News

လူငယ်ပညာပေး The Chat Room အမည်ရှိ ဇာတ်ကားရိုက်ကူး

အွန်လိုင်းမှာ မိတ်ဆွေဖွဲ့စကား ပြောဆိုရာမှ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်နှင့် ဆိုးကျိုးများကို လူငယ်များအား အသိပညာပေးရန်အတွက် The Chat Room အမည်ရှိ ဗီဒီယိုဇာတ်ကားကို ရိုက်ကူးနေကြောင်း သရုပ်ဆောင် နိုင်းနိုင်းက The Voice ကို ပြောကြားသည်ဟု သိရသည်။ “ဒီကလူငယ် တော်တော်များများက အွန်လိုင်းမှ Chatting ထိုင်ကြတယ်။ Chatting ထိုင်တာက ကိုယ့်အတွက် ကောင်းကျိုးရှိသလို ဆိုးကျိုးတွေလည်း ရှိနိုင်တယ်။ ဥပမာ – ဖေ့ဘုတ်သုံးရင် တစ်ကမ္ဘာလုံးက လူတွေနဲ့ မိတ်ဆွေဖွဲ့နိုင်သလို ကိုယ့်ရဲ့စီးပွားရေး လူမူရေး ကိစ္စတွေအတွက် အကျိုးရှိအောင် သုံးလို့ရတယ်။ ဆိုးကျိုးအနေနဲ့ ကတော့ လူတစ်ယောက်ကို ရင်းရင်းနှီးနှီး အသိပဲ Chatting လုပ်မိတာတို့ ပြင်ပမှာ Dating လုပ်မိတာတို့ဆို မလိုလားအပ်တဲ့ လူမူရေးပြဿနာတွေ ဖြစ်လာနိုင်တယ်ဆိုတာ ဒီကားမှာ ထည့်ရိုက်ထားတယ်။ ကျွန်တော့်ရဲ့ ဇာတ်ကောင်စရိုက်ကတော့ လူငယ်ဆန်ဆန် ပုံစံပါပဲ။ Chatting ထိုင်ရာကနေ တစ်ဆင့် ပြဿနာတစ်ခုက ကိုယ့်ဆီမထင်မှတ်ပဲ ရောက်လာတာပေါ့” ဟု ဇာတ်လမ်းနှင့် ပတ်သက်၍ နိုင်းနိုင်းက ရှင်းပြပါသည်။

၄င်းဇာတ်ကားကို ဒါရိုက်တာ ခရစ္စတီးနားဦးက ရိုက်ကူးပြီး သရုပ်ဆောင်များအနေဖြင့် မင်းဦး၊ မာရီနာ၊ ဆန်းဘလေတို့က တွဲဖက်ပါ၀င်ထားကာ 5 Network မှာ ပြသသွားမှာ ဖြစ်သကဲ့သို့ ဗီဒီယိုခွေ အဖြစ်လည်း ဖြန့်ချီသွားမှာ ဖြစ်ကြောင်း နိုင်းနိုင်းက ပြောကြားခဲ့ပါသည်။ Family Entertainment မှ ရိုက်ကူးသော ၄င်းဇာတ်ကားတွင် ပါ၀င်သည့် သရုပ်ဆောင် တစ်ဦးဖြစ်သူ မာရီနာကလည်း “ညီမက ဒီကားမှာ Chatting ထိုင်တာကို ဝါသနာပါပြီး အရမ်းမိုက်တဲ့ကောင်မလေးပေါ့။ အင်တာနက်ပေါ်မှာ ရေပန်းစားနေတဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ရတယ်။ နောက်ဆုံးမှာ ကိုနိုင်းနိုင်းနဲ့ ကြိုက်သွားတယ်။ သူမှာကလည်း ကောင်မလေးရှိတယ်။ နောက်ဆုံးမှာ ညီမက အသတ်ခံလိုက်ရတယ်”ဟု သူသရုပ်ဆောင်ရသော ဇာတ်ကောင်စရိုက်ကို ပြောပြခဲ့ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *