News

ကျပ်တစ်သိန်းအထက် လစာရသူများကို Samsaungက အရစ်ကျ ရောင်းပေးမည်

ဇူလိုင်လ (၁၁)ရက် ထွက်နေ့စဉ် သတင်းစာ The Voice Daily၏ ဖော်ပြချက်အရ ပုံမှန် လစာ ကျပ်တစ်သိန်းအထက် ရရှိသော ၀န်ထမ်းများကို Samsungကုမ္ပဏီထုတ် အီလက်ထရွန်နစ်ပစ္စည်းများ မိုဘိုင်းလ်ဖုန်းနှင့် Tabletများကို အရစ်ကျ စနစ်ဖြင့်ရောင်းချမည်ဖြစ်ကြောင်း၊ ယင်းအစီအစဉ်ကို ပန်းဆိုးတန်း၊ လသာ၊ ဗိုလ်အောင်ကျော်နှင့် လှည်းတန်းဆိုင်ခွဲ (၄)ခုစလုံးတွင် ပြုလုပ်မည်ဖြစ်ပြီး၊ လစာကျပ်တစ်သိန်းနှင့် အထက်ရရှိသော အစိုးရ၀န်ထမ်းများ၊ ကုမ္ပဏီ၀န်းထမ်းများမှ မည်သူမဆို လာရောက်၀ယ်ယူနိုင်ကြောင်း ပန်းဆိုးတန်းလမ်း၊ Samsungအရောင်းပြခန်းမှ တာ၀န်ရှိသူ ဦးကျော်ကျော်၀င်းကိုက ပြောကြားသည်ဟု သိရသည်။

ပစ္စည်းတန်ဖိုး၏ ၁ ဒဿမ ၄ ရာခိုင်နှုန်း အတိုးနှုန်းဖြင့် မိုဘိုင်းဖုန်းများကို ခြောက်လမှ တစ်နှစ်အထိ အရစ်ကျ ပေးသွင်းနိုင်ပြီး အခြား အီလက်ထရွန်နစ်ပစ္စည်းများကို တစ်နှစ်ခွဲမှ ၂နှစ်အထိ အရစ်ကျ ပေးသွင်းနိုင်ကြောင်း အဆိုပါ အစီအစဉ် ပြုလုပ်နေသည့် O2 Mobileမှ သိရသည်ဟုဆိုသည်။တယ်လီဖုန်းဖြင့် ဆက်သွယ်စုံစမ်းခဲ့သူ ဒေါ်သိဂီ ၤစိုးက “ပစ္စည်းသွားထုတ်ရင် Application Fees ငါးထောင်ပေးရမယ်လို့ ပြောတယ်။ သူတို့ဘက်က စာရွက်စာတမ်းတွေ စိစစ်ပြီးရင် အကြောင်းပြန်ကြားမယ်လို့ ပြောတယ်။

ဘာပဲပြောပြော တစ်နှစ်ခွဲလောက်သွင်းရမှာဆိုတော့ မဆိုးပါဘူး”ဟု ပြောကြားသည်။ ကုန်ပစ္စည်းများ ၀ယ်ယူလိုသူသည် နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ၊ ရပ်ကွက်ထောက်ခံစာ၊ အိမ်ထောင်စုစာရင်းမိတ္တူနှင့် အာမခံပေးမည့် ပုဂ္ဂိုလ်တစ်ဦး၏ ထောက်ခံချက်မူရင်းတို့ လိုအပ်မည်ဖြစ်ကာ ထောက်ခံပေးမည့်ပုဂ္ဂိုလ်သည် ကုမ္ပဏီမှ တာ၀န်ရှိသူများအပါအ၀င် ကုမ္ပဏီက ယုံကြည်ရသည့် မည်သူမဆို ထောက်ခံပေးနိုင်ပြီး၊ ထောက်ခံချက်ပေးသည့်သူ၏ မှတ်ပုံတင်မိတ္တူနှင့် ရပ်ကွက်ထောက်ခံစာများ လိုအပ်မည်ဟု သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *