3D Printing နည်းပညာ ဟာ အလွန်ရေပန်းစားနေပါတယ်။ 3D Printing နည်းပညာနဲ့ လူတွေရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို ထုတ်လုပ်နိုင်ပြီဖြစ်ပါတယ်။ စားချင်တဲ့ ကိတ်မုန့် ပုံစံကို ကွန်ပြူတာ မှာ ပုံဖော်ပြီးတာ နဲ့ 3D Printer က ထုတ်လုပ်ပေးနိုင်ပါတယ်။ လိုချင်တဲ့ ဖိနပ် ပုံစံ ကို ကွန်ပြူတာ မှာ ရေးဆွဲပြီးတာနဲ့ 3D Printer က တစ်ထိုင်တည်း ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ နေအိမ်တွေကို တစ်ရက်တည်း နဲ့ တည်ဆောက်ပေးနိုင်တဲ့ 3D Printer တွေကိုလည်း ပညာရှင်တွေက ဖန်တီးနေပါတယ်။ 3D Printer က စားပွဲခုံ ကို ထုတ်လုပ်ပုံ ကို အောက်က ဆောင်းပါးမှာ လေ့လာနိုင်ပါတယ်။
အခုတစ်ခါ ကတော့ လူပုံတူ အရုပ်တွေကို ထုတ်လုပ်ပေးတဲ့ 3D Printer ဖြစ်ပါတယ်။ Pinla3D က တရုတ်ပြည် နန်ဂျင်းမြို့ မှာ အရောင်းဆိုင် တစ်ခုဖွင့်လှစ်ပေးလိုက်ပြီး လူပုံတူ အရုပ်များ ထုတ်လုပ်ရောင်းချပေးနေပါတယ်။ နေရာ ၁၁ ခုမှာ အခုလို အရောင်းဆိုင်တွေ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
Pinla3D က လူကို Scan လုပ်ပြီး ပုံတူအရုပ်ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ လိုချင်တဲ့ အရုပ်ရဲ့ အရွယ်အစားကို ရယူနိုင်ပါတယ်။ ၂၅ စင်တီမီတာ (၉.၈ လက်မ) အရွယ် အရုပ် ကို ဒေါ်လာ (၅၈၀) နဲ့ ရောင်းချပေးနေပါတယ်။ မျိုးဆက် သုံးခု ပါ၀င်တဲ့ မိသားစုတစ်စု ရဲ့ အရုပ် ကို ဒေါ်လာ (၁၄၇၀) သတ်မှတ်ထားပါတယ်။ ဂျပန်မှာလည်း ဒီလို အရောင်းဆိုင်ရှိပြီး တရုတ် အရောင်းဆိုင် က ဈေးပိုမိုသက်သာပါတယ်။ ဂျပန် က အရောင်းဆိုင်ကတော့ ဓာတ်ပုံပို့ပေးပြီး အရုပ်မှာယူနိုင်ပေမယ့် လူကိုယ်တိုင် သွားရောက်ပြုလုပ်တာက ပိုမိုဆင်တူတယ်လို့ သိရပါတယ်။
လူရဲ့ အရွယ်အစား နဲ့ တူညီတဲ့ အရုပ်လိုချင်ရင်တော့ ဒေါ်လာ (၂၈၅၀၀) သတ်မှတ်ထားပါတယ်။
လူပုံတူ အရုပ် ပြုလုပ်ပေးတဲ့ 3D Printer ရဲ့ အလုပ်လုပ်ပုံကို အောက်က ဗီဒီယို မှာလေ့လာနိုင်ပါတယ်။
http://www.56.com/u88/v_MTAyMDg1MDA1.html
3D Printer