News

Samsungမှ မကြာခင် ကွေးညွတ်မျက်နှာပြင်ရှိ စမတ်ဖုန်း ထုတ်မည်

တောင်ကိုရီးယားအခြေစိုက် ကမ္ဘာကျော် နည်းပညာကုမ္ပဏီ Samsungအနေနဲ့ ကွေးညွတ်မျက်နှာပြင်ရှိ စမတ်ဖုန်းတစ်လုံးကို လာမယ့် အောက်တိုဘာလ ထဲမှာထုတ်လုပ် သွားမယ်လို့ သတင်းရရှိပါတယ်။ Samsungမှ ယခုလက်ရှိ နောက်ဆုံးထွက်ထားတဲ့ Galaxy Note 3တုန်းကလည်း ကွေးညွတ်နိုင်တဲ့ မျက်နှာပြင်ဖြစ်ဖို့ မျှော်မှန်းခဲ့ပေမယ့် တကယ်တမ်း ထွက်ရှိလာတော့ ပုံမှန်မျက်နှာပြင်နဲ့ပဲ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် အခုထွက်လာမယ့် Samsungစမတ်ဖုန်း ကလည်း ကွေးနေတဲ့ ပုံစံ မျက်နှာပြင်သာ ဖြစ်ပြီးတော့ ကွေးညွတ်နိုင်မှာတော့ မဟုတ်ပါဘူး။

အနီးစပ်ဆုံး ဥပမာပေးရရင် Samsungရဲ့ Curved Screen OLED TVနဲ့ ဆင်တူပြီး Samsungမှ တာ၀န်ရှိ လူကြီးတစ်ဦးကလည်း နောက်လထဲမှာ တောင်ကိုရီးယား၌ အဆိုပါ ကွေးညွတ်မျက်နှာပြင် စမတ်ဖုန်းကို မိတ်ဆက်ပွဲထုတ် သွားမှာ ဖြစ်ကြောင်းပြောကြား ခဲ့ပါတယ်။ တကယ်တမ်းမှာတော့ အဆိုပါ ကွေးညွတ် မျက်နှာပြင် စမတ်ဖုန်းက မထွက်ရှိသေးပေမယ့် ထင်ကြေးတွေ၊ သုံးသပ်ချက်တွေ အမျိုးမျိုး ပေးနေကြပါတယ်။ မြန်မာအိုင်စီတီမှ အဆိုပါ စမတ်ဖုန်းနဲ့ ပတ်သက်ပြီး ရရှိသမျှ သတင်းတွေကို အချိန်နဲ့ တစ်ပြေးညီ တင်ဆက်ပေးသွားမှာ မို့လို့ မြန်မာအိုင်စီတီ ၀က်ဘ်ဆိုဒ်ကို လက်လွတ်မခံဘဲ စောင့်ကြည့်ကြဖို့ ဖိတ်ခေါ်ပါရစေ။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *