News

Samsung က Gear Fit စမတ်လက်ပတ် နဲ့ Gear 2 စမတ်နာရီ များရဲ့ ရောင်းချမယ့် ဈေးနှုန်းများကို ကြေညာ

Samsung က Gear Fit စမတ်လက်ပတ် နဲ့ Gear 2 စမတ်နာရီ များရဲ့ ရောင်းချမယ့် ဈေးနှုန်းများနဲ့ ရောင်းချမယ့် နေ့ရက်များကို ကြေညာလိုက်ပါတယ်။

အမေရိကန်နိုင်ငံမှာ Gear 2 ကို ဒေါ်လာ(၂၉၉) နဲ့ ရောင်းချမှာ ဖြစ်ပြီး Gear Fit ကို ဒေါ်လာ(၁၉၉) ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။

Gear 2 နဲ့ ဆင်တူပေမယ့် ကွဲပြားတဲ့ ပလတ်စတစ်အခွံကို အသုံးပြုထားတဲ့ Gear 2 Neo စမတ်နာရီကို ဒေါ်လာ(၁၉၉) ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။ အဆိုပါ Gear 2 Neo မှာ ကင်မရာ မပါရှိပါဘူး။

အဲဒီ Device တွေကို ဧပြီလမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ BestBuy.com မှာတော့ ကြိုတင်ရောင်းချပေးနေပြီ ဖြစ်ပါတယ်။

Samsung က သူ့ရဲ့ ဒုတိယမျိုးဆက် စမတ်နာရီဖြစ်တဲ့ Gear 2 ကို ပြီးခဲ့တဲ့လက မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး နှလုံးခုန်နှုန်းကို တိုင်းတာ ပေးနိုင်တဲ့ Sensor, Music Player နဲ့ TVကို ထိန်းချုပ်လို့ရတဲ့ Infrared ထုတ်လွှင့်နိုင်တဲ့ စွမ်းဆောင်ချက်တွေ ပါရှိလာ ပါတယ်။ Gear 2 မှာ Tizen OS ကို အသုံးပြုထားတာဖြစ်ပြီး ပထမ မျိုးဆက် Galaxy Gear Smart နာရီမှာတော့ Android OS ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

Gear Fit စမတ်လက်ပတ်မှာ ကွေးကောက်နေတဲ့ Super AMOLED Touchscreen ကို တပ်ဆင်ထားပြီးတော့ နှလုံးခုန်နှုန်းကို တိုင်းတာပေးနိုင်ပါတယ်။ ရေစိုခံနိုင်တဲ့အပြင် ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးနိုင်မှာ ဖြစ်ပါတယ်။ စမတ်ဖုန်းနဲ့ စမတ် လက်ပတ်ကို Bluetooth မှတဆင့် ချိတ်ဆက်နိုင်ပြီးတော့ စမတ်ဖုန်းက Notifications တွေကို စမတ်လက်ပတ်မှာ သိရှိနိုင်မှာ ဖြစ်ပါတယ်။ Gear 2 Neo လိုပဲ ကင်မရာ မပါရှိဘူးလို့ သိရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *