News

မျိုးဆက်သစ် လူငယ်များအတွက် ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုသီချင်းခွေ

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်၍ ဂုဏ်ပြုသီဆိုသည့် တေးသီချင်းများသည် သီချင်းဟောင်းများသာရှိနေသဖြင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ခံ ဂီတပညာရှင်များ အသစ်ရေးသားသီကုံးပြီး တေးသံရှင်ခုနှစ်ဦးက သီဆိုထားသည့်ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ ဂုဏ်ပြုသီချင်းစီးရီးခွေကို ဇူလိုင်လ ၁၉ ရက်အာဇာနည်နေ့ မတိုင်မီ တစ်နိုင်ငံလုံးသို့ဖြန့်ချိမည် ဖြစ်ကြောင်း အဆိုပါသီချင်းခွေတွင် ပါဝင်သီဆိုထားသူ တေးသံရှင် ပန်းချီစိုးမြင့်လေးက The Voice သို့ပြောကြားသည်ဟုသိရသည်။

ယင်းတေးစီးရီးကို “ကမ္ဘာသိ အဖေ” ဟုအမည်ပေးထားပြီး ဂီတပညာရှင် ကေတုမတီ မိုးအောင်ထက် ကတစ်ကိုယ်တော်ရေးသား သီကုံးထားကာ တေးသံရှင် ပန်းချီစိုးမြင့်လေး၊ ကေတုမတီ သက်ဝင်းထွဋ်၊ ကေပြုံး၊ ကိုဗလ၊ ကျော်ယုနှင့် အမျိုးသမီး တေးသံရှင် တင်ဇာသက်တို့၏ သီချင်း (၁၀)ပုဒ် ပါ၀င်မည်ဖြစ်ကြောင်း၊ အဆိုပါ တေးစီးရီးကို တောင်ငူမြို့ ကိုအောင်(Smiling Face)တေး ထုတ်လုပ်ရေးမှ တာ၀န်ယူ ဖြန့်ချိပေးမည် ဖြစ်ပြီး၊ ရွေှတံဆိပ် ဆုရှင်မင်္ဂလာစိုးသိန်း (ယဉ်ကျေးမှုတက္ကသိုလ်)က တာ၀န်ယူ တီးခတ်၍ ၀ရဇိန် စတူဒီယို၌ အသံဖမ်းထားကာ ပရီစနစ်ဖြင့် ဖြန့်ချိမည် ဖြစ်ကြောင်း တေးသံရှင် ကေတုမတီသက်၀င်းထွဋ်က ရှင်းပြသည်။

ယနေ့ မျိုးဆက်သစ်လူငယ်များအနေဖြင့် မြန််မာ့လွတ်လပ်ရေးဖခင်ကြီးတစ်ဦး၏ ပုံရိပ်ကို သိရှိပြီး၊ တန်ဖိုးထားလေးစားနိုင်ရန် တစ်ထောင့်တစ်နေရာက ကြိုးပမ်းဆောင်ရွက်ခြင်းဟု ယူဆကြောင်း တောင်ငူမြို့ခံ အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတစ်ဦးက သုံးသပ်ပြောကြားသည်ဟု သိရသည်။

Ref: minnaymoe.blogspot.com

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *