Mobile, Review

Samsung ရဲ့ Galaxy S4 Zoom

TV မှာ Samsung ရဲ့ Galaxy S4 Zoom ကြော်ငြာကို နေ့တိုင်း ကြည့်ဖူးကြမှာပါ။ အခု မြန်မာပြည် ဈေးကွက်မှာလည်း အဆိုပါ Galaxy S4 Zoom ကို၀ယ်ယူရရှိနိုင်ပြီပဲ ဖြစ်ပါတယ်။ Smart Phone တစ်လုံး အနေနဲ့သာမက ကင်မရာ ကောင်းကောင်း တစ်လုံး အနေနဲ့ပါ သုံးနိုင်တဲ့အပြင် Samsung ရဲ့မော်ဒယ်မြင့် Product ဖြစ်တဲ့အတွက် အသုံးတည့်ပြီး လူကြိုက် အလွန်များလျက် ရှိပါတယ်။ ဒါကြောင့်အခု Samsung Galaxy S4 ရဲ့ Feature လေးတွေနဲ့ ပုံတွေကိုပါ တင်ဆက်ပြသ ပေးလိုက်ပါတယ်။

10x Optical Zoom သာမက လက်မငြိမ်ပဲ ရိုက်လိုက်မိတဲ့ ပုံတွေကို ဝေဝါးခြင်း မရှိစေဖို့အတွက် Optical Image Stabilization (OIS) နဲ့ 16 megapixles Autofocus, Xenon Flash, Continuous Autofocus တွေပါ၀င်တဲ့ ကင်မရာကို တပ်ဆင် ပေးထားပါတယ်။ Dual-Core 1.5GHz Cortex-A9 CPU Processor, 1.5GB RAM နဲ့ Display ကတော့ 4.3 inches Super AMOLED Capacitive Touch Screenပဲ ဖြစ်ပါတယ်။


Quad-band GSM/GPRS/EDGE, HSPA/LTE Network တို့သာမက ဖုန်းတွင်း မှတ်ဉာဏ် 8GB ပါ၀င်ပါတယ်။ Micro SD ထပ်စိုက်နိုင်မှာ ဖြစ်ပြီးတော့ NFC စနစ်လည်း ပါ၀င် လာပါတယ်။ Bluetooth 4.0 နဲ့ ရှေ့ကင်မရာကို 1.9 MP သုံးထားပါတယ်။ အဆိုပါ ရှေ့ကင်မရာဟာ 720p အရည်အသွေးရှိတဲ့ Videoတွေ ရိုက်ကူးနိုင် ပါသေးတယ်။ သူ့ရဲ့ Main Camera ကတော့ 1080p အရည်အသွေးနဲ့ Video တွေကို Slow Motion နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။

MicroUSB ပါ၀င်လာပြီးတော့ 2330 mAh batteryကို တပ်ဆင်ထားပါတယ်။ မကြိုက်တဲ့ အချက်တွေကတော့ အဆိုပါ S4 Zoom ဟာ Smart Phone တစ်လုံးမှာ ရှိသင့်တဲ့ အထူထက် ပိုထူနေပြီးတော့ အရွယ်အစား ကြီးမားနေခြင်းပဲ ဖြစ်ပါတယ်။ ပြီးတော့ Screen ဟာလည်း HD မဟုတ်ပါဘူး။ FM Radio လည်း Default အနေနဲ့ ပါ၀င်လာခြင်း မရှိပါဘူး။ Amazon.com မှာတော့ ဒေါ်လာ ၅၂၀ခန့်ဖြင့် ၀ယ်ယူနိုင်ပါတယ်။

Ref: http://www.gsmarena.com/samsung_galaxy_s4_zoom-review-956.php

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *