်တဲ့ အတိကျဆုံး နာရီကို တီထွင်ခဲ့တာပါ။”  လို့ Apple CEO Tim Cookက နာရီကို လက်မှာ ၀တ်ဆင်ရင်း ပြောကြားခဲ့ပါတယ်။

Apple Watchဟာ ဒီဇိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းမှာ Customizeလုပ်နိုင်ပါတယ်။ စတီးနဲ့ ပြုလုပ်ထားပြီး အရင် ဂီယာအသုံးပြု  နာရီများမှာလိုမျိုး လုံး၀န်းတဲ့ Digital Crownခလုတ်ကို ဘေးဘက်မှာ တပ်ဆင်ထားပါတယ်။ မာကျောမှုနဲ့ ကွေးညွှတ်နိုင်မှုအတွက် သလင်းကျောက် မျက်နှာပြင်ကို အသုံးပြုထားပါတယ်။

စွယ်စုံသုံး ကျန်းမာရေး အထောက်အကူပြု ကိရိယာလည်း ဖြစ်ပါတယ်။ နှလုံးခုန်နှုန်းကို တိုင်းတာပေးနိုင်ပြီး Accelerometerပါရှိပါတယ်။ ဒါပေမယ့် စမတ်နာရီဟာ iPhoneကို အစားထိုးဖို့ မဟုတ်ပါဘူး။ ကြေညာချက်နောက်ဆုံး အပိုင်းမှာ စမတ်နာရီကို သုံးဖို့ iPhoneလိုအပ်တယ်လို့ Cookက ပြောပါတယ်။ GPSနဲ့ WiFiစွမ်းဆောင်ချက်တွေဟာ ဖုန်းကနေ ယူသုံးရမှာပါ။

Appleရဲ့ ပထမဆုံး ချပ်၀တ်တန်ဆာ ကွန်ပြူတာရဲ့ အသေးစိတ်အချက်အလက်တွေကို Appleရဲ့ Product Videoမှာ မထင်မရှားဒီဇိုင်နာ Jony Ivesက ပြောပြထားပါတယ်။ အထင်ကြီးစရာကောင်းတဲ့ ဒီဇိုင်းနဲ့ အဆင်းကို တွေ့မြင်ရပါတယ်။

Apple Watchဟာ မျှော်လင့်ထားသလိုပဲ အရွယ်နှစ်မျိုးဖြစ်ပါတယ်။ အဲဒီပွဲမှာပဲ မိတ်ဆက်ခဲ့တဲ့ အရွယ်ကြီး iPhoneနဲ့ အဆင်ပြေမယ့် လက်ကြီးသူများအတွက်လည်း ပါ၀င်ပါတယ်။ Standard, Sport , 18K Goldဆိုတဲ့ စတိုင်သုံးမျိုး ထုတ်လုပ်ပေးထားပါတယ်။ နာရီထုတ်လုပ်သူတွေဟာ ဒီလို နာရီမျိုးကို ဘာလို့ မစဉ်းစားမိတာလဲလို့ ဆိုရလောက်အောင် စွဲဆောင်မှုရှိပါတယ်။

Appleက ပြိုင်ဖက် စမတ်နာရီတွေမှာတွေ့ရတဲ့ အသွင်အပြင်ညံ့ဖျင်းမှုကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ပုံ ပေါ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *