News

iWatchရဲ့ ဆန်းပြားလှပတဲ့ ဒီဇိုင်းများ

ကမ္ဘာကျော် နည်းပညာကုမ္ပဏီ Appleရဲ့ နောက်ထွက်မယ့် ကုန်ပစ္စည်းကတော့ လက်ကောက်၀တ်မှာ ၀တ်ဆင်လို့ရပြီး ကွန်ပျူတာလိုအသုံး၀င်မယ့် iWatchဆိုတာ သေချာနေပါပြီ။ ဒါပေမယ့် အဆိုပါ iWatchဟာ ၂၀၁၄နှောင်းပိုင်း အထိတော့ မိတ်ဆက်ပွဲထုတ်နိုင်ဖွယ် မရှိသေးဘူးလို့ သိရပါတယ်။ ဒီဇိုင်နာတွေကလည်း အဆိုပါ iWatchအတွက် ဒီဇိုင်းအမျိုးမျိုးကို ရေးဆွဲဖန်တီးနေကြပြီး အခု ရရှိထားတဲ့ နောက်ဆုံးဒီဇိုင်းကတော့ Appleပစ္စည်းတွေကို ခန့်မှန်းတဲ့နေရာမှာ နာမည်ကြီးတဲ့ ဒီဇိုင်နာ Federico Ciccareseရဲ့ ဒီဇိုင်းတွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Appleရဲ့ အဓိကပြိုင်ဘက်ကြီး ဖြစ်တဲ့ Samsungကလည်း ၎င်းတို့ရဲ့ Smart Watchဖြစ်တဲ့ Galaxy Gearကို လာမယ့် စက်တင်ဘာ ၄ရက်နေ့မှာ မိတ်ဆက်ပွဲထုတ်မယ်လို့ ကြောညာခဲ့ပါတယ်။ အဆိုပါ Smart Watchဟာ Samsungရဲ့ စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်မယ် လို့လည်း သိရပါတယ်။ မြန်မာအိုင်စီတီ ပရိသတ်ကြီးအတွက် ဒီဇိုင်နာ Ciccareseရဲ့ iWatchဒီဇိုင်း တွေကို တင်ဆက်ပေးလိုက်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *