News

Windows Phone 8.1 ရဲ့ ကိုယ်ရေးလက်ထောက် Cortana

Microsoft က Windows Phone 8.1 မှာ ကိုယ်ရေးလက်ထောက် Cortana ကို ထည့်သွင်းမှာ ဖြစ်ပြီး Windows Phone 8.1 ရဲ့ အဓိက စွမ်းဆောင်ချက်အသစ်များ ထဲက တစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။ Cortana ရဲ့ စွမ်းဆောင်ချက်ကို ရိုက်ကူးထားတဲ့ ဗီဒီယို ကို UnleashThePhones.com ၀က်ဆိုက်က ပြသခဲ့တာဖြစ်ပြီး Microsoft က တရား၀င် ပြောကြားခြင်းမရှိသေးပါဘူး။

Apple ရဲ့ Siri နဲ့ Google ရဲ့ Google Now တို့ကို ယှဉ်ပြိုင်ဖို့ Cortana ကို တီထွင်ထားတာဖြစ်ပါတယ်။ Cortana က Code Name ဖြစ်ပြီး တကယ်ထွက်ရှိလာရင်တော့ အမည် တစ်မျိုးပြောင်းနိုင်ပါတယ်။ Cortana က ညာဏ်ရည်မြင့် ကိုယ်ရေးလက်ထောက်ဖြစ်ပြီး သိလိုတာတွေကို အသံနဲ့ မေးလို့ရသလို၊ အလုပ်တွေကိုလည်း အသံနဲ့ အမိန့်ပေးခိုင်းစေနိုင်ပါတယ်။ ဖုန်းကိုင်ဆောင်သူရဲ့ ဖုန်းသုံးစွဲတဲ့ အမူအကျင့်တွေကို မှတ်သားပေးနိုင်ပြီး မှန်ကန်တဲ့ အချိန်မှာ မှန်ကန်တဲ့ အလုပ်တွေကို အကြံပြုပြသပေးနိုင်တဲ့ Machine Learning နည်းပညာ ပါရှိပါတယ်။

ဗီဒီယို အရ Cortana ကို အသုံးပြုဖို့ Microsoft Account နဲ့ Sign in ၀င်ရမှာ ဖြစ်ပါတယ်။ Sign in ၀င်ပြီးရင် Bing Search Bar ကို နှိပ်လိုက်တာနဲ့ Cortana က သင့်အမိန့်တွေကို နာခံဖို့ အဆင်သင့်ဖြစ်ပါပြီ။ Cortana က ဖုန်းကိုင်ဆောင်သူရဲ့ နာမည်၊ နာမည်ပြောင် အပါအ၀င် မေးခွန်းတွေကို မေးမှာ ဖြစ်ပါတယ်။ နှစ်သက်မှု တွေကိုလည်း မေးမှာ ဖြစ်ပါတယ်။ ပြီးရင် Cortana က သူ့ကို ခိုင်းစေနိုင်တဲ့ Voice Command တွေကို ပြသပေးမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် “Wake me at 7 am” လို့ အသံနဲ့ အမိန့်ပေးလိုက်တာနဲ့ မနက် ၇ နာရီမှာ Alarm ပေးမှာ ဖြစ်ပါတယ်။

Cortana က အသုံးပြုသူရဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များ ကို မှတ်စု အနေနဲ့ သိမ်းပေးထားမှာဖြစ်ပါတယ်။Cortana ထည့်သွင်းထားတဲ့ Windows Phone 8.1 ကို ဖုန်းထုတ်လုပ်သူတွေဆီ မတ်လ နှောင်းပိုင်း ဒါမှမဟုတ် ဧပြီ မှာ ဖြန့်ချီမယ်လို့ မျှော်လင့်ရပါတယ်။ အခြား Windows Phone OS များမှာ Cortana ကို ထည့်သွင်းပေးမလားဆိုတာ ကို မသိရသေးပါဘူး။

Cortana ရဲ အလုပ်လုပ်ပုံ ကို အောက်က ဗီဒီယို မှာ ကြည့်နိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *